လူအရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ သတင်း ကြောင့် မျက်ရည်တွေကျလာရတယ် ဆိုတဲ့ အလှဖန် တီးရှင် မေဦး

ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာမှာ အပြစ်မဲ့ ပြည်သူ ၁၁ ဦးဟာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရ တယ်လို့ သိရပါတယ်။

ဒီသတင်းဟာ ဓာတ်ပုံ၊ ဗီဒီယိုများနဲ့တကွ အလျှို အလျှို ပေါ်ထွက်ခဲ့ပြီးတဲ့နောက် ပြည်သူအများ ထိတ်လန့်တုန်လှုပ်ပြီး အပူမီး ကြွခဲ့ကြပါ တယ်။

ဒီသတင်း​တွေ ကြည့်ပြီးတဲ့နောက် အလှဖန်တီးရှင် မေဦးမှာ အလွန် စိတ်ထိခိုက်သွားရကြောင်း ခုလို facebook မှာ ရေးသားခဲ့ပါတယ်။

“ဖယောင်းစက် လက်ပေါ်ကျတာတောင် ပူလို့ တော်တော်မခံနိုင်တာ…. ကြည့်ရင်းနဲ့ မျက်ရည်တွေ ကျလာရတယ်။

Advertisement

တကယ်တော့… ၉ ထပ်မြောက် ငရဲက မြန်မာပြည်” ဆိုပြီး နာကြည်းစွာ ရေးသားခဲ့ပါတယ်။

အလှဖန်တီးရှင် မေဦးဟာ ပြည်သူ့ဘက်တော်သားတစ်ဦး ဖြစ်ပြီး သူ့ရဲ့ အရည်အချင်းနဲ့ တည်ကြည်ရဲရင့်တဲ့ နှလုံးသားကြောင့် ပရိသတ်တွေ ရဲ့ ချစ်ခြင်းကို ခံယူရရှိထားတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။

[zawgyi]


Advertisement





Advertisement


Be the first to comment

Leave a Reply

Your email address will not be published.


*