မတူညီတဲ့မျိုးစိတ်တွေအပေါ်မှာတောင် မိခင်မေတ္တာပြည့်ဝတဲ့ ကြက်မကြီး

မတူညီတဲ့မျိုးစိတ်တွေအပေါ်မှာတောင် မိခင်မေတ္တာပြည့်ဝတဲ့ ကြက်မကြီး

မိခင်မေတ္တာနဲ့ပတ်သက်လာရင် “ကြက်သားအုပ်မကြီးက သူ့ကလေးတွေကို စောင့်ရှောက်သလို” လို့ ခိုင်းနှိုင်းတဲ့ စကားတစ်ရပ်ဟာ ဘယ်နိုင်ငံမှာမဆို ထင်ရှားပါတယ်။ ကြက်မတွေဟာ သူတို့ရဲ့ ရင်သွေးတွေကို ဥပြီးရုံနဲ့ မပြီးဘဲ အကောင်ပေါက်လာတဲ့ထိ ဝပ်ပေးရသလို အရွယ်မရောက်ခင်မှာလည်း ရင်အုပ်မကွာ စောင့်ရှောက်ကြတာကို ကြည့်ပြီး ဒီစကားဖြစ်ပေါ်လာတယ်လို့ ထင်ရတယ်။ ပြောချင်လွန်းလို့ တို့အတွက် အခုတစ်ခါတော့ ကြက်တွေရဲ့ မျိုးမတူတဲ့ သတ္တဝါတွေကိုတောင် ထားတဲ့ မိခင်မေတ္တာအား ဖော်ပြနေတဲ့ ဓါတ်ပုံတွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

၁. ခွေးပေါက်လေးတွေကို သူ့ရင်သွေးအမှတ်နဲ့ အုပ်မိုးကာကွယ်ပေးနေပုံပါ။ သူ့ရင်သွေးအစစ်မဟုတ်ပေမယ့် ပါပီလေးတွေကို လာထိရင် ချက်ချင်းတုံ့ပြန်တာကို ခံရမှာသေချာပါတယ်။

၂. မျိုးမတူတဲ့ ကြောင်လေးတွေကို မိခင်မေတ္တာအပြည့်နဲ့ အုပ်မိုးအနွေးဓါတ်ပေးနေတာကို တွေ့ရမှာပါ။ သူတို့ဟာ ဥထဲကပေါက်စအရွယ်နဲ့ တူညီတဲ့ ဘယ်လိုသတ္တဝါကိုမဆို မေတ္တာထားမှာပဲဆိုတာ မြင်တွေ့ရပါတယ်။

၃. မိခင်မေတ္တာကို အစားထိုးရပြီး ငြိမ်းချမ်းစွာအိပ်စက်နေတဲ့ ပါပီလေးနဲ့ သူ့ကိုစောင့်ရှောက်နေတဲ့ မွေးစားအမေတို့ကို တွေ့ရမှာပါ။ ဘယ်သတ္တဝါပဲဖြစ်ဖြစ် မိခင်မေတ္တာပေးတဲ့သူရဲ့နားမှာ အိပ်စက်ရတာဟာ အလုံခြုံဆုံးပဲလို့ တွေးမိစေတယ်။

၎. ဒီပုံကတော့ သဘာဝအကျဆုံးပုံပါပဲ။ ကြောင်ပေါက်လေးတွေကို အပြည့်အဝကာကွယ်ပေးထားတဲ့ ပုံကို တွေ့ရမှာပါ။

၅. ဒီဖြစ်ရပ်မျိုးကတော့ ပုံပြင်တွေထဲမှာလည်း မကြာခဏတွေ့ဖူးမှာပါ။ ဘဲတွေဟာ ကြက်တွေလိုမဟုတ်ဘဲ တွေ့တဲ့နေရာမှာ ဥချပြီးရင် သူတို့တာဝန်ကြေပြီလို့ ထင်တဲ့အမျိုးဖြစ်ပြီး ဘဲဥတွေကို ရံဖန်ရံခါမှာ ကြက်တွေက ဝင်ဥပေးလေ့ရှိပါတယ်။ ပေါက်လာတဲ့ အကောင်တွေကိုလည်း သူတို့ရင်သွေးတွေလိုပဲ ထိန်းကြောင်းပေးလေ့ ရှိတာကို တွေ့ရတယ်။

၆. သတ္တဝါမရွေး ရင်သွေးအရွယ်ဆိုရင် မေတ္တာဓါတ်ပေးတတ်တဲ့ ကြက်တွေဟာ တကယ်တော့ ဘန်းစကားမှာ လှောင်ပြောင်စရာဖြစ်ပေမယ့် သူတို့ရဲ့ မေတ္တာဓါတ်ကို အသိအမှတ်ပြုခံရတဲ့နေရာမှာလည်း တစ်ကမ္ဘာလုံးမှာ အတူတူပါပဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.