ေနာက္ရည္းစားထားရမလားဆုိၿပီး ရည္းစားေဟာင္းက ဓားနဲ႔ အခ်က္ေပါင္းမ်ားစြာ ထိုး

ေနာက္ရည္းစားထားရမလားဆုိၿပီး ရည္းစားေဟာင္းက ဓားနဲ႔ အခ်က္ေပါင္းမ်ားစြာ ထိုး

ေနာက္ရည္းစားထားရမလားဆုိၿပီး ရည္းစားေဟာင္းက ဓားနဲ႔ အခ်က္ေပါင္းမ်ားစြာ ထိုးတာခ်ီလိတ္ၿမိဳ႕မွာ ဧည့္ႀကိဳဝန္ထမ္းအျဖစ္ လာေရာက္အလုပ္လုပ္ကိုင္ေနတဲ့ အမ်ိဳးသမီးတစ္ဦးကို ေနာက္ရည္းစားထားတယ္လုိ႔ဆုိတဲ့အေၾကာင္းျပခ်က္နဲ႔ ရည္းစားေဟာင္းျဖစ္သူ သန္းေဝက ဓားနဲ႔အခ်က္ေပါင္းမ်ားစြာ ထိုးခဲ့တယ္လုိ႔ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းကေန သိရပါတယ္။

မတ္လ (၁၄)ရက္ မနက္အေစာ (၁)နာရီခန္႔က ေဆးခမ္းရပ္ကြက္ထဲက တည္းခိုခန္းတစ္ခုမွာ ဧည့္ႀကိဳဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့မစုစုလိႈင္ထံ ပခုကၠဴၿမိဳ႕မွာေနတဲ့ ရည္းစားေဟာင္း သန္းေဝဆုိသူ ေရာက္လာၿပီး မစုစုလိႈင္ကို အတူတူအလုပ္တြဲလုပ္ေနသူ

ေအးမင္းထက္နဲ႔ ရည္းစားျဖစ္ေနသလားဟု ေမးတယ္လို႔ ရဲတပ္ဖြဲ႔ရဲ႕ စစ္ေဆးခ်က္အရသိရပါတယ္။အဲဒီလို ေမးျမန္ရာကေန စကားမ်ားၿပီး သန္းေဝက မစုစုလိႈင္ကို ဓားနဲ႔ အခ်က္ေပါင္းမ်ားစြာ ထိုးခဲ့တာေၾကာင့္ ဦးေခါင္းနဲ႔ရင္ဘတ္တုိ႔မွာ ဒဏ္ရာေတြရရွိခဲ့ၿပီး တာခ်ီလိတ္ခရုိင္ျပည္သူ႔ ေဆးရံုမွာ စိုးရိမ္ရလူနာအျဖစ္ တက္ေရာက္ကုသေနရတယ္လို႔ သိရပါတယ္။

ဓားနဲ႔ထုိးခဲ့သူ သန္းေဝကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွာ (ပ)၁၃၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ နဲ႔ အမႈဖြင့္ အေရးယူထားၿပီး ဖမ္းဆီးရမိေရးေဆာင္ရြက္လွ်က္ရွိတယ္လုိ႔ သိရပါတယ္။

သတင္း – ေရႊႀတိဂံေဒသသတင္း

[UNICODE FONT]

နောက်ရည်းစားထားရမလားဆိုပြီး ရည်းစားဟောင်းက ဓားနဲ့ အချက်ပေါင်းများစွာ ထိုးတာချီလိတ်မြို့မှာ ဧည့်ကြိုဝန်ထမ်းအဖြစ် လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို နောက်ရည်းစားထားတယ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရည်းစားဟောင်းဖြစ်သူ သန်းဝေက ဓားနဲ့အချက်ပေါင်းများစွာ ထိုးခဲ့တယ်လို့ တာချီလိတ်မြို့မ ရဲစခန်းကနေ သိရပါတယ်။

မတ်လ (၁၄)ရက် မနက်အစော (၁)နာရီခန့်က ဆေးခမ်းရပ်ကွက်ထဲက တည်းခိုခန်းတစ်ခုမှာ ဧည့်ကြိုဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့မစုစုလှိုင်ထံ ပခုက္ကူမြို့မှာနေတဲ့ ရည်းစားဟောင်း သန်းဝေဆိုသူ ရောက်လာပြီး မစုစုလှိုင်ကို အတူတူအလုပ်တွဲလုပ်နေသူ

အေးမင်းထက်နဲ့ ရည်းစားဖြစ်နေသလားဟု မေးတယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရသိရပါတယ်။အဲဒီလို မေးမြန်ရာကနေ စကားများပြီး သန်းဝေက မစုစုလှိုင်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တာကြောင့် ဦးခေါင်းနဲ့ရင်ဘတ်တို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံမှာ စိုးရိမ်ရလူနာအဖြစ် တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။

ဓားနဲ့ထိုးခဲ့သူ သန်းဝေကို တာချီလိတ်မြို့မရဲစခန်းမှာ (ပ)၁၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့် အရေးယူထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

သတင်း – ရွှေတြိဂံဒေသသတင်း

Comments are closed.