အူဝဲရဲ့သရုပ်ဆောင်ချက်တွေကြောင့် မျက်ရည်ကျခဲ့ရတဲ့ ရန်အောင်

အူဝဲရဲ့သရုပ်ဆောင်ချက်တွေကြောင့် မျက်ရည်ကျခဲ့ရတဲ့ ရန်အောင်

ကိုရန်လေးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ရန်အောင်ဟာဆိုရင် အခုအချိန်မှာ ဝါရင့်မင်းသားကြီးတစ်လက်ဖြစ်နေပြီး အခုနောက်ပိုင်းမှာ ဖက်ရှင်တွေကလည်း အရမ်းမိုက်လွန်းလို့ ပရိသတ်တွေပိုတိုးလို့နှစ်သက်အားပေးနေကြတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရန်အောင်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ကျွန်မချစ်သော ယောက်ျားသုံးယောက်ထဲက အူဝဲရဲ့ သရုပ်ဆောင်ချက်တွေက ရင်ထဲကိုထိတဲ့အကြောင်း ပြောပြသွားခဲ့ပါတယ်။

ကျွန်မချစ်သော ယောက်ျားသုံးယောက်ရုပ်ရှင်အကြောင်းကို ရန်အောင်က “ဒီအချစ်ဆုံးယောက်ျားတွေအကြောင်းကို သူပြောပြောလာတဲ့ဟာတွေက ဒီဇာတ်ကြောင်းအရကို လေးနက်မှုရှိတယ်။ အဓိက အိုက်တင်အများဆုံးလုပ်ရတာကတော့ အူဝဲပေါ့။ အူဝဲရဲ့အိုက်တင်တွေက တကယ့်ကို ကွက်တိကွက်တိဝင်တယ်”လို့ ပြောပြထားပါတယ်။

အူဝဲရဲ့သရုပ်ဆောင်ချက်တွေက ရင်ထဲကိုရောက်ပြီး မျက်ရည်တောင်ကျရတယ်လို့လည်း “အူဝဲရဲ့ expression တွေအားလုံးက ကျွန်တော်တို့ရင်ထဲကိုရောက်တယ်။ ကျွန်တော်တို့တောင်မှရင်ထဲကိုထိရတယ်။ အကုန်တော်ပါတယ်။ ကျွန်တော်တောင်မှမျက်ရည်တကယ်ကျရတယ်။ နောက်ဆုံးခန်း ကျွန်တော်တို့ပါတဲ့ အခန်းတွေလည်းကြိုက်တယ် ။အူဝဲအနေနဲ့ သူ့ယောက်ျား accident ဖြစ်လို့ ဆေးရုံမှာသွားပြီး၊ သူမယုံတာ၊သူလက်ခံတယ်၊ ဒါပေမယ့် မဟုတ်ဘူးလို့ သူငြင်းတာ။ ရင်ထဲကိုအရမ်းထိပါတယ်၊နောက်ဆုံးသူ့သားနဲ့ပြောတဲ့အခန်းကိုလည်း ရင်ထဲအရမ်းထိပါတယ်။ ကိုမင်းဦးနဲ့ အူဝဲရဲ့ မျက်နှာ expression တွေကို ကျွန်တော်အရမ်းသဘောကျပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

နောက်ပြီး ဇာတ်လမ်းထဲမှာပါတဲ့လူတွေလည်းအကုန်တော်ကြကြောင်း “အကုန်တော်ပါတယ်။ ပါဝင်တဲ့သူတွေအားလုံး၊ မမို့ဆိုလည်းအရမ်းကောင်း၊ ကျန်တဲ့ ကိုမင်းဦးဆိုလည်းကောင်းတာပဲ။ ကလေးတွေလည်းတော်ကြတယ်။ အားလုံးခြုံပြီးပြောရရင်တော့ ဒီကားလေးဟာ ကြည့်သင့်တဲ့ကားလေးပါ။ ပညာတွေလည်းအများကြီးရမယ့်ကားလေးပါ”လို့ ဖြေကြားထားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.