ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုကို ကြာကန်အစစ်မှာ ရိုက်မယ့် ခန့်စည်သူ

ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုကို ကြာကန်အစစ်မှာ ရိုက်မယ့် ခန့်စည်သူ

ဗွီဒီယိုနဲ့ရုပ်ရှင်ကားတွေတော်တော်များများရိုက်ကူးထားပြီးအနုပညာအလုပ်တွေကိုဆက်တိုက်လုပ်နေတဲ့ ခန့်စည်သူတစ်ယောက်ကတော့သူနောက်ရိုက်ဖြစ်မယ်ရုပ်ရှင်အကြောင်းကိုမီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိရအောင်ပြောပြပေးပါရစေ။

“ဇာတ်လမ်းလေးကတော့ ဆရာမခင်ခင်ထူးရဲ့ ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်ပါ ဒါရိုက်တာနဲ့ဇာတ်ညွှန်းကတော့ အကယ်ဒမီကိုဇော်မင်ဦးရိုက်မှာပါ။ သရုပ်ဆောင်တွေက တော့ ကျောင်းဆရာမလေးမနေရာကတော့ခိုင်သင်းကြည်ပါ။ ပြီးတော့ကိုကြာစွယ်နေရာကကျနော်သရုပ်ဆောင်မယ်။ ပြီးတော့ မခိုင်လေးလဲပါပါတယ်။ Location ကသူ့နေရာအစစ်ကိုပဲရိုက်ဖို့မှန်းထားပါတယ်။ နေရာအစစ်ဆိုတော့ ပုပ္ပါးနားက ကြာကန်ရှိတဲ့နေရာတွေကိုကျနော်ရွေးထားပါတယ်။

ရုပ်ရှင်ရိုက်ရင်တော့ အဲ့ဒီနှစ်နာရီအတွင်းမှာ ဘယ်လိုမှမပြည့်စုံနိုင်ဘူးဆရာမဝတ္ထုက ကျနော်တို့ဒီထက်ပိုပြီးတော့Detail ကျကျပြရမယ့်အစိတ်အပိုင်းတွေလည်းပါပါတယ်။ အစစအရာရာအားလုံးပြီးမှကျနော်တို့စရိုက်ဖြစ်မှာပါ။ ၄ လပိုင်းလောက်ကျနော်တို့စရိုက်ဖို့မှန်းထားပါတယ်။ နာမည်ကြီးဝတ္ထုရိုက်တဲ့အခါမှာ ဆရာကြီးဦးသုခပြောသလို နာမည်ကြီးဝတ္ထုရိုက်ရင်တာဝန်အရမ်းကြီးတယ်။ ဝတ္ထုကိုမမီရင်လည်းပရိသတ်ကဒါကတော့ပြောမှာပေါ့။ အဲ့ဒါတွေကိုတော့ ကျနော်တို့စွန့်စားရတာပေါ့။ဝတ္ထုကဝတ္ထု ရုပ်ရှင်ကရုပ်ရှင်သပ်သပ်ပေါ့”ဆိုပြီးပြောပြသွားခဲ့ပါတယ်.။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.