သရဲခေါ်သူတွေ ကူညီမှ ပျောက်ဆုံးနေတဲ့ ဖခင်ရဲ့ အရိုးစုကို မြေအောက်ခန်းမှာ ရှာဖွေတွေ့ရှိတဲ့ ဖြစ်ရပ်ဆန်း

သရဲခေါ်သူတွေ ကူညီမှ ပျောက်ဆုံးနေတဲ့ ဖခင်ရဲ့ အရိုးစုကို မြေအောက်ခန်းမှာ ရှာဖွေတွေ့ရှိတဲ့ ဖြစ်ရပ်ဆန်း

နယူးယောက်က အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ဖခင်ဖြစ်သူ နှစ်ရှည်လများ ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး အဖြေရဖို့ နောက်ဆုံးမှာ တစ္ဆေလိုက်မုဆိုးနဲ့ နာနာဘာဝသုတေသနပြုတဲ့ အဖွဲ့ကို ငှားရမ်းအကူအညီ တောင်းလိုက်တော့မှာ မြေအောက်ခန်းမှာ သူ့ ဖခင်ရဲ့ အရိုးစုကို ရှာဖွေတွေ့ရှိလိုက် ရပါတော့တယ်။လောင်းအိုင်လန်အရပ်က အသက် ၅၇ နှစ်အရွယ် မိုက်ကော်ရိုးဆိုသူဟာ သူ့ဖခင် ဂျော့ခ်ျကော်ရိုးနဲ့ ပတ်သက်ပြီး ဘာတွေများ ဖြစ်ပျက်ကြုံတွေ့ခဲ့သလဲဆိုတာကို အမြဲတမ်း စဉ်းစားမရ ဖြစ်နေတာပါ။ ၁၉၆၁ ခုနှစ်က စီးကရက် သွားဝယ်တာကနေ အိမ်ကို ပြန်ရောက်လာခြင်း မရှိဘဲ လုံးလုံး စုံးစမြုပ်စ ပျောက်ဆုံးသွားတဲ့ ဖခင်အတွက် စဉ်းစားလို့ မရ ဖြစ်နေခဲ့ရတာပါ။

ဒီ ပြဿနာအတွက် နောက်ဆုံးမှာ မြန်မာလို ပယောဂဆရာ ဒါမှ မဟုတ် သရဲခေါ်သူတွေလို့ ဆိုရမယ့် တစ္ဆေလိုက်မုဆိုးနဲ့ နာနာဘာဝသုတေသန ပြုလုပ်တဲ့ အဖွဲ့ကို ငှားရမ်း အကူအညီ တောင်းခဲ့တာ ဖြစ်ပါတယ်။

မိုက်ဟာ သူတို့အိမ် မြေအောက်ခန်းမှာ အငွေ့အသက် တစ်ခုခု သူ့ဆီ ရောက်ရောက်လာတယ်လို့ ခံစားနေရကြောင်း အဲဒီ အဖွဲ့ကို ပြောပြပါတယ်။ ဒီနောက်မှာတော့ မိုက်နဲ့ သူ့သား နှစ်ဦးဟာ အရိုးစုကို မြေအောက်ခန်း အင်္ဂတေကြမ်းခင်းအောက်မှာ တွေ့ရှိတော့ပဲ ဖြစ်ပါတယ်။တာဝန်ရှိသူတွေကလည်း ဒီအရိုးစုဟာ သူတို့ မိသားစုဝင်ဖြစ်ကြောင်း ပြောပါတယ်။ “ဒီလို ရှာတွေ့ရတာအတွက် စိတ်အေးသွားရတာပေါ့။ တွေ့လိုက်ချိန်မှာ တော်တော်လေး အံ့သြသွားရတယ်။”လို့ မိုက်က ပြောပါတယ်။

မိုက် ရှစ်လသား အရွယ်ကတည်းက ပျောက်သွားတဲ့ ဖခင်ဖြစ်သူ ဂျော့ခ်ျရဲ့ အရိုးစုကို အင်္ဂတေ ကြမ်းခင်းအောက်မှာ တွေ့တာဖြစ်ပြီး အလောင်းကိုမြုပ်လို့ ကွန်ဂရစ်လောင်းခဲ့တာ ဖြစ်မယ်လို့ ယူဆရပုံ ရှိနေပါတတယ်။ဖခင်ဖြစ်သူ ဂျော့ခ်ျ သေဆုံးရပုံကိုလည်း တစ္ဆေလိုက်မုဆိုးအဖွဲ့က မိုက်ကို ပြောပြပါတယ်။ “သူတို့ထဲက ခေါင်းဆောင် အမျိုးသမီးက ကျွန်တော်ကို ပြောပါတယ်။ ပိုက်လုံးတစ်ခုခုနဲ့ ခေါင်းကို အရိုက်ခံရတာဖြစ်ပြီး အရှင်လတ်လတ် ကွန်ဂရစ်လောင်း မြုပ်နှံထားခံရတာလို့ ပြောပြပါတယ်။”လို့ မိုက်က ဆိုပါတယ်။

အောက်တိုဘာ ၃၁ ရက် ဟော်လိုဝင်းနေ့မှာ တူးဖော်တွေ့ရှိတဲ့ ရုပ်အလောင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက တုံးသော အရာတစ်ခုနဲ့ အရိုက်ခံရတာလို့ ယူဆကြောင်း စစ်ဆေးမှုတွေ ပြုလုပ်အပြီး ပြီးခဲ့တဲ့ လအတွင်းမှာ ပြောထားပါတယ်။အရိုးစုကို ပြန်တွေ့ရပြီ ဖြစ်ပေမယ့်လည်း ဂျော့ခ်ျကို သတ်ဖြတ်ပြီး ရုပ်အလောင်းကို ခုလို မြုပ်နှံခဲ့တဲ့ တရားခံကို သိရှိဖို့တော့ နှစ်တွေ ကြာပြီမို ဖြစ်နိုင်ခြေနည်းကြောင်း ရဲက ပြောခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.