CNN ရဲ႕တစ္​နွစ္​တာ လူစြမ္​းေကာင္​းဆုကုိ ရရွိသြားတဲ့ နွလုံးလွဆရာဝန္​

CNN ရဲ႕တစ္​နွစ္​တာ လူစြမ္​းေကာင္​းဆုကုိ ရရွိသြားတဲ့ နွလုံးလွဆရာဝန္​

ႏွလုံးလွ ဆရာဝန္ဆိုတာ နာမည္ပဲ ၾကားဖူးေပမဲ့ ဒါကို တကယ္တမ္း သက္ေသျပႏိုင္သူက ေဒါက္တာ ရီကာဒို ပြန္ခ်ဳန္း (Ricardo Pun-Chong) ျဖစ္ပါတယ္။ ေဝးလံေခါင္ဖ်ားတဲ့ ေက်းလက္ေဒသေတြကေန ပီ႐ူးႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ Lima ထိလာေရာက္ၿပီး ေဆးကုသမႈ ခံယူေနတဲ့ ကေလးငယ္ေတြနဲ႔ မိဘေတြရဲ႕ ေမၽွာ္လင့္ခ်က္ ေရာင္ျခည္ကေတာ့ ေဒါက္တာ ရီကာဒို တစ္ေယာက္ပါပဲ။

ဒီ မိသားစု ေတြက ေတာင္တန္းေတြကိုေက်ာ္ ျမစ္ကိုျဖတ္ၿပီး အႏၲရာယ္မ်ားတဲ့ လမ္းမေတြကေန လာေရာက္ၿပီး ေဆးကုသမႈ ခံယူၾကရပါတယ္။ အိမ္နဲ႔ေဝးတဲ့အရပ္ကို လာေရာက္ၾကတဲ့အခါ တည္းခိုခန္းခ မတတ္ႏိုင္တဲ့အတြက္ ေဆး႐ုံၾကမ္းျပင္ေပၚမွာပဲ ေကြးေကြးေလး အိပ္ၾကရတဲ့ လူနာရွင္ေတြကို ျမင္ေတာ့ ေဒါက္တာတစ္ေယာက္ စိတ္မေကာင္း ျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ ဒီမိသားစုေတြအတြက္ တစ္ခုခု လုပ္ေပးႏိုင္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

နာမက်န္းကေလးငယ္ေတြ ေဆးကုသမႈ ခံယူေနစဥ္ အေတာအတြင္းမွာ လူနာရွင္ေတြ အခမဲ့ တည္းခိုခြင့္ ၊ အစားအစာနဲ႔ လိုအပ္တဲ့ ေထာက္ပံ့မႈေတြ ေပးႏိုင္ဖို႔ ေဒါက္တာ ရီကာဒိုက ေဆာင္႐ြက္ေပးခဲ့ပါတယ္။ ၂၀၀၈ ခုႏွစ္မွာေတာ့ Inspira လို႔ အမည္ရတဲ့ အခမဲ့ ေဂဟာကို တည္ေဆာက္ေပးၿပီး မိသားစုေပါင္း ၈၀၀ ေက်ာ္အတြက္ ကူညီေပးေနပါတယ္။ ကိုယ့္အိမ္မွာလိုသေဘာထားၿပီး စိတ္သက္ေတာင့္သက္သာနဲ႔ ေနထိုင္ႏိုင္ေအာင္ အားလုံးကို စီစဥ္ေပးထားတာ ျဖစ္ပါတယ္။

ဒီလိုမ်ိဳး ႏွလုံးလွတဲ့ လုပ္ရပ္ေတြေၾကာင့္ CNN သတင္းဌာနက ေပးအပ္တဲ့ ၂၀၁၈ ခုႏွစ္ရဲ႕ အေကာင္းဆုံး လူစြမ္းေကာင္း ၁၀ ေယာက္စာရင္းမွာ ေဒါက္တာ ရီကာဒိုလည္း ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ ေဒါက္တာရဲ႕ ေရွ႕ဆက္သြားမယ့္ လုပ္ငန္းစဥ္ေတြမွာ သုံးဖို႔ ေငြသား ေဒၚလာ ၁ သိန္းကို CNN က ခ်ီးျမႇင့္ခဲ့ပါတယ္။

