ညဘက်အိမ်မှာမရှိရအောင် ဘာလုပ်စားလဲလို့မေးခံရတဲ့ ပိုင်ဖြိုးသု

ညဘက်အိမ်မှာမရှိရအောင် ဘာလုပ်စားလဲလို့မေးခံရတဲ့ ပိုင်ဖြိုးသု

ပိုင်ဖြိုးသုဟာ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်သလို ဒီနှစ်အကယ်ဒမီပေးပွဲမှာလည်း “မီ”ဇာတ်ကားနဲ့ အကယ်ဒမီတစ်ကြိုစာရင်းမှာပါဝင်နေသူတစ်ဦးဖြစ်ပါတယ်။ အနုပညာလောကထဲမှာ နာမည်ပျက်မရှိ၊အနေအထိုင်အမှားအယွင်းတစ်ချက်မှမရှိတဲ့ ပိုင်ဖြိုးသုဟာ မိန်းကလေးတွေရဲ့စံထားလေးစားရတဲ့မင်းသမီးတစ်လက်လည်းဖြစ်မှန်းမသိဖြစ်လာတာအချိန်တွေကြာခဲ့ပြီလို့ဆိုရမှာပါ။ ပိုင်ဖြိုးသုက မကြာသေးမီက ကျင်းပခဲ့တဲ့ သာယာလှပသောအမျိုးသမီးဘဝပိုင်ဆိုင်ဖို့ဆွေးနွေးပွဲမှာ ဒါရိုက်တာ ခရစ်စတီးနားခီနဲ့အတူ ဝင်ရောက်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ အဲဒီမှာ ပိုင်ဖြိုးသုက မိန်ကလေးတွေကိုလူ့ပတ်ဝန်းကျင်က စည်းတွေဘောင်တွေခတ်ပြီးကြည့်ကြကြောင်းကို ကိုယ်တွေ့အတွေ့အကြုံနဲ့ပြောပြသွားခဲ့ပါတယ်။

ပိုင်ဖြိုးသုက မင်းသမီးဖြစ်တာကြောင့် ညလုံးပေါက်ရုပ်ရှင်ရိုက်ရတာတွေလည်းရှိကြောင်း “သုသုတို့က နိုင်ငံခြားမှာလို စတူဒီယိုအကြီးကြီးတွေနဲ့ ညကိုနေ့ နေ့ကိုည ပြောင်းလိုက်နိုင်တဲ့ဟာမျိုးမဟုတ်ဘူး။ အဲ့တော့ သုသုဆို ညအရမ်းမိုးချုပ်ရိုက်ရတယ်။ ညမိုးချုပ်မဟုတ်ပါဘူး။ တစ်ခါတစ်လေကျရင် မနက်ပါမိုးလင်းသွားတာတွေရိုက်ရတယ်”လို့ ပြောပြထားပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ဝေဖန်ခံရလို့ မိသားစုဝင်တွေပါ စိတ်အနှောက်အယှက်ဖြစ်ရကြောင်း “မှတ်မှတ်ရရ သုသု မင်းသမီးစဖြစ်ခါစပေါ့နော်။ စိုင်းစိုင်းကိုချစ်တယ်တို့ဘာတို့ ထွက်ခါစ၊ သုသု night scene သွားရိုက်ရတယ်။ အဲဒီမှာ သုသုအိမ်ဖုန်းကိုဘယ်လိုရသွားလဲမသိဘူး။ ပရိသတ်တစ်ယောက်ဆက်တယ်။ သုသုက ည ဆယ့်တစ်လောက်မှာ အိမ်ပြန်မရောက်သေးဘူး။ အိမ်ပြန်ရောက်တော့ အမေကပြောတယ်။ ဖုန်းဆက်တယ်တဲ့ ပရိသတ်လို့ပြောတယ်တဲ့။မေမေက စိတ်တွေဆိုးနေတာပေါ့နော်။ နင်ဒီအလုပ်ကိုမလုပ်ရင်လည်းမလုပ်နဲ့တော့တဲ့ဘာလို့လဲဆိုတော့ လူတွေကဝေဖန်ကြတယ်ပေါ့နော်”လို့ ရင်ဖွင့်ထားပါသေးတယ်။

အဲဒီပရိသတ်က နစ်နစ်နာနာတွေလည်းမေးသွားကြောင်းသုသုက “မေမေကပြောတာပေါ့နော်။ သမီးက night scene သွားရိုက်နေတယ်ဆိုတော့ ဒီမင်းသမီးကလဲ မြန်မာမိန်းကလေးဖြစ်ပြီးတော့ ဒီအချိန် အိမ်မပြန်ဘူးဆိုတော့ သူက ဘာအလုပ်လုပ်စားတာမို့လို့လဲတဲ့။အဲ့လိုမျိုးလေ သူတို့စိတ်ထဲမှာ မိန်းကလေးတွေကို နစ်နစ်နာနာကိုတွေးလိုက်ကြတာလေ။ မိန်းကလေးတစ်ယောက်က သူ့ carrier အရ သူအလုပ်လုပ်ရတယ်။ အမှန်သွားတဲ့အချိန်မှာ ကိုယ့်အဖေလိုဦးလေးလိုတစ်သက်လုံးစောင့်ရှောက်လာတဲ့ ကားဆရာကြီးလည်းပါတယ်။ ကိုယ့်နောက်အမြဲတမ်းလိုက်နေတဲ့ မိတ်ကပ်ဆရာမလည်းပါတယ်။ အဲ့လိုအများကြီးနဲ့ ကိုယ့်လူတွေနဲ့ကိုယ်သွားတာ”လို့ ရင်ဖွင့်ပြောပြထားပါတယ်။ ပရိသတ်တွေကတော့ သူတို့ချစ်တဲ့မင်းသမီးကိုဒီလိုမေးရပါ့မလားလို့စိတ်ဆိုးနေကြပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.