ဗွီဒီယိုကားကို ကျွန်တော်စရိုက်ခဲ့တာပါ ဆိုတဲ့ မင်းသားကြီးနေအောင်

ဗွီဒီယိုကားကို ကျွန်တော်စရိုက်ခဲ့တာပါ ဆိုတဲ့ မင်းသားကြီးနေအောင်

သင်္ကြန်မိုး ၊ ပန်းမြိုင်လယ်ကဥယျာဉ်မှူးစတဲ့နာမည်ကြီးရုပ်ရှင်ကားတွေမကား တခြားရုပ်ရှင်နဲ့ဗွီဒီယိုကားတွေမှာပါ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဦးနေအောင်ကတော့ Sunday မီဒီယာနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။

နေရွှေသွေးအောင်နဲ့MTVရိုက်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး “ သားတို့က ဒါလေးကိုရိုက်ပေးဖို့လာကမ်းလှမ်းတာနဲ့ရိုက်ဖြစ်သွားတာပါ ကျန်တာတော့ထွေထွေထူးထူးဘာမှမရှိပါဘူး ။တကယ်ကို သူတို့ကလည်းကိုယ်နဲ့ရင်းနီးကြတယ်ဆိုတော့ရိုက်ဖြစ်သွားတာပါ ။ကျွန်တော့ကိုလာငှားရင်တော့ ရိုက်မှာပေါ့ ။မငှားရင်တော့မရိုက်ဖူးပေါ့။သူတို့မှမကမ်းလှမ်းရင်ကျွန်တော်မရိုက်နိုင်ဘူးလေ။ ကမ်းလှမ်းလာရုံနဲ့တော့ မရိုက်ဘူးပေါ့နော် ဇာတ်ကလေးအသွားအလာလေးနဲ့ဘယ်လိုလုပ်ရမလဲဘာညာနဲ့ကြည့်ရတာပေါ့။ နိုင်ငံခြားကလည်းသရုပ်ဆောင်တာကောင်းတယ်လေအဲ့ဒါနဲ့ရိုက်ကြမယ်ဆိုပြီးရိုက်ဖြစ်သွားတာပါ။”ဆိုပြီးပြောပြသွားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့ရုပ်ရှင်ပေါ်မှာ သူရဲ့အမြင်ကို “ရုပ်ရှင်ကအခုကောင်းလာပြီပဲ ၊ကောင်းကောင်းရိုက်ဖို့လိုတယ်ဒါပါပဲ ။

ဗွီဒီယို ဈေးကွက်ပျက်သွားတယ်လို့သူတို့ပြောတာပဲ။ ကျွန်တော်လည်းမသိဘူး ။ ကျွန်တော်တို့ကဗွီဒီယိုလည်းရိုက်တယ်။ ဗွီဒီယိုကိုပထမဦးဆုံးရိုက်ခဲ့တာကျွန်တော်ပဲနောက်မှ လူတွေကရုပ်ရှင်နဲ့ဗွီဒီယိုမတူဘူးဆိုပြီးပြောကြတာ။ နောက်တော့သူတို့ချည်းပဲရိုက်ကြတာပါပဲ။ သရုပ်ဆောင်အတတ်ပညာဟာဗွီဒီယိုပဲဖြစ်ဖြစ်ဒီဗီဒီပဲဖြစ်ဖြစ်Movie ပဲဖြစ်ဖြစ် All of the same”လို့ပြောပြသွားပြီးဇာတ်လမ်းတွဲတွေအပေါ်မှာလည်း“ဇာတ်လမ်းတွဲလည်းကျွန်တော်အရင်ဆုံးစရိုက်တာပဲ Forever Mandalay”ဆိုပြီးပြောပြသွားခဲ့ရုံတင်မကပဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ပရိသတ်တွေကို ကျေးဇူးဆပ်ခွင့်ကြုံလာတဲ့အချိန်မှာ ကျေးဇူးဆပ်ကိုဆပ်မှာပါဆိုပြီးတော့လည်းကတိပေးသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.