လူခ်င္းေဝးေနရရင္ေတာင္ ႏွလုံးသားခ်င္းေတာ့ နီးစပ္ေပးပါ

လူခ်င္းေဝးေနရရင္ေတာင္ ႏွလုံးသားခ်င္းေတာ့ နီးစပ္ေပးပါ

တစ္ခါက သားျဖစ္သူက သူ႕ဇနီးသည္အေပၚ ေျပာဆိုဆက္ဆံေနတဲ့အမူအရာကို သေဘာမက်တာေၾကာင့္ အေဖျဖစ္သူဟာ အခုလိုပဲ ေမးျမန္းေနပါတယ္။

“သား… မင္းဇနီးကို ေဒါသထြက္တဲ့အခါတိုင္း ဘာလို႔ ေအာ္ႀကီးဟစ္က်ယ္ေျပာေနတာလဲကြာ။ သူက မင္းရဲ႕ အနီးနားမွာပဲေလ။ တိုးတိုးသက္သာေျပာလည္း သူၾကားပါတယ္ကြ။ သည္းခံၿပီး စိတ္ေအးေအးထားေျပာပါလား “လို႔ေျပာလိုက္ပါတယ္။

အဲဒီအခါ ” အေဖေျပာသလို ကၽြန္ေတာ္ အၿမဲသည္းခံပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္စိတ္ကလည္း အေဖသိတဲ့အတိုင္းပဲ။ သည္းခံတဲ့စိတ္လြတ္ၿပီး ေအာ္မိေျပာမိတာပါ”

“ဒီမွာငါ့သား…မင္းရဲ႕ အေၾကာင္းျပခ်က္ကို အေဖသိပ္လက္မခံခ်င္ဘူး။ အဓိကအေၾကာင္းတရားက မင္းရဲ႕ဇနီးကို မင္းေဒါသထြက္ေနတဲ့အခ်ိန္မွာ မင္းရဲ႕ႏွလုံးသားဟာ ေဒါသစိတ္ေတြေၾကာင့္ သူ(မ)ရဲ႕ အေဝးကို ေရာက္သြားတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္က မ်က္ႏွာခ်င္းဆိုင္ မလွမ္းမကမ္းမွာရွိေနၾကေပမဲ့လည္း ႏွလုံးသားခ်င္းက ေဝးသြားသလိုျဖစ္တာေၾကာင့္ အခုလိုမ်ိဳး တစ္ေယာက္နဲ႔တစ္ေယာက္ ေအာ္ဟစ္ေနၾကရတာပဲ”

“ဟုတ္ပါတယ္။ အေဖ ေျပာတာကို သားလက္ခံပါတယ္။ ဒါေပမဲ့ လက္ေတြ႕လုပ္ဖို႔ေတာ့ အရမ္းခက္ခဲတယ္ အေဖ”

ဒီေတာ့ အေဖက “သား…တစ္ဦးနဲ႔တစ္ဦး နားလည္မႈလြဲတဲ့အေၾကာင္းအရာေတြ အဆင္မေျပတဲ့အခိုက္အတန္႔ေလးေတြကေတာ့ အခုလည္းရွိတယ္။ ေနာက္လည္းရွိေနအုံးမွာပဲေလ။ ဒါေပမဲ့ မင္းတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္စလုံးက တစ္ေယာက္ကိုတစ္ေယာက္ တကယ္ ေမတၱာသက္ဝင္လို႔ အခုလိုမ်ိဳးေပါင္းဖက္ခဲ့ၾကတာေလ။ ဒါဆိုရင္ေတာ့ မေျပလည္စရာမရွိပါဘူး။ ျပႆနာတစ္စုံတစ္ရာေပၚလာတဲ့အခါတိုင္း စိတ္ေအးေအးထားၿပီး ျပႆနာရဲ႕အရင္းျမစ္ကိုရွာေဖြမယ္။ ၿပီးရင္ ဘယ္လိုဘယ္နည္း ေျဖရွင္းမလဲဆိုတဲ့ အေျဖကိုရွာရမယ္။ တစ္ေယာက္ကိုတစ္ေယာက္ စိတ္ရွည္သည္းခံၿပီး နားလည္မႈေလးေတြထားရွိမယ္။ တစ္ဦးကိုတစ္ဦးေလးစားမယ္။ ေနာက္ဆုံးအေနနဲ႔ ေျပာရရင္ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ လူခ်င္းေဝးေနမယ္ဆိုရင္ေတာင္ တစ္ေယာက္နဲ႔တစ္ေယာက္ ႏွလုံးသားခ်င္းနီးေနမယ္ဆိုရင္ သာယာေပ်ာ္႐ႊင္ေနတဲ့ မိသားစုေလးတစ္ခုကို ဖန္တီးနိင္မွာပါ။ ဒါေၾကာင့္ ဘယ္ေလာက္ပဲေဒါသျဖစ္ျဖစ္ မင္းရဲ႕ႏွလုံးသားေလးကို အေဝးထြက္မသြားေစဘဲ ပိုင္ရွင္ျဖစ္တဲ့ မင္းရဲ႕ဇနီးအနားမွာပဲ ထားလိုက္မယ္ဆိုရင္ မင္းတို႔အိမ္ေထာင္ေရးက အခုထက္အမ်ားႀကီးေပ်ာ္႐ႊင္စရာေကာင္းလာမွာပါ” လို႔ ဆုံးမလိုက္ပါတယ္။

