အသက်ရှုမှားသွားစေလောက်တဲ့ DHOOM 3 ဇာတ်ဝင်တေးသီချင်းရိုက်ကူးရေးနောက်ကွယ်မှပုံရိပ်များ

အသက်ရှုမှားသွားစေလောက်တဲ့ DHOOM 3 ဇာတ်ဝင်တေးသီချင်းရိုက်ကူးရေးနောက်ကွယ်မှပုံရိပ်များ

DHOOM 3 ဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ အိန္ဒိယ ထိတ်လန့်သည်းဖို အက်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ မြန်မာပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသား မင်းသားကြီး Aamir Khan မှ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ခဲ့ကာ Abhishek Bachchan, Katrina Kaif နဲ့ Uday Chopra တို့ကလည်း အဓိက သရုပ်ဆောင်တွေအဖြစ်ပါဝင်ခဲ့ပါတယ်။ Dhoom ဇာတ်ကားဟာ စီးရီးအလိုက်ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီတစ်ခါပြောပြချင်တဲ့ ဇာတ်ကားအကြောင်းကတော့ Dhoom စီးရီးရဲ့ ၃ခုမြောက်ဇာတ်ကားဖြစ်တဲ့ DHOOM 3 ပဲဖြစ်ပါတယ်။

US ဒေါ်လာ 24 million ကုန်ကျခဲ့ပြီး ရိုက်ကူးရေးစရိတ်အများဆုံး ဘောလိဝုဒ်ဇာတ်ကားတွေထဲက တစ်ကားလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသပြီး ၁၀ရက်အကြာမှာပဲ US ဒေါ်လာ 56 million အသားတင်အမြတ်ငွေရရှိခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်း

၁၉၉၀ ပြည့်နှစ်ကာလမှာ”The Great Indian Circus” ရဲ့ပိုင်ရှင် အိန္ဒိယလူမျိုး မျက်လှည့်ဆရာ Iqbal Haroon Khan ဟာ သူ့ရဲ့ ဆပ်ကပ်အဖွဲ့ ရပ်တည်ရေးအတွက် အနောက်ချီကာဂိုဘဏ်ကို မှီခိုနေရပါတယ်။ သူ ဘယ်လောက်ပဲ လှည့်ကွက်တွေပြပြီး ဆပ်ကပ်ကြီးကို တည်တံ့ခိုင်မြဲအောင် ကြိုးစားပါစေ…. ဘဏ်ပိုင်ရှင် Anderson ကတော့ ဒီဆပ်ကပ်ကို ပိတ်သိမ်းလိုက်ဖို့ရာ ဖိအားပေးနေပါတယ်။ အစောပိုင်းကတည်းက အဆိုပါ ဆပ်ကပ်အဖွဲ့ကို ပိတ်ပစ်ဖို့ပဲ အားသန်နေတဲ့ ကြောင့် ဆပ်ကပ်ပိုင်ရှင်ဟာ စိတ်ဓာတ်တွေအကြီးအကျယ်ကြပြီး ကိုယ့်ကိုယ်ကို သတ်သေသွားပါတော့တယ်။ အဲဒီအဖြစ်အပျက်ကို ဖခင်နဲ့အတူ ဆပ်ကပ်ပြပြီး Anderson ဆီက အကူအညီ မျှော်လင့်နေရှာတဲ့ Sahir Khan ဟာ အစအဆုံး မြင်တွေ့လိုက်ရပါတယ်။

ဒီလိုနဲ့ The Great Indian Circus ဟာ ကျန်ရှိနေတဲ့ အမြွာ ညီအစ်ကို (၂)ယောက်ကပဲ ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ အဆိုပါညီအစ်ကို (၂)ယောက်ဟာ တစ်ဖက်မှာလည်း ဆက်ကပ်ကို ကြိုးကြိုးစားစားကပြဖျော်ဖြေနေခဲ့သလို နောက်တစ်ဖက်မှာလည်း ဖခင်ဖြစ်သူသေဆုံးသွားခဲ့တာကြောင့် အနောက်ချီကာဂိုဘဏ်ကို ဖြိုခွဲဖို့ ညီအစ်ကို နှစ်ယောက်တည်း အဆင့်မြင့်နည်းပညာတွေနဲ့ကြိုးစားနေပါတယ်။ ဒီနေရာမှာပြောချင်တာက Aamir Khan ဟာ အမြွာ ညီအစ်ကိုအနေနဲ့ နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်။

အမြွာ ညီအစ်ကိုတွေဖြစ်ကြပေမယ့်လည်း အကိုဖြစ်သူက ခက်ထန်ပြီး လက်စားချေဖို့ကိုသာ တစ်စိုက်မက်မက်ကြိုးစားနေသူဖြစ်ပြီး ညီငယ်ဖြစ်သူကတော့ အနည်းငယ် ဥာဏ်ချို့ယွင်းသူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဆပ်ကပ်ထဲဝယ် ခေါင်းဆောင်မင်းသမီးတစ်ယောက်ရောက်လာခဲ့တာ ညီငယ်ဖြစ်သူနဲ့ ရည်ငံလုနီးနီးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ချီကာဂိုဘဏ်ဘက်မှာလည်း စုံထောက် (၂)ယောက်ကို ငှားရမ်းကာ အဆိုပါအမှုကို လိုက်စေခဲ့ပါတယ်။

၁၅၀၀ မေတ္တာ၊ ၅၂၈ မေတ္တာတွေကိုလည်း ရင်ထိတ်သည်းဖိုဇာတ်ဝင်ခန်းတွေထဲကမှတစ်ဆင့်မြင်တွေ့ခဲ့ရပါတယ်။ Dhoom 3 ဟာ အရင် Dhoom ဇာတ်ကားတွေထက် ရိုက်ချက်တွေ ပိုမိုအသားပေးရိုက်ကူးထားပြီး အလှအပနဲ့ အကခန်းတွေ၊ အတိုက်အခိုက်ခန်းတွေမှာ အသေးစိတ် အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာကို မြင်တွေ့ရပါတယ်။

CGI Effect တွေသုံးထားတာတွေပါဝင်ပေမယ့်လည်း ကကွက်တွေကိုတော့ အစစ်အမှန်အတိုင်းခက်ခက်ခဲခဲ ကပြထားတာတွေကို ရိုက်ကူးရေးနောက်ကွယ်က ဗီဒီယိုတွေမှာလည်း ရင်သပ်ရှုမောဖွယ်မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ပရိတ်သတ်ကြီးလည်း ရင်သပ်ရှုမောရအောင် ရိုက်ကူးရေးနောက်ကွယ်က ဗီဒီိယိုတွေကိုဖော်ပြပေးလိုက်ပါတယ်။

ခက်ခဲပင်ပန်းစွာနဲ့ အကတိုက်နေကြတဲ့ Aamir Khan နဲ့ Katrina Kaif

အန္တာရာယ်များတဲ့ကကွက်တွေနဲ့ မင်းသမီး Katrina Kaif

နာမည်ကျော် DHOOM 3 ရဲ့ ဇာတ်ဝင်တေးသီချင်း Malang

Katrina Kaif ရဲ့ အကအလှကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ခဲ့ရတဲ့ Kamli သီချင်း

ဒီလိုခက်ခဲတဲ့ ရိုက်ကူးရေးတွေကြောင့်လည်း သြချစရာကောင်းလောက်တဲ့ ရလဒ်တွေရရှိလာတယ်ဆိုတာကတော့ အထွေအထူးရှင်းပြစရာတောင်မလိုတော့ပါဘူးနော်။ သင်ကော ရိုက်ကူးရေးနောက်ကွယ်က ပုံရိပ်တွေကို ကြည့်ပြီးဘယ်လိုသဘောရပါသလဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.