ဗွီဒီယိုဈေးကွက်က ကျွန်တော့်အတွက်မပျက်သေးဘူးဆိုတဲ့ နေထူးနိုင်

ဗွီဒီယိုဈေးကွက်က ကျွန်တော့်အတွက်မပျက်သေးဘူးဆိုတဲ့ နေထူးနိုင်

လူစွမ်းကောင်းဇာတ်ရုပ်တွေနဲ့မြန်မာ့ဗွီဒီယိုလောကရဲ့စတားတစ်ဦးဖြစ်ပြီး အွန်လိုင်းပေါ်က စူပါဟီးရိုးဖန်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သရုပ်ဆောင်နေထူးနိုင် ကတော့ သူရဲ့အနုပညာအလုပ်တွေကို လစ်ဟင်းမခံဘဲလုပ်စရာရှိတာတွေကိုပဲ တစ်စိုက်မတ်မတ်လုပ်နေတဲ့သူတစ်ဦးပါ။ သူနဲ့8Daysရဲ့အင်တာဗျူးတစ်ခုမှာ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေ သိရအောင်ပြန်ပြောပြပါရစေ။

ရှေ့လျှောက်ပြီးဘာတွေလုပ်ဖို့ရှိနေသေးတယ်ဆိုတဲ့အကြောင်းတွေကို “နောက်ဆိုရင်ဘာလုပ်ဖြစ်မလဲဆိုတော့ လုပ်ချင်တာတွေကအများကြီး ဒါရိုက်တာလည်းရိုက်မယ် ။ ရုပ်ရှင်ကားကြီးတွေမှာလိုအပ်လို့PD(Production Director) ခေါ်ရင်လည်းလုပ်မယ်။ ပြီးရင်မင်းသားဆိုရင်လည်းလုပ်မယ်။ ပြီးတော့ ကျွန်တော် အက်ရှင်စတန့်တွေကိုလည်းမွေးထုတ်ပေးနေတယ်။ ရုပ်ရှင်ကားတွေမှာပဲဖြစ်ဖြစ် ဗွီဒီယိုကားတွေမှာပဲဖြစ်ဖြစ် Wire Work ပေါ့ ကြိုးတွေဆွဲတာတွေ။ ကျွန်တော်ကြိုးတွေအားလုံးကို ဒီမှာလုပ်ပေးနေတယ်။ တော်တော်များ ရုပ်ရှင်ကားဆိုရင် ကျွန်တော်ထင်တယ် ၁၀ကားလောက်တော့ရှိပြီ။ ကျွန်တော်တို့ကိုငှားရင်ကျွန်တော်တို့လုပ်ပေးတယ်။ Wire Work ကတော့ကျွန်တော်က အက်ရှင်တွေရိုက်အောင်လို့ဆိုပြီးရည်ရွယ်ထားတာပေါ့ ဒါပေမယ့် သရဲကားတွေပဲလုပ်ရတာများပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။

ဗွီဒီယိုဈေးကွက်အပေါ်မှာသူရဲ့အမြင်ကိုလည်း “ သူများတွေပျက်မပျက်တော့မသိဘူး ကျွန်တော့်အတွက်တော့မပျက်သေးဘူးဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ပုံမှန်တစ်လကိုသုံးကားလောက်ထိ ကျွန်တော်အခုချိန်ထိရိုက်တုန်းပဲ ဒီလကတော့ဒီကားကြီးကို PDလုပ်တဲ့အတွက် ကျွန်တော်တစ်လလုံးနားပြီးတော့ ဒီဇာတ်ထဲမှာပဲနှစ်မြုပ်ပြီးတော့လုပ်တဲ့အတွက် သုံးလပိုင်းတစ်လလုံးကနားတာ။ လေးလပိုင်းလဆန်းလောက်မှာ ကျွန်တော်တကားလောက်ရိုက်မယ်။ ပြီးရင်သင်္ကြန်ကျမယ်ပြီးတော့မှပဲ ကျွန်တော်ဗွီဒီယိုပြန်ရိုက်မယ်။

နောက်ပိုင်းဇာတ်ရုပ်တွေကိုဘယ်လိုပြင်ဆင်လဲဆိုတဲ့မေးခွန်းကိုတော့ “နောက်ပိုင်းက ကျွန်တော်ဇာတ်ရုပ်တွေထက် ဇာတ်ကိုပိုကောင်းအောင်ပြင်ဆင်ဖြစ်တယ် ။ပြီးတော့ Location မထပ်အောင်ကျွန်တော်ရိုက်ကွင်းတွေကိုကျွန်တော်သေချာလေ့လာပြီးတော့ရိုက်တယ်။ပြီးရင်ဆက်တင်တွေပေါ့။ အဓိက ကကျနော်PDလုပ်လာပြီဆိုတော့ ကျွန်တော့ဇာတ်ဝင်ခန်းတွေမှာလည်း အဲ့ဒီလိုပေါ့ ဆက်တင်နဲ့ထိုးတဲ့ဖိုက်တင်ပုံစံမျိုးတွေကျွန်တော်ပြောင်းလာမယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။ နောက်ပြီးတော့ သူကပရိသတ်ရဲ့ဝေဖန်သံတွေကိုနားထောင်ပြီးအမြဲပြင်ဆင်နေတတ်တဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုလည်းပြောပြသွားခဲ့ပါသေးတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.