မျက်စိနှစ်ကွင်း အလင်းမရပေမယ့် ကမ္ဘာကို သိမ်းပိုက်နိုင်ခဲ့သူတွေ

မျက်စိနှစ်ကွင်း အလင်းမရပေမယ့် ကမ္ဘာကို သိမ်းပိုက်နိုင်ခဲ့သူတွေ

မျက်စိနှစ်ကွင်း အလင်းမရတာ ကမ္ဘာကြီးကို ဆုံးရှုံးလိုက်ရတာမဟုတ်ပါဘူး။သူတို့ရဲ့ စိတ်တွေ၊သူတို့ရဲ့ ဖန်တီးမှု၊သူတို့ရဲ့ ကြိုးစားမှုတွေ ပိုမိုတိုးတက်လာပြီး သူတို့ဟာ ကမ္ဘာကို အလင်းပြန်ပေးနိုင်ခဲ့ပါတယ်။မျက်မမြင်ပဲ အလင်းဆောင်ပေးသူတွေကို ဖော်ပြပေးလိုက်ပါတယ်။

10. Doc Watson

1920 ခုနှစ်က ပြည်တွင်းရော ပြည်ပကို လွှမ်းမိုးနိုင်တဲ့ ဂီတပညာရှင် ဂစ်တာပညာရှင် တစ်ဦးဖြစ်ပါတယ်။သူ့ဟာ မျက်စိမမြင်ပဲ ကမ္ဘာကို လွှမ်းမိုးနိုင်သူတဲ့ထဲပါဝင်ခဲ့ပါတယ်။သူဟာ အရောင်အသွေးတွေရဲ့ သဏ္ဍာန် တီးလုံးတွေရဲ့ ကြွနေတဲ့ ခံစားမှုတွေကို သူဟာ အများထက် ပိုမိုခံစားနိုင်ခဲ့တာဖြစ်ပါတယ်။

9. Dianne Schuur

Jazz ဂီတကို ရူးသွပ်ခုံမင်သူ မျက်မမြင်ကောင်မလေးတစ်ဦးဟာ သူကြိုက်တဲ့ Jazz ဂီတနဲ့ ကမ္ဘာကို စစ်ကြေငြာလိုက်ပါတယ်။သူမှာ ဂီတပညာရှင်အစစ်ဖြစ်ပြီး သူဟာ ငွေကြေးနောက်မလိုက်ပဲ သန့်ရှင်းစွာ ရပ်တည်ခဲ့ပါတယ်။သူမဟာ အောင်မြင်တဲ့ အဆိုရှင်ဖြစ်ပါတယ်။ပီယာနိုလဲ ကောင်းမွန်စွာတီးတတ်တဲ့ ပါရမီရှင်ဖြစ်ပါတယ်။

8. David Paterson

David Paterson ဟာ စည်းရုံးရေးကောင်းသူ ဥာဏ်ထက်သူ၊အဖွဲ့အစည်းတိုင်းက လိုလိချင်ချင် ကမ်းလှမ်းရသူဖြစ်ပါတယ်။သူဟာ နိုင်ငံရေးစည်းမျဉ်းဥပဒေတွေကိုလဲ ရေးဆွဲခဲ့ပြီးတော့ နယူးယောက်မှာ အကြံပေးဖြစ်ခဲ့သူဖြစ်ပါတယ်။သူဟာ မျက်စိနှစ်ကွင်း အလင်းမရပေမယ့် သူဟာ ရှေ့ဆောင် လမ်းပြနိုင်ခဲ့ပါတယ်။

7. Dana Elcar

Dana Elcarဟာ 1980 မှာ ရုပ်သံလိုင်းတွေကို နေရာယူနိုင်ခဲ့ပြီဖြစ်ပါတယ်။သူဟာ ရုပ်ရှင် ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့သလို သူ့ရဲ့ ဖျော်ဖြေပွဲတွေဟာလဲ လူကြိုက်များလာခဲ့ပါတယ်။သူဟာ စိတ်တည်ငြိမ်အောင် အမြဲတရားထိုင်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ရုပ်သံတော်တော်များများနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အောင်မြင်မှုကို ယူခဲ့နိုင်ပါတယ်။

6. Jose Feliciano

Jose Feliciano ဟာ သူ့ရဲ့ မှော်ဆန်တဲ့အသံနဲ့ သူ့ရဲ့ တေးဂီတကို ကမ္ဘာကို ခေါ်ဆောင်ခဲ့ပါတယ်။သူဟာ ခရစ်စမတ်ပွဲတော်တွေမှာ သီချင်းဆိုရင်း သူ့ရဲ့ အသံကို လူတိုင်း သတိပြုမိခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ သူဟာ တကယ့်စင်ပေါ်ရောက်ခဲ့ပြီး နယ်လှည့်ဖျော်ဖြေပွဲတွေ လုပ်ခဲ့ရပါတယ်။

