နာရီပိုင်းအတွင်းကြည့်ရှုသူ နှစ်သိန်းနီးပါးရှိသွားတဲ့ မိုးမခအိမ်မက်ခရမ်းပြာ

နာရီပိုင်းအတွင်းကြည့်ရှုသူ နှစ်သိန်းနီးပါးရှိသွားတဲ့ မိုးမခအိမ်မက်ခရမ်းပြာ

ဒီဘက်ခေတ်၂၀၁၀နောက်ပိုင်းတွေသီချင်းထွက်လာတဲ့သီချင်တွေတော်တော်များများမှာ သံစဉ်နဲ့စာသားတည်ဆောက်ပုံတွေအရတော့ ပရိသတ်တွေစွဲစွဲမြဲမြဲကြိုက်ခဲ့ ရတယ် ၉၀ပြည့်နှစ်ပတ်ချာလည်ကသီချင်းတွေလိုမဟုတ်ဘဲတစ်ခုခုဟာတာတာကြီးလိုအပ်နေသလိုခံစားနေရတာများပါတယ်။ တချို့တလေလောက်ပဲ တကယ့်ခံစားသူစစ်တွေလက်ထဲကို သေချာအပ်နှံခဲ့ကြတာပါ။

အဲ့ဒီလိုပရိသတ်ဆီကိုသေချာဂရုတစိုက်ပို့ပေးတဲ့အထဲမှာ Eternal Gosh ဆိုတဲ့ Band လည်းအပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အစဉ်အလာအရဆိုရင်တော့ Band နာမည်နဲ့အဆိုတော်နာမည်နဲ့ကိုသေချာကွဲအောင်မသိဘဲ အဆိုတော်ချည်းပဲနာမည်ကြီးလူသိများသွားတာတွေအများကြီးပါပဲ။ အခုနောက်ပိုင်း မြေအောက်ဂီတလှုပ်ရှားမှုတွေနဲ့Main Stream လို့ခေါ်တဲ့ပင်မရေစီးကြောင်းတွေမှာ RocK Bandတွေအများအပြားပေါ်ပေါက်လာပါပြီ။

Eternal Gosh ရဲ့စသားအားကောင်းကောင်းနဲ့ သံစဉ်ခပ်မိုက်မိုက်လေးနဲ့အရွယ်သုံးပါးကြိုက်နိုင်တဲ့ မိုးမခအိမ်မက်ခရမ်းပြာဆိုတဲ့ Music Video လေးကို သူတို့ရဲ့ Officical page ကနေပြီးတင်လိုက်တဲ့အချိန်မှာတော့ နာရီပိုင်းအတွင်းမှာ ကြည့်ရှုသူ နှစ်သိန်းနီးပါးရှိသွားပြီး Share လုပ်သူပေါင်းနှစ်သောင်းနီးပါးရှိသွားပါတယ်။ ဒီသီချင်းကတော့ သူတို့ရဲ့ထွက်ရှိပြီးသားဖြစ်တဲ့ ကောင်းကင်အနီ Album ထဲကသီချင်းတစ်ပုဒ်ပါပဲ။ လူအတော်များစိတ်ဝင်စားနေတဲ့ ဒီ Music Video လေးကိုအစာကောင်းစားရချိန်ချစ်တဲ့သူတွေကိုသတိရတယ်ဆိုတဲ့စကားလေးအတိုင်းပြောချင်လွန်းလို့မိတ်ဆွေတွေမကြည့်ရမရှိလေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ကြည့်ပြီးသွားလို့ကြိုက်တယ်ဆိုရင်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.