ရုပ်ရှင်ကြည့်နေသူတွေမသိအောင် ခိုးစောင့်နေပြီး surprise လုပ်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

ရုပ်ရှင်ကြည့်နေသူတွေမသိအောင် ခိုးစောင့်နေပြီး surprise လုပ်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ပြေတီဦးနဲ့အတူတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မ်သားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သူမချစ်ရတဲ့ မိသားစုလေးနဲ့ တန်ဖိုးထားရတဲ့ အနုပညာအလုပ်တွေကို ခွဲဝေလုပ်ကိုင်နေလျက်ရှိပါတယ်။

မတ်လ(၁၆)ရက်နေ့က အကယ်ဒမီအိန္ဒြာကျော်ဇင်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့နေ့မှာ ပရိသတ်တွေကို Surprise အကြီးကြီး လုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သမ္မတရုပ်ရှင်ရုံမှာ “ကျွန်မအချစ်ဆုံး ယောကျာ်းသုံးယောက်” ရုပ်ရှက်ဇာတ်ကား လာရောက်ကြည့်ရှုတွေကို မထင်မှတ်ထားပဲ လာရောက် Surprise လုပ်ပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့လို Surprise လုပ်ဖို့ အိန္ဒြာကျော်ဇင်က ပြနေတဲ့ ရုပ်ရှင်မပြီးသေးလို့ ပရိသတ်တွေမမြင်အောင် ခိုးစောင့်နေရပါတယ်တဲ့။

ဒါ့အပြင် အိန္ဒြာကျော်ဇင်က “ကြိုးစားရကျိုးနပ်လိုက်တာ…. ကျေးဇူးတင်ပါတယ် ချစ်သောပရိသတ်ကြီး❤️ကားတင်တဲ့နေ့ကစပြီးပွဲစဉ်တိုင်းရုံအပြည့်အားပေးကြတဲ့ပရိသတ်ကြီးကို မနေ့ကsurprise သွားနှူတ်ဆက်ရင်း ကျေးဇူးတင်စကားပြော😍” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ မျှဝေထားပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာ နေတိုးနဲ့အတူတူ “Box 88” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဆက်လက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.