တစ်ကားလုံးရယ်ရအောင်ရိုက်တဲ့ ဟာသကားတွေကိုဝေဖန်လိုက်တဲ့ကျော်ရဲအောင်

တစ်ကားလုံးရယ်ရအောင်ရိုက်တဲ့ ဟာသကားတွေကိုဝေဖန်လိုက်တဲ့ကျော်ရဲအောင်

နောက်ပိုင်းရုပ်ရှင်တွေမှာ ပရိသတ်နဲ့သိပ်ပြီးထိတွေ့မှုနည်းသွားတဲ့ မင်းသားကြီးကျော်ရဲအောင် က ဟာသကားတွေဆက်တိုက်ရိုက်ကူးနေတဲ့အပေါ်မှာရှိနေတဲ့သူ့အမြင်တွေကို Pan Pwint မီဒီယာ နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတာရှိပါတယ်။အဲ့ဒီလိုသူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့မိတ်ဆွေတွေအတွက်ပြောပြပေးလိုက်ပါတယ်။

လှပ်၍လွင့်သောဇာတ်ကားနဲ့ပတ်သတ်ပြီး “ကျနော်ခင်ဝင့်ဝါအက်တင်ကြိုက်တယ်။ ဒီကောင်မလေးမဆိုးဘူး ကျန်တဲ့သူတွေလည်းကောင်းပါတယ် ။ ဖွေးဖွေးလည်းကောင်းပါတယ်။ မမို့လည်းကောင်းတယ်အကုန်လုံးကောင်းပါတယ်။ ဆိုပြီးပြောသွားခဲ့ပြီးသူရဲ့လှုပ်ရှားမှုတွေကို နောက်ပိုင်းကတော့ ဟာသသိပ်မရှိတော့ဘူး ။ ဒရာမာလည်းမရှိတော့ဘူး။ ဘာကားမှမရှိတော့ဘူး။ကိုနိုင်ရိုက်ထားတာအရမ်းနည်းတယ်။ အခုမှအခြေကောင်းလို့နည်းနည်းပြန်ရိုက်ဖြစ်တယ်။ အသက်ကကြီးပြီးဆိုတော့ကောင်းတာလေးတွေပဲရိုက်ပြချင်တယ်။ ဒရာမာ မြင်ချင်တယ်ဆိုတာက ပရိသတ်တောင်းဆိုတာနဲ့လုပ်ကြတာ ။ ဟာသဆိုလည်းဟာသဟာသနဲ့ဟာသနေကြတာလေ။ အခုမှနည်းနည်းဇာတ်လမ်းတွေခမ်းခမ်းနားနား ပြန်ရိုက်နေကြတာ အဲ့ဒီအတွက်လည်း ကျနော်ကိုယ်တိုင်လည်းဝမ်းသာပါတယ်။ လုပ်ရတာလည်းကောင်းပါတယ်။ ဟာသတွေချည်းပဲကျတော့လည်း ပေါ့ပျက်ပျက်တွေဖြစ်လည်းဖြစ်လာတယ် လူပါပေါ့လာတယ်။ ကျနော်ကြည့်တဲ့ပရိသတ်တွေကိုလည်းမပေါ့စေချင်ဘူး ။တစ်ခုခုရသွားစေချင်တာပေါ့ အဲ့ဒီလိုကားမျိုးရိုက်ရင်တော့ ကျနော်တို့လည်းဂုဏ်ရှိတယ်ဗျ။ ကျနော်တို့အတွက်ကျတော့ ဝမ်းရေးလည်းဝမ်းရေးအနုပညာတွေလည်းလုပ်နေရတာဆိုတော့ သိပ်ရွေးချယ်လို့မကောင်းဘူးဗျ။ မရိုက်ရင်လည်းအဲ့ဒီအတိုင်းနေလိုက်ပေါ့။ မရိုက်ရင်ငတ်ပေါ့ ဒါပဲ။

ဟာသရိုက်တဲ့ အပေါ်မှာသူရဲ့အမြင်ကိုလည်း “ဟာသကအပွင့်လင်းဆုံးပြောရရင်မရိုက်နဲ့လို့ပြောတာမဟုတ်ဘူး ကားတစ်ကားမှာ ဟာသက ပါသင့်ရင်ပါရမှာပဲ သူ့ဟာနဲ့စသူမျှမျှတတလေးဖြစ်ရင်ကောင်းတာပေါ့ တကားလုံးတဝေါဝေါရယ်နေရင်လည်းရယ်တာပဲအဖတ်တင်မယ်လေကျနော်ပြောရတာက ။ ရယ်တဲ့အခါမှာလည်းအကျိုးရှိတဲ့ ရယ်နည်းမျိုးဆိုရင်တော့ကောင်းတာပေါ့ ။အကျိုးမရှိတဲ့ရယ်နည်းမျိုးဆိုရင်တော့မကောင်းဘူးပေါ့ ကျနော်ပေးတဲ့မက်ဆေ့အတွက်လည်းမကောင်းဘူး။ ယူတဲ့သူအတွက်လည်းမကောင်းဘူး။အဲ့ဒီတော့ပေးတဲ့သူကလည်းပေးတတ်ဖို့လိုတယ်။ ယူတဲ့သူကလည်းယူတတ်ဖို့လိုတယ်။”ဆိုပြီးပြောပြသွားခဲ့ရုံမက အကယ်ဒမီနဲ့ပတ်သတ် ပြီးတော့လည်း တော်တဲ့သူတွေရစေချင်ပါတယ်။ အကယ်ဒမီကိုလည်းတန်ဖိုးရှိစေချင်တယ်။ အကယ်ဒမီက ဘယ်လိုတန်ဖိုးရှိစေချင်လဲဆိုတော့ ထိုက်ထိုက်တန်တန်ပေးတဲ့ဆုမျိုးကို ရသင့်တဲ့သူကိုရစေချင်ပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.