တစ္ႏွစ္တာရဲ႕ လူစြမ္းေကာင္းဆုကို လက္ခံရရွိသူ ၁၀ ဦးကေတာ့ ေပ်ာ္႐ႊင္မႈ ရယ္ေမာမႈေတြနဲ႔အတူ ပီတိမ်က္ရည္ေတြလည္း ေဝလို႔ေနပါတယ္။ ဒီထဲမွာေတာ့ ေဒါက္တာ ရီကာဒိုတစ္ေယာက္ ကေလးေတြအတြက္ အေကာင္းဆုံး ျဖည့္ဆည္းေပးႏိုင္ၿပီဆိုတဲ့ ပီတိအဟုန္ေၾကာင့္ အေပ်ာ္ဆုံး ျဖစ္ေနမွာ အေသခ်ာပါပဲ။

Credit : nanmalgy

Unicode ဖြင့်ဖတ်ရန်

CNN ရဲ့ တစ်နှစ်တာ လူစွမ်းကောင်းဆုကို ရရှိသွားတဲ့ နှလုံးလှ ဆရာဝန်

နှလုံးလှ ဆရာဝန်ဆိုတာ နာမည်ပဲ ကြားဖူးပေမဲ့ ဒါကို တကယ်တမ်း သက်သေပြနိုင်သူက ဒေါက်တာ ရီကာဒို ပွန်ချုန်း (Ricardo Pun-Chong) ဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေကနေ ပီရူးနိုင်ငံရဲ့ မြို့တော် Lima ထိလာရောက်ပြီး ဆေးကုသမှု ခံယူနေတဲ့ ကလေးငယ်တွေနဲ့ မိဘတွေရဲ့ မျှော်လင့်ချက် ရောင်ခြည်ကတော့ ဒေါက်တာ ရီကာဒို တစ်ယောက်ပါပဲ။

ဒီ မိသားစု တွေက တောင်တန်းတွေကိုကျော် မြစ်ကိုဖြတ်ပြီး အန္တရာယ်များတဲ့ လမ်းမတွေကနေ လာရောက်ပြီး ဆေးကုသမှု ခံယူကြရပါတယ်။ အိမ်နဲ့ဝေးတဲ့အရပ်ကို လာရောက်ကြတဲ့အခါ တည်းခိုခန်းခ မတတ်နိုင်တဲ့အတွက် ဆေးရုံကြမ်းပြင်ပေါ်မှာပဲ ကွေးကွေးလေး အိပ်ကြရတဲ့ လူနာရှင်တွေကို မြင်တော့ ဒေါက်တာတစ်ယောက် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဒီမိသားစုတွေအတွက် တစ်ခုခု လုပ်ပေးနိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

နာမကျန်းကလေးငယ်တွေ ဆေးကုသမှု ခံယူနေစဉ် အတောအတွင်းမှာ လူနာရှင်တွေ အခမဲ့ တည်းခိုခွင့် ၊ အစားအစာနဲ့ လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ ဒေါက်တာ ရီကာဒိုက ဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Inspira လို့ အမည်ရတဲ့ အခမဲ့ ဂေဟာကို တည်ဆောက်ပေးပြီး မိသားစုပေါင်း ၈၀၀ ကျော်အတွက် ကူညီပေးနေပါတယ်။ ကိုယ့်အိမ်မှာလိုသဘောထားပြီး စိတ်သက်တောင့်သက်သာနဲ့ နေထိုင်နိုင်အောင် အားလုံးကို စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

ဒီလိုမျိုး နှလုံးလှတဲ့ လုပ်ရပ်တွေကြောင့် CNN သတင်းဌာနက ပေးအပ်တဲ့ ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး လူစွမ်းကောင်း ၁၀ ယောက်စာရင်းမှာ ဒေါက်တာ ရီကာဒိုလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒေါက်တာရဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေမှာ သုံးဖို့ ငွေသား ဒေါ်လာ ၁ သိန်းကို CNN က ချီးမြှင့်ခဲ့ပါတယ်။

တစ်နှစ်တာရဲ့ လူစွမ်းကောင်းဆုကို လက်ခံရရှိသူ ၁၀ ဦးကတော့ ပျော်ရွှင်မှု ရယ်မောမှုတွေနဲ့အတူ ပီတိမျက်ရည်တွေလည်း ဝေလို့နေပါတယ်။ ဒီထဲမှာတော့ ဒေါက်တာ ရီကာဒိုတစ်ယောက် ကလေးတွေအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ပြီဆိုတဲ့ ပီတိအဟုန်ကြောင့် အပျော်ဆုံး ဖြစ်နေမှာ အသေချာပါပဲ။

Credit : nanmalgy

Comments are closed.