မင်းသားနေတိုးရဲ့ အခွီ Behind The Scenes ဗီဒီယို

မင်းသားနေတိုးရဲ့ အခွီ Behind The Scenes ဗီဒီယို

မြန်မာနိုင်ငံရဲ့ နာမည်ကျော်မင်းသား တယောက်ဖြစ်တဲ့ နေတိုးကတော့ ပြီးခဲ့တဲ့ နှစ်ကပဲ သူ့ကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ Story Book Studio ကိုတော့ ပရိသတ်တွေ သတိထားမိကြမှာပါ။ မြန်မာနိုင်ငံမှာတော်တော်လေးကို ပြည့်စုံတဲ့ အနေအထားမှာရှိတဲ့ Studio တခုဖြစ်ပြီး ငွေကြေးအကုန်အကျလည်း အများကြီး သုံးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေတိုးဟာ သူ့ကိုယ်ပိုင် Studio မှာတော့ ရုပ်ရှင်တွေ ကြော်ငြာတွေ MTV တွေရိုက်နေတာကို လက်ခံနေပြီး သူကိုယ်တိုင်လည်း ကြော်ငြာတွေ ရိုက်နေတာကို တွေ့ရပါတယ်။

နေတိုးကတော့ သူ့ Studio မှာရိုက်ထားတဲ့ Mytel ကြော်ငြာသီချင်းကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကို နေတိုးက သူ့ Story Book Studio မှာရိုက်ထားတဲ့ ကြော်ငြာလေးကို တင်ထားတာ ဖြစ်ပါတယ်။ ထို့နောက် ပရိသတ်တွေပိုပြီး စိတ်ဝင်စားနေတာကတော့ ဒီ Mytel ကြော်ငြာရဲ့ Behind The Scenes ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ အဆင့်မြင့်နည်းပညာတွေ သုံးထားတာကိုလည်း တွေ့ရပါတယ်။

ဒီဗီဒီယိုလေးကတော့ ကြော်ငြာဗီဒီယိုထက် ပိုပြီးတော့ ရီနေရပြီး ပရိသတ်အကြိုက်တွေ့ခဲ့တာ ဖြစ်ပါတယ်။ မင်းသားနေတိုးကတော့ အောင်မြင်တဲ့မင်းသားတယောက်ဖြစ်သလို ဒီလိုမျိုး အခွီလေးတွေ လုပ်တဲ့နေရာမှာလည်း တော်တော်လေးကို ပိုင်နိုင်တဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။

ဒီကြော်ငြာသီချင်းလေးကတော့ တခါကြားလိုက်ရုံနဲ့ ပရိသတ်တွေနားထဲမှာ ဆွဲနေလောက်မယ် ထင်ပါတယ်။ နေတိုးရဲ့ ခွီနေရတဲ့ Behind The Scenes ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဗီဒီယိုလေးက ဘယ်လိုတောင် ခွီနေရလည်းဆိုတာကို ကြည့်လိုက်ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.