ပုရိသတွေအသက်ရှုမှားသွားစေမယ့် မိုးဟေကိုရဲ့ video အသစ်

ပုရိသတွေအသက်ရှုမှားသွားစေမယ့် မိုးဟေကိုရဲ့ video အသစ်

မေဘရဏီလို ရွှေပန်းချီတောင်လက်မှိုင်ချရနိုး.. မမမိုး.. ဆိုတဲ့သီချင်းဟာ မမမိုးလို့်ချစ်စနိုးခေါ်နေကြတဲ့ မိုးဟေကိုကိုကြည့်ပြီးတော့မလား ရေးစပ်ခဲ့သလား ထင်မှတ်မှားလောက်အောင်ပဲ မမမိုးရဲ့ အလှတွေက တစ်နေ့တစ်ခြားပိုလို့ လင်းလက်လာတယ်ဆိုရမှာပါပဲ။ မိုးဟေကိုဟာ စပြီးအနုပညာလောကထဲဝင်ရောက်လာကာစကတည်းက မြင်သူတိုင်းအသက်ရှုမှားလောက်စေမယ့် ကိုယ်ဟန်အမူအရာတွေ ချစ်ဖို့ကောင်းတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားထားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်တွေမှာ မိုးဟေကိုရဲ့ video တွေရုပ်ရှင်ကားတွေဟာ ပရိသတ်အားပေးမှုများစွာရရှိခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ မမမိုးကလည်း သရုပ်ဆောင်ပညာမှာကျွမ်းကျင်ပိုင်နိုင်ပြီး ဘုရားပေးတဲ့ ကိုယ်နေဟန်ထားကိုပိုင်ဆိုင်ထားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းနှစ်အနည်းငယ်မှာတော့ မိုးဟေကိုက ပရိသတ်နဲ့ထိတွေ့မှုအနည်းငယ်ကျဲပါးသွားပြီး ရုပ်ရှင်တွေမှာလည်း အတွေ့ရနည်းသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မမမိုးရဲ့အမေက ကျန်းမာရေးအားနည်းနေခဲ့ပြီး မမမိုးက အနီးကပ်ဂရုတစိုက်ပြုစုနေရတာကြောင့် အနုပညာအလုပ်တွေကိုလျှော့ချထားခဲ့လို့ပါပဲ။

မိုးဟေကိုဟာအခုလတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဟဲဗီးရုပ်ရှင်တွေအစား ကြော်ငြာတွေ၊ပွဲတက်တာတွေနဲ့ photoshoot တွေသာလက်ခံလုပ်ဆောင်နေခဲ့တာပါ။ မိုးဟေကိုက မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်မှာ မြင်သူတကာအသက်ရှုမှားသွားလောက်အောင် နတ်သမီးလေးများနတ်သက်ကြွေလာသလားထင်မှတ်မှားရလောက်တဲ့ ကိုယ်နေဟန်ထားနဲ့ photoshoot video လေးတစ်ခုတင်ထားခဲ့ပါတယ်။ အဲဒီ video လေးကို မိနစ်ပိုင်းအတွင်းမှာတင်ကြည့်ရှု့သူများပြားခဲ့ပြီး မမမိုးရဲ့အလှမှာ ကြွေဆင်းသွားခဲ့ရတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် မိုးဟေကိုရဲ့ video လေးကို ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မိုးဟေကိုကို ချစ်ကြလား။ မိုးဟေကိုကို ရုပ်ရှင်တွေမှာ ပြန်မြင်ချင်နေကြပြီလား။ မိုးဟေကိုရဲ့အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.