ရခိုင်ပြည်နယ်တွင် (၄)လအတွင်း တပ်မတော်နှင့် (AA)လက်နက်ကိုင်တို့ တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားလာ

ရခိုင်ပြည်နယ်တွင် (၄)လအတွင်း တပ်မတော်နှင့် (AA)လက်နက်ကိုင်တို့ တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားလာ

စစ်ရေးပဋိပက္ခများ လျှော့ချရန် လိုအပ်သလို လုပ်ဆောင်မည်ဟု (AA) ထုတ်ပြန်၊ မြို့ပေါ်၌ တိုက်ပွဲ စတင်ဖြစ်ပွားနေပြီး အရပ် သားထိခိုက်မှုတိုးလာ

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင် အဖွဲ့(AA) အကြား ရခိုင်ပြည်နယ် ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများသည် လေးလ အတွင်း အပြင်းထန် ဆုံးဖြစ် လာသည်။

၂၀၁၈ နိုဝင်ဘာလကုန်ပိုင်း ကတည်းက ရခိုင်ပြည်နယ်အ တွင်းရှိ မြို့နယ်များ၌ တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ရာ မတ်လ လယ်တွင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၌ လေ ကြောင်းတိုက်ခိုက်မှုများ အပါအ ၀င်တိုက်ပွဲများပြင်းထန်ခဲ့ပြီး မတ် လ ၁၅ ရက်တွင် မြောက်ဦးမြို့ပေါ် ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြောက်ဦးမြို့ပေါ်တွင်တိုက် ပွဲမဖြစ်ပွားမီ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက် ၍ တပ်မတော်က မတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်ရာ မတ်လ ၁၁ ရက်နေ့လယ်၌ ကျောက်တော်မြို့ ကန်ဇောက် ကျေးရွာတောင်ဘက်တွင် AA ယာယီအခြေပြုစခန်း တွေ့ရှိပြီး တိုက်ပွဲဖြစ်ပွားရာ မတ်လ ၁၃ ရက်ညနှင့် ၁၄ ရက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ကူ၊ ပစ်အား ရယူလျက် ပြင်းထန်စွာတန် ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် AA အဖွဲ့များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာ သွားကြောင်း ပါရှိသည်။

ဖြစ်စဉ်တွင် မိမိဘက်မှ အ ရာရှိ၊ စစ်သည်အချို့ကျဆုံးဒဏ် ရာရရှိခဲ့ပြီး AA ဘက်မှလက်နက်၊ အလောင်းနှင့် ယာယီအခြေပြု စခန်းတစ်ခုတို့ကို သိမ်းပိုက်ရရှိ ခဲ့ကြောင်း ဖော်ပြသည်။

မတ်လ ၁၅ ရက်တွင် မြောက်ဦးမြို့ပေါ်၌ ပစ်ခတ်မှုများ ဖြစ်ပွားပြီး ရှေးဟောင်းစေတီပု ထိုးအချို့ လက်နက်ကြီးစထိမှန် ကြောင်း ဒေသခံသံဃာတော်တစ် ပါးက မိန့်သည်။ နေအိမ်အချို့အ နည်းငယ်ပျက်စီးခဲ့သည်ဟု မိန့် ကြားသည်။

တိုက်ပွဲများကြောင့် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် မြောက်ဦးမြို့နယ်မှ အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့သည်။‘‘မနေ့ညက ပုဏ္ဏားကျွန်းမှာ ရော မြောက်ဦးမှာပါ အများကြီး ပစ်ကြတယ်။ မြောက်ဦးမြို့အ၀င် နားမှာ သေနတ်ထိလို့အမျိုးသမီး တစ်ယောက်ဒဏ်ရာရသွား တယ်။ ဘုရားတွေလည်း ကျည် ဆန်တွေထိတယ်လို့ပြောတယ်။ မြို့ထိပ်ဝမှာဖြစ်ကြတာ။ ရွှေ တောင်ဆိုတဲ့ တောင်ထက်ကနေ ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ် နေတယ်လို့ပြောတယ်’’ ဟု မြောက်ဦးမြို့နယ် ကံဇောက်ကျေး ရွာအုပ်ချုပ်ရေးမှူးဦးစောနိုင်က ပြောသည်။

မတ်လ ၁၆ ရက်ပစ်ခတ်မှု တွင်လည်း တောင်ဦးရွာနေ အမျိုး သမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး တပ်မတော်၏ ပစ်ခတ်မှုကြောင့်ဟု ဦးစောနိုင်က ဆိုသည်။ သို့သော် 7Day Daily သတင်းစာက သီးခြားအတည် ပြုနိုင်ခြင်းမရှိပေ။

ထို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မတ်လ ၁၆ ရက်က ကုလားတန်မြစ်ကြောင်း အတိုင်း မောင်းနှင်လာသည့် ဆောက်လုပ်ရေးပစ္စည်းများသယ် ဆောင်လာသောစက်လှေတစ်စီး ကို AA က ပစ်ခတ်၍အင်ဂျင်ခန်း မီးလောင်ပျက်စီးခဲ့သည်ဟု ချင်း ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ပြောသည်။

‘‘စက်လှေက တံတားစီမံ ကိန်းအတွက် ဆောက်လုပ်ရေး ပစ္စည်းတွေ သယ်လာတာ။ မနက် ၉ နာရီခွဲမှာ အပစ်ခံရတာ။ လူ တွေကတော့ ထိခိုက်မှုမရှိဘူး။ စက်လှေကတော့ ပျက်စီးသွား တယ်’’ ဟု အထက်ပါရဲအရာရှိက ပြောသည်။

ရခိုင်ဒေသ၌ ဖြစ်ပွားနေ သော တိုက်ပွဲများသည် တိုက်ပွဲ ဖြစ်ခဲ့သည့်ကာလတစ်လျှောက် အရှိန်အမြင့်ဆုံး ဖြစ်သည်ဟု လက်နက်ကိုင်ပဋိပက္ခ အခြေ အနေကို စောင့်ကြည့်လေ့လာ နေသည့်သုတေသနအဖွဲ့ လေ့ လာစောင့်ကြည့်ရေးအဖွဲ့ (MIPS)အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးကပြောသည်။

‘‘မကြာခင်က ပုဏ္ဏားကျွန်း ဘက်မှာဖြစ်သွားတဲ့ဟာကိုကြည့် မယ်ဆိုရင် တပ်မတော်စစ် ကြောင်းတွေကို AA က ၀ိုင်းပြီး ပိတ်တိုက်ပုံရတယ်။ ပိတ်တိုက် တော့ တပ်မတော်ကလည်း ကျောက်တော်နားမှာ AA စခန်းရှိ တော့ တပ်မတော်က လိုက်ရှင်းပုံ ရတယ်။ ရှင်းနေတဲ့စစ်ကြောင်းကို သာလွန်အင်အားနဲ့ တိုက်တဲ့အခါ တပ်မတော်ဘက်က ပစ်အားကို ပိုမြှင့်လိုက်ပုံရတယ်။ ပစ်အားပို မြှင့်လိုက်တယ်ဆိုတာ အရင်တုန်း ကထက်စာရင် လက်နက်ကြီးတွေ ပိုပစ်လာတယ်။ နောက်ပြီးတော့ လေကြောင်းပစ်ကူပေါ့’’ ဟု ၎င်း ကဆိုသည်။

လေကြောင်းပစ်ကူတွင် ယခင်က တိုက်ခိုက်ရေးရဟတ် ယာဉ်များကိုသာ သုံးသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တိုက်လေယာဉ်အသုံးပြုသည်ကို တွေ့ရကြောင်း ဒေါက်တာမင်း ဇော်ဦးက ပြောသည်။

‘‘တခြားတိုက်ပွဲတွေနဲ့ကွဲတဲ့ အချက်က အရင်တုန်းက တခြား တိုက်ပွဲတွေမှာဆိုရင် တပ်မတော် ဘက်က ညဘက်ဆိုရင်လေ ကြောင်းစစ်ဆင်ရေးမလုပ်နိုင်ခဲ့ ဘူးဆိုတဲ့အနေအထားရှိတယ်။ ညဘက်လေကြောင်းစစ်ဆင်ရေး လုပ်ဖို့ဆိုတာ ကိုယ့်ရဲ့လေယာဉ်ပျံ မှာ ညဘက်ပစ်လို့ခတ်လို့ရတဲ့ စက်ကိရိယာတွေပါဖို့လိုတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ပိုင်း လော့ကလည်း ညဘက်စစ်ဆင် ရေးလုပ်နိုင်တဲ့သင်ကြားမှုတွေရှိ ဖို့လိုတယ်ပေါ့။ အခုကတော့ တပ်မတော်ဘက်က ညဘက် လေကြောင်းစစ်ဆင်ရေးတွေ လုပ်တာတွေ့လာတဲ့အခါ တပ်မ တော်က သူ့ရဲ့စစ်လက်နက် ပစ္စည်းနည်းပညာတိုးတက်လာ တဲ့ဟာတွေကိုလည်း လိုအပ်သလို ချပြီးတော့ သုံးနေတဲ့ပုံစံ’’ဟု ၎င်း ကဆိုသည်။

စစ်ရေးပဋိပက္ခပြင်းထန်လာ ခြင်း၏ အကျိုးဆက်အဖြစ် ထိ ခိုက်ဒဏ်ရာရမှုများပြားပြီး အထူး သဖြင့် AA ဘက်ကပိုများကြောင်း၊ အချို့နေရာများတွင် AA တပ်များ ပိတ်မိနေသည်ဟုသိရကြောင်း ဒေါက်တာမင်းဇော်ဦးက ပြော သည်။

AA ကလည်း မတ်လ ၁၃ ရက်၊ ၁၄ ရက်များတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့မှုအခြေအ နေများကို သတင်းထုတ်ပြန်ထား ရာ တပ်မတော်ဘက်မှ လက်နက် ကြီးပစ်ခတ်မှုထောင်ချီရှိခဲ့ပြီး ရဟတ်ယာဉ်၊ တိုက်လေယာဉ်တို့ ဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်ဘက်မှ အင်အားထပ် တိုးမှုများကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ဖွယ်ရှိ သည့်အပြင် တိုက်ပွဲဧရိယာပို ကျယ်လာနိုင်ကြောင်း ဖော်ပြထား သည်။ ထို့အပြင် စစ်ရေးဖိအား လျှော့ချနိုင်ရန် လိုအပ်သလိုလုပ် ဆောင်မည်ဟု AA က ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအ နေများနှင့်ပတ်သက်ပြီး မေးမြန်း ရန် တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့တာဝန်ရှိသူအချို့ နှင့် AA ပြောရေးဆိုခွင့်ရှိသူတို့ထံ မတ်လ ၁၆ ရက်က ဆက်သွယ်ရာ ဖုန်းအဆက်အသွယ်မရပေ။

credit:7day daily

Comments are closed.