Ref: “Grandpa and Grandson”

Paradise (႐ိုးရာေလး)

[Unicode]

တစ်ခါက သားဖြစ်သူက သူ့ဇနီးသည်အပေါ် ပြောဆိုဆက်ဆံနေတဲ့အမူအရာကို သဘောမကျတာကြောင့် အဖေဖြစ်သူဟာ အခုလိုပဲ မေးမြန်းနေပါတယ်။

“သား… မင်းဇနီးကို ဒေါသထွက်တဲ့အခါတိုင်း ဘာလို့ အော်ကြီးဟစ်ကျယ်ပြောနေတာလဲကွာ။ သူက မင်းရဲ့ အနီးနားမှာပဲလေ။ တိုးတိုးသက်သာပြောလည်း သူကြားပါတယ်ကွ။ သည်းခံပြီး စိတ်အေးအေးထားပြောပါလား “လို့ပြောလိုက်ပါတယ်။

အဲဒီအခါ ” အဖေပြောသလို ကျွန်တော် အမြဲသည်းခံပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ကလည်း အဖေသိတဲ့အတိုင်းပဲ။ သည်းခံတဲ့စိတ်လွတ်ပြီး အော်မိပြောမိတာပါ”

“ဒီမှာငါ့သား…မင်းရဲ့ အကြောင်းပြချက်ကို အဖေသိပ်လက်မခံချင်ဘူး။ အဓိကအကြောင်းတရားက မင်းရဲ့ဇနီးကို မင်းဒေါသထွက်နေတဲ့အချိန်မှာ မင်းရဲ့နှလုံးသားဟာ ဒေါသစိတ်တွေကြောင့် သူ(မ)ရဲ့ အဝေးကို ရောက်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက်က မျက်နှာချင်းဆိုင် မလှမ်းမကမ်းမှာရှိနေကြပေမဲ့လည်း နှလုံးသားချင်းက ဝေးသွားသလိုဖြစ်တာကြောင့် အခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်နေကြရတာပဲ”

“ဟုတ်ပါတယ်။ အဖေ ပြောတာကို သားလက်ခံပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဖို့တော့ အရမ်းခက်ခဲတယ် အဖေ”

ဒီတော့ အဖေက “သား…တစ်ဦးနဲ့တစ်ဦး နားလည်မှုလွဲတဲ့အကြောင်းအရာတွေ အဆင်မပြေတဲ့အခိုက်အတန့်လေးတွေကတော့ အခုလည်းရှိတယ်။ နောက်လည်းရှိနေအုံးမှာပဲလေ။ ဒါပေမဲ့ မင်းတို့ ဇနီးမောင်နှံနှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် တကယ် မေတ္တာသက်ဝင်လို့ အခုလိုမျိုးပေါင်းဖက်ခဲ့ကြတာလေ။ ဒါဆိုရင်တော့ မပြေလည်စရာမရှိပါဘူး။ ပြဿနာတစ်စုံတစ်ရာပေါ်လာတဲ့အခါတိုင်း စိတ်အေးအေးထားပြီး ပြဿနာရဲ့အရင်းမြစ်ကိုရှာဖွေမယ်။ ပြီးရင် ဘယ်လိုဘယ်နည်း ဖြေရှင်းမလဲဆိုတဲ့ အဖြေကိုရှာရမယ်။ တစ်ယောက်ကိုတစ်ယောက် စိတ်ရှည်သည်းခံပြီး နားလည်မှုလေးတွေထားရှိမယ်။ တစ်ဦးကိုတစ်ဦးလေးစားမယ်။ နောက်ဆုံးအနေနဲ့ ပြောရရင် အကြောင်းတစ်စုံတစ်ရာကြောင့် လူချင်းဝေးနေမယ်ဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်းနီးနေမယ်ဆိုရင် သာယာပျော်ရွှင်နေတဲ့ မိသားစုလေးတစ်ခုကို ဖန်တီးနိင်မှာပါ။ ဒါကြောင့် ဘယ်လောက်ပဲဒေါသဖြစ်ဖြစ် မင်းရဲ့နှလုံးသားလေးကို အဝေးထွက်မသွားစေဘဲ ပိုင်ရှင်ဖြစ်တဲ့ မင်းရဲ့ဇနီးအနားမှာပဲ ထားလိုက်မယ်ဆိုရင် မင်းတို့အိမ်ထောင်ရေးက အခုထက်အများကြီးပျော်ရွှင်စရာကောင်းလာမှာပါ” လို့ ဆုံးမလိုက်ပါတယ်။

Ref: “Grandpa and Grandson”

Paradise (ရိုးရာလေး)

Comments are closed.