5. Jeff Healey

Jeff Healey ဟာ ကနေဒီယန်း အတီးသမားဖြစ်ပြီး သူမှာ ပရိသတ်သိန်းပေါင်းများစွာကို 1980 ကနေ 1990အတွင်းမှာ ရရှိခဲ့ရတာဖြစ်ပါတယ်။သူဟာ ပရိသတ်ကို သူ့ဂစ်တာအစွမ်းနဲ့ စင်ပေါ်က ဆွဲဆောင်ခဲ့ပါတယ်။သူ့ကို လက်ဆောင်တွေ ပို့ပေးသူတွေရော သူ့ကို အားကျသူတွေ အမြောက်အမြားရှိခဲ့ပါတယ်။

4. Casey Harris

Casey Harris ဟာ ရော့ခ်စတားတစ်ဦးဖြစ်ပြီးတော့ သူ့ဟာ မျက်မမြင်ထဲမှာ နာမည်ကျော်ကြားသူဖြစ်ပါတယ်။ X– Ambassadors ဆိုတဲ့ ရော့ခ်ဂီတဝိုင်းနဲ့ နာမည်ကြီးခဲ့တာဖြစ်ပါတယ်။သူဟာ အဆိုပညာရှင်တစ်ဦးဖြစ်သလို အတီးပညာရှင်လဲ ဖြစ်ပါတယ်။ဂီတမှာ မျက်လုံးမလိုဘူးလို့ ရဲဝံ့စွာ ပြောခဲ့သူဖြစ်ပါတယ်။သူဟာ ပီယာနိုလက်သံ စပါယ်ရှယ်လစ်တစ်ဦးလဲဖြစ်ပါတယ်။

3. Ray Charles

Ray Charles ရဲ့ ရယ်မောမှုဟာ ကလေးငယ်လိုပါပဲ။ဒီ မျက်မမြင်အဖိုးကြီးက သန့်ရှင်းရိုးသားစွာနဲ့ သီချင်းတွေ ဖန်တီး ရေးစပ်ပြီး အဆိုတော်ဘဝနဲ့ အသက်မွေးခဲ့သူဖြစ်ပါတယ်။သူဟာ ဂီတလိုင်းပေါင်းစုံနီးပါးဆိုနိုင်တဲ့ အဆိုတော်ကြီး တစ်ဦးဖြစ်ပါတယ်။

2. Andrea Bocelli

Andrea Bocelli ဟာ အီတာလျံတစ်ယောက်ဖြစ်ပြီး မှော်ဆန်တဲ့ ဆင်ဖိုနီတွေ ဖန်ဆင်းသူ ဗီသိုဗင်ရဲ့ မျိုးဆက်ဖြစ်တယ်လို့ ပြောလို့ရအောင် သူဟာ ဂီတနုတ်အသစ်တွေကို ဖန်တီးမှုနဲ့ အော်ပရာလို လူများစွာကို ထိန်းပြီး ကိုင်တွယ် တီးခတ်ဖျော်ဖြေနိုင်တဲ့ ဂီတပညာရှင်ဖြစ်ပါတယ်။သူ့ဟာ 19 ရာစုအတွင်း မျက်မမြင် ဂီတပညာရှင်ဆုတွေ များစွာရခြ့ပြီး အီတလီရဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေပါ ရခဲ့တာဖြစ်ပါတယ်။

1. Stevie Wonder

Stevie Wonder ကတော့ လူတိုင်းနီးပါးသိတဲ့ မျက်မမြင် အမေရိကန်အဆိုတော်ကြီးဖြစ်ပြီး သူဟာ အမြဲလို လူချီးကျူးခံရတဲ့ လူစားဖြစ်ပါတယ်။သူ့ အောင်မြင်က ဒီနေ့အထိ ရပ်တန့်မနေပါဘူး။သူ့သီချင်းတွေ သူ့တီးလုံးတွေ သူ့အသံတွေဟာ ပရိသတ်ရင်ထဲ တိတ်တခိုး စီးဆင်းနေတာဖြစ်ပါတယ်။“I just called to say I love you” ဆိုတဲ့ သီချင်းနဲ့ 1980 ကာလတွေမှာ မထင်မှတ်တဲ့ အောင်မြင်မှုကြီးရခဲ့တာဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.