မွေးနေ့လေးမှာ ချစ်သူရဲ့ Surprise လုပ် လက်ထပ်ခွင့်တောင်းတာခံလိုက်ရတဲ့ ချစ်စနိုးဦး

မွေးနေ့လေးမှာ ချစ်သူရဲ့ Surprise လုပ် လက်ထပ်ခွင့်တောင်းတာခံလိုက်ရတဲ့ ချစ်စနိုးဦး

မင်းသမီးလေး ချစ်စနိုးဦးလို့ဆိုလိုက်ရင် နာမည်လေးနဲ့လိုက်အောင်ကို ချစ်စရာကောင်းတဲ့ မျက်နှာထားလေးကိုပိုင်ဆိုင်ထားတာ ပရိသတ်ကြီး သိကြမှာပါနော်။ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ချစ်စနိုးဦးတစ်ယောက်က ချစ်စရာအသံလေးနဲ့လည်းသီချင်းတွေကို သီဆိုတတ်သူလေးပါ။ အနုပညာလောကထဲ ရပ်တည်လာတာ ဆယ်စုနှစ်ရှိခဲ့ပြီဖြစ်တဲ့ ချစ်စနိုးဦးလေးကတော့ ယနေ့ချိန်ထိ နုပျိုလန်းဆန်းပြီးတော့ သွက်လက်နေဆဲပါပဲ။

ချစ်စနိုးဦး ကတော့ သူမနဲ့တချိန်တည်း အနုပညာလောကထဲကိုဝင်ရောက်လာကြသူတွေ မိသားစုကိုယ်စီနဲ့အိမ်ထောင်ကျသွားကြပေမယ့် သူမကတော့ ယနေ့အချိန်ထိ အပျိုကြီးဘဝကို ခံယူထားဆဲပါပဲ။

ချစ်သူသက်တမ်း (၅) နှစ်ကျော်လာတဲ့ Relationship လေးတစ်ခုကို ပရိသတ်တွေကိုအသိပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့လေးကတော့ သရုပ်ဆောင် ချစ်စနိုးဦးရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့လေးကိုတော့ သရုပ်ဆောင် ချစ်စနိုးဦးက အလှူအတန်းတွေနဲ့အတူ ဖြတ်သန်းနေတာကိုလည်းတွေ့ရပါတယ်။ သူမရဲ့ မွေးနေ့အလှူအဖြစ် သီလရှင် စာသင်တိုက်လေးမှာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ချစ်စနိုးဦးရဲ့ ဒီနေ့ မွေးနေ့လေးမှာ ထူးထူးခြားခြားဖြစ်သွားတာကတော့ ချစ်ရတဲ့ချစ်သူရဲ့ Surprise လုပ်ပြီး လက်ထပ်ခွင်တောင်းတာကိုခံလိုက်ရတာပဲဖြစ်ပါတယ်။ မှတ်မှတ်ရရ သူမရဲ့မွေးနေ့လေးကတော့ အရမ်းကိုမှ ပြီးပြည့်စုံတဲ့ မွေးနေ့လေးဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီအမှတ်တရပုံလေးတွေနဲ့အတူ ရန်ရန်ချန်းက သူ့ရဲ့အကောင့်ကနေပြီးတော့  သက်ဆုံးတိုင်ပေါင်းဖက်နိုင်ဖို့လည်း ဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။

“ညီငယ်ဖိုးသားနဲ့​ ညီမငယ်​ ချစ်စနိုးတို့​ ရာသက်ပန်ကွာ 👏👏👏💯🎉🎊” လို့ ဆုတောင်းပေးထားခဲ့ပါတယ်။

Marry Me ဆိုတဲ့ စာလုံးလေးနဲ့ ရိုလိုက်တာနော် ချစ်သူလေးက

ဒီ Surprise လေးကိုတော့ စိန်ဂျွန်းရုပ်ရှင်ရုံမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်

တကယ်ကို ပျော်ဖို့ကောင်းတဲ့ အမှတ်တရလေးကတော့ ချစ်စနိုးဦးရဲ့မွေးနေ့လေးမှာ ရရှိခဲ့ပြီလို့ မျှော်လင့်ပါတယ်နော်။ ချစ်စနိုးဦးနဲ့ ချစ်သူ တို့ (၂) ဦး တစ်သက်တာ ပျော်ရွှင်ဖို့ကောင်းတဲ့ အမှတ်တရတွေကိုပဲ ဖန်တီးနိုင်ကြပါစေနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.