၂၃-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

၂၃-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းဟာ အသင်းမန်နေဂျာသစ် ဆိုးလ်ရှားရဲ့လက်ထက်မှာ ကာလရှည်ဝေးကွာနေခဲ့တဲ့ သွင်းဂိုး(၅) ဂိုးနိုင်ပွဲတစ်ပွဲကိုပြန်လည်ရရှိခဲ့ပါတယ်။ ကာဒစ်ဖ်ကို (၁-၅) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ နည်းပြ ဖာဂူဆန်ရဲ့ လက်ထက်ပြီးတဲ့နောက် ပထမဆုံး (၅) ဂိုးသွင်းနိုင်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပြီး မန်ယူတိုက်စစ်ကို ဒီလိုပုံစံမျိုးနဲ့ မမြင်ရတာ ကြာခဲ့ပြီလို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။ မန်ယူအသင်းရဲ့ သွင်းဂိုးတွေကို ရက်ရှ်ဖို့ဒ်၊ လင်ဂတ်နဲ့ ဟာရဲရားတို့က သွင်းယူပေးခဲ့ပြီး ကာဒစ်ဖ်အသင်းကတော့ ပင်နယ်တီကနေ ချေပဂိုးတစ်ဂိုး ရရှိခဲ့တာပါ။

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရလို့ အမှတ်ပေးဇယား ပထမနေရာက လီဗာပူးလ်အသင်းနဲ့ (၄)မှတ်အထိ ကွာဟသွားခဲ့ရပြီဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ လူစုံပါဝင်ခဲ့ပေမယ့်လည်း ပွဲချိန်ပထမပိုင်းမှာတင် ပဲလေ့စ်ရဲ့ (၁-၂) ဂိုးနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရသလို ပွဲချိန်ဒုတိယပိုင်းမှာလည်း ပင်နယ်တီတစ်လုံးပေးခဲ့ရလို့ ချေပဂိုးတွေရဖို့ အသည်းအသန်ကြိုးစားခဲ့ရတာပါ။ ဒီဘရိုင်း၊ အဂွီရိုတို့ လူစားဝင်လာပြီးတဲ့နောက် မန်စီးတီးရဲ့ ကစားပုံ ပိုကောင်းလာခဲ့ပေမယ့်လည်း ဂိုးရဖို့ခက်နေခဲ့ပါတယ်။ ပွဲချိန် (၈၅)မိနစ်မှာ ဒီဘရိုင်း ချေပဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် နောက်ထပ် ဂိုးတွေမရခဲ့တာကြောင့်  ပွဲအပြီးမှာမန်စီးတီးတို့ ရမှတ်တွေ ဆုံးရှုံးသွားခဲ့ရတာပါ။ ဒီရှုံးပွဲကြောင့် မန်စီးတီးရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ အားနည်းသွားခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပါတယ်။READ(၃-၅-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

AFP

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက လက်စတာကို (၀-၁)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အသင်းရဲ့ တိုက်စစ်ကစားပုံဟာ အားနည်းမှုတွေရှိနေတယ်လို့ဝန်ခံသွားခဲ့ပါတယ်။ တိုက်စစ်မှူး မိုရာတာ ဒဏ်ရာရနေတဲ့အချိန်မှာ ဟာဇက်ကို အထောင်တိုက်စစ်မှူးအဖြစ်ထားပြီး ကစားခဲ့တဲ့ ဆာရီရဲ့ ကစားကွက်က လိုအပ်ချက်တွေရှိနေခဲ့ပြီး အသင်းအနေနဲ့ တိုက်စစ်မှူးတစ်ယောက် ၀ယ်ယူဖို့ လိုအပ်နေပြီဆိုတာ သက်သေပြလိုက်တာပဲလို့ ဆာရီက ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အဲဒီပွဲစဉ်မှာ အခွင့်အရေးတွေများစွာ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပဲ ပွဲချိန် (၅၁)မိနစ်မှာ သွင်းယူခဲ့တဲ့ ဗာဒီရဲ့သွင်းဂိုးတစ်ဂိုးတည်းနဲ့ လက်စတာအသင်းကို အရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ်။

EPA

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ယူအေအီးကလပ် အယ်လ်အိန်း အသင်းကို (၄-၁) ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံဆုဖလားကိုဆွတ်ခူးသွားခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ဒီဆုဖလားကို ပြီးခဲ့တဲ့ (၅)နှစ်အတွင်း (၄) ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး နည်းပြ ဆိုလာရီ လက်ထက်မှာ ပထမဆုံး ရယူနိုင်ခဲ့တဲ့ ဆုဖလားလည်း ဖြစ်လာခဲ့တာပါ။ ရီးယဲလ်အတွက် သွင်းဂိုးတွေကိုတော့ ကွင်းလယ်လူ မိုဒရစ်၊ လော်ရန်တေးနဲ့