ဂျီလတ်ပြောပြတဲ့ လွမ်းမောစရာ ထူးအိမ်သင့် အကြောင်း တပိုင်းတစ

ဂျီလတ်ပြောပြတဲ့ လွမ်းမောစရာ ထူးအိမ်သင့် အကြောင်း တပိုင်းတစ

လမ်းဘေးဂစ်တာဝိုင်းတွေကနေ အိမ်တွေမှာ လက်ဘက်ရည်ဆိုင်တွေမှာ စီးဆင်းခဲ့တဲ့ မြန်မာ့ဂီတခေတ်ရေစီးကြောင်းတစ်ခုလုံးမှာ ခေတ်တွေအများကြီးပြောင်းလဲလာလည်း အတူလိုက်ပါစီးနင်းနိုင်တဲ့ ဂီတာပညာရှင်တွေဆိုတာ ဒီဘက်ခေတ်အနေအထားမှာ တော်တော်ကြီးရှားပါးလားပြီး မရှိသလောက်ကိုဖြစ်သွားနေပြီဆိုတာကိုသတိထားမိကြပါတယ်။ တချို့ကအရေးကောင်းတယ်။ တချို့က အဆိုကောင်းတယ်။ လူမရှိတော့ပေမယ့် အဆိုရောအရေးရော တင်မက အနုပညာနဲ့ပတ်သတ်ရင်ခံစားနိုင်မှုစွမ်းအားမြင့်ပြီး လူတိုင်းနီးပါးယနေ့ထက်ထိ သူ့အနုပညာတွေကို နားဆင်စားသုံးနေကြရဆဲ ဖြစ်တဲ့အနုပညာရှင်တစ်ယောက်ကတော့ ထူးအိမ်သင်ပါပဲ။ ထူးအိမ်သင်ရဲ့ပရိသတ်တွေက ထူးအိမ်သင်အပေါ်မှာထားတဲ့ချစ်ခြင်းမေတ္တာဟာဆိုရင်လည်း ကမ္ဘာပေါ်မှာနှိုင်းတုစရာစံနှုန်းမရှိလောက်အောင်ကိုပါပဲ ။ အဲ့ဒီလိုပါပဲ သူနဲ့အတူ ဂီတလမ်းကိုအတူလျှောက်လှမ်းဖူးတဲ့သူတွေကိုယ်တိုင်လည်း ယနေ့ထက်တိုင်အောင်သူ့ကိုအမှတ်တရဖြစ်စွာနဲ့နှမြောတသဖြစ်နေကြတုန်းပါ။ အဲ့ဒီထဲမှာ အဆိုတော်ဂျီလတ်တစ်ယောက်လည်းပါဝင်ပါတယ်။ သူကထူးအိမ်သင်နဲ့ပတ်သတ်ပြီးသူအမှတ်တရဖြစ်နေတဲ့အကြောင်းလေးတွေကိုပြောပြထားတာရှိပါတယ်။ သူပြောပြသွားတဲ့ ထူးအိမ်သင် (ကိုငှက်)ရဲ့အမှတ်တရတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိရအောင်ပြောပြပေးလိုက်ပါတယ်။

“ကိုငှက်က မြန်မာပြည့်ရဲ့မေ့လို့မရမယ့် Artistတစ်ယောက်ပေါ့။ ဆိုတော့သူနဲ့ပတ်သက်တာတွေလည်းအများကြီးပါပဲ။ သူနဲ့ဆရာတပည့်လိုလည်းနေရတယ်။ သူကဆရာတပည့်လိုနေရတဲ့လူမျိုးတော့မဟုတ်ဘူး။ သူ့ဆရာခေါ်လည်းကြိုက်တာမဟုတ်ဘူး။ သူကသူငယ်ချင်းလိုပဲပေါင်းချင်တာပေါ့။ ကိုယ်တို့ကအသက်အရွယ်အားဖြင့်ရော ကိုယ်နဲ့သူနဲ့ဂီတလောကကိုဝင်ရောက်တဲ့နှစ်တွေကိုလည်းကြည့်လိုက်ဦး မျိုးဆက်တစ်ဆက်လောက်ခြားတာပေါ့နော် ။သူက၈၅လောက်မှာအဆိုတော်ဖြစ်တယ်ဆိုရင် ကိုယ်တို့က၂၀၀၅လောက်မှာဖြစ်တာဆိုတော့ တွက်သာကြည့်တော့ပေါ့ အပိုင်းအခြားအရရောဝါအရရောနောက်လေးစားမှုအရရော။အစုံပါပဲ။ ပြီးတော့အစ်ကို့ကိုသူသင်ပေးပြုပေးခဲ့တဲ့အကြောင်းတွေ အများကြီးပေါ့ သူနဲ့ကိုယ်နဲ့ထိစပ်မှုအကြောင်းတွေအများကြီးရှိတာပေါ့။ သူ့ကိုတော့လူတွေကချစ်ခင်ပြီးသားရှိတယ်။ ဘယ်သူမှလည်းမေ့လို့မရတဲ့အဆိုတော်ပါပဲ။ သူပေါင်းရသင်းရတော့နည်းနည်းခက်မှာပေါ့ ။ သူကအံ့သြစရာကြီး တချက်ကသူ့ကို ကိုယ်အရမ်းသိနေတဲ့အကြောင်းတရားကြီးတစ်ခုပေါ့ သူအမြဲတမ်းအမှတ်တရဖြစ်နေတဲ့ကိစ္စကကိုယ်တွေ့တဲ့ဟာက မှတ်ဥာဏ်တအားကောင်းတာ ကြောက်စရာကောင်းအောင်မှတ်ဥာဏ်ကောင်းတယ်။ Detailပေါ့ သူသိတဲ့အရာတွေကို Detail သိတာ အဲ့ဒီနေရာမှာ ဟိုဟာအံ့သြဖို့ကောင်းတယ်။

ကျန်တဲ့အပိုင်းကတော့ ပရိုဂျူဆာတွေဆိုလည်းအလုပ်လုပ်လို့ကောင်းတဲ့အထဲမှာတော့ပါမယ့်သဘောမရှိဘူးပေါ့။ ဘာလို့လဲဆိုတော့ သူက အဲ့ဒီလိုကြီးလုပ်ချင်တာမဟုတ်ဘူး ။ ဒီMusicကိုအလုပ်တစ်ခုလိုလုပ်ချင်တဲ့သူမဟုတ်ဘူး ။ ခက်တာကတော့ဒါပဲ။ နောက်ပိုင်းရောက်လာပိုဆိုးလာလေပဲ။အသက်ကြီးလာတဲ့အခါမှာ ဒါတွေကို အလုပ်တစ်ခုလိုသူမလုပ်ချင်တော့ဘူး ။သူစိတ်ရှိမှလုပ်ချင်တာပေါ့ ။ အဲ့လို့ဆိုတော့ အလုပ်လုပ်ရတော့ခက်မှာပဲ။ သူ့စိတ်ထဲမှာအဆင်ပြေသလိုနေတာပဲ။ တစ်ခါတလေဂစ်တာသုံးရက်လောက်ထိုင်တီးနေတာ အဲ့ဒီတစ်နေရာထဲမှာပဲမရွေ့ပဲတီးနေတာမျိုးတွေရှိတယ် ။အစားအသောက်လည်းမစားဘဲနဲ့။အဲ့ဒါမျိုးတွေလည်းအစ်ကိုသူ့ကိုတွေ့ဖူးတယ်။ ဂစ်တာလေးတီးလိုက် ဟိုနားလေးနည်းနည်းရွေ့လိုက်နောက်ဆုံးအတင်းကြွေးမှနည်းနည်းလေးစားပြီး သူနားထောင်ချင်တဲ့သီချင်းနဲ့သူဟာသူုဂစ်တာတီးပြီးနေတာ။

သူဆိုတာကို အပ်ကျမတ်ကျ ၊ ရေးတာကို အပ်ကျမတ်ကျနားလည်တယ်။သီအိုရီနဲ့သူရေးတယ်။ သူကတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီး Mention လုပ်ချင်ပုံသိပ်မရဘူး။ ဒါတွေကဒီလိုဆို ဟာဟုတ်ပါဘူးကွာဒီလောက်ပါပဲပေါ့။ သူကတော့သာမန်ပေါ့ပေါ့ပါးသူလုပ်သွားတာမျိုးလည်းရှိတယ်ပြောတာပေါ့နော်။သူကတော့လုပ်သွားခဲ့တာတော့မဟုတ်ဘူးပေါ့ပေါ့ပါးပါးပဲပြောတာပေါ့။။ ဒါတွေကခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် ဒီအထဲကနေအများကြီးထွက်လာစရာတွေအများကြီးရှိတယ်။ ခုနကလိုမြန်မာပြည်မှာလိုနေတဲ့ကွက်လပ်ပေါ့ တော်တော်ကြီးကြီးကျယ်ကျယ်လိုနေတဲ့ကွက်လပ်တွေသူအများကြီးဖြည့်ခဲ့တယ်။ဒါကြောင့် သူ့သီချင်းတွေက Jazz တွေ Blues တွေ ဒါ ဗမာတွေအနေနဲ့ဖန်တီးရတာ အတော်အတန်လေးလက်ပေါက်ကပ်တဲ့Musicကိုအများကြီးလုပ်ခဲ့တာပေါ့နော် ဒါကြောင့်လည်းသူ့သီချင်းတွေက ဒီလိုဖြစ်နေတာ နောက်ပြီးတော့ စကားလုံးအားတွေပေါ့ ။ ကိုငှက်ရဲ့ဖွဲ့သီနိုင်မှုတွေကအရမ်းကောင်းပါတယ်။ ကိုယ်ပြောစရာတောင်မလိုပါဘူး။ ဒါအားလုံးသိပြီးသားကိစ္စပါ။”ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.