ဟိန်းဝေယံနဲ့ ရတနာမိုင်တို့ရဲ့ ခွီနေရတဲ့ Behind The Scenes ဗီဒီယို

ဟိန်းဝေယံနဲ့ ရတနာမိုင်တို့ရဲ့ ခွီနေရတဲ့ Behind The Scenes ဗီဒီယို

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားချောတွေထဲက တယောက်ဖြစ်တဲ့ မင်းသားချော ဟိန်းဝေယံကိုတော့ ပရိသတ်တွေအနေနဲ့ အားပေးပြီးသား ဖြစ်မှာပါ။ မင်းသားချောဟိန်းဝေယံကတော့ အနုပညာနယ်ပယ်မှာ နေရာတခု ရပြီးသားဖြစ်သော်လည်း သူ့အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ ကားရိုက်နည်းပြီး ပရိသတ်တွေနဲ့ ထိတွေ့တာ နည်းပါးခဲ့ပါတယ်။ ဒါပေမယ့်လည်းသူ့အနေနဲ့တော့ ယခု ၂၀၁၉ မှာတော့ အနုပညာလုပ်ငန်းအသစ်အသစ်တွေကို ပရိသတ်တွေကို ချပြမယ်လို့ ပြောကြားထားပြီး လက်ရှိမှာတော့ ကားရိုက်တွေ ပြန်လည် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

မင်းသားဟိန်းဝေယံကတော့ လတ်တလောမှာတော့ အဆိုတော် သရုပ်ဆောင် တယောက်ဖြစ်တဲ့ ရတနာမိုင်နဲ့ ရိုက်ကူးရေးတွေ လုပ်နေတာ ဖြစ်ပါတယ်။ အဆိုတော် ရတနာမိုင်ကလည်း သီချင်းဆိုရာမှာ ပါရမီရှိသလို ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးနဲ့ ပရိသတ်အများအပြားရှိတာကြောင့် သရုပ်ဆောင်လောကထဲကိုပါ ခြေချလာခဲ့ပြီ ဖြစ်ပါတယ်။

ရတနာမိုင်ကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာတော့ မင်းသားဟိန်းဝေယံနဲ့ ရိုက်ကူးရေး တခုကို တင်ထားတာ ဖြစ်ပါတယ်။ သူတင်ထားတာကတော့ ရိုက်ကွင်းတခုရဲ့ Behind The Scenes လေးတခု ဖြစ်ပါတယ်။ “ဒီနေ့ရိုက်ကွင်းမှာပျော်စရာရီနေရတယ် အဟေး အခွီတလိုင်း ငိုရမဲ့ဟာက ရီနေရလို့” ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ရတနာမိုင်က ဗိုက်ကြီးသည်နေရာကနေ သရုပ်ဆောင်ထားတာကို တွေ့ရပြီး မင်းသားဟိန်းဝေယံက သူ့နောက်လိုက်ရင်း ကားနဲ့ တိုက်မိတဲ့အခန်းလေးကို ရိုက်ထားတာ ဖြစ်ပါတယ်။ ကြေကွဲရမယ့်အခန်းက နောက်ကွယ်မှာတော့ ရီနေရတာလေးကို ရတနာမိုင်က မျှဝေထားတာ ဖြစ်ပါတယ်။ မင်းသားဟိန်းဝေယံနဲ့ ရတနာမိုင်တို့ရဲ့ ခွီနေရတဲ့ Behind The Scenes ဗီဒီယိုလေးကို ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.