“အထူးသတိထားဖို့ ကြိုတင်သတိပေးနှိုးဆော်ချက်”

“အထူးသတိထားဖို့ ကြိုတင်သတိပေးနှိုးဆော်ချက်”

မုန် တိုင်းမရှိရင် မြန်မာပြည်အထက်ပိုင်းနှစ်စဉ် အပူချိန်ထက်၂ စင်တီဂရိတ် အေးကာအောက်ပိုင်းမှာ၁ စင်တီဂရိတ် ပိုပူပြီးေ ချာက်သွေ့ နိုင်တယ် ။ ဆည် ရေ တွေ အ လေ အလွင့် မရှိဖို့ အထူ သတိထားပါ ။ ဘင်္ဂလား ပင်လယ် လေကတရုတ်ပြည်ဖက် ဆက်တိုက်ခတ်နေကာမြောက်ဖက် လေ အေး ကြောင့်လေစိုက် ဆင်းနေပါ သေးတယ် ။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်း

မင်္ဂလာပါ —————” နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၂/၂၀၁၉)”(၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ထုတ်ပြန်ချက်)

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့်မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန် များတစ်ဖြည်းဖြည်း မြင့်တက်လာရာမှအပူပျံတက်တိမ်များဖြစ်ထွန်း၍မွန်းလွဲ/ ညနေပိုင်း တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊

အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာ တစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့်နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင် လေသည်တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့်မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပေါ်လာနိုင်သည့်မိုးလေဝသဖြစ်စဉ်များအား အထူးဂရုပြုနေထိုင်သွားကြပါရန်ကြိုတင် သတိပေးနှိုးဆော်အပ်ပါသည်။ (၂၀၁၉ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။

လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့် သာယာခဲ့ပါသည်။

နေ့အပူချိန်များမှာကယားပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်မတ်လ၏ ပုံမှန်အပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မတ်လ၏ ပုံမှန်အပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်မတ်လ၏ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါသည်။

ထူးခြားသည့် နေ့အပူချိန်များမှာချောက်မြို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်၊မိတ္ထီလာမြို့၊ ညောင်ဦးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့၊ တောင်ငူမြို့နှင့်ဘော်လခဲမြို့တို့တွင်(၄၀)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်အများအားဖြင့် သာယာနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်ချင်း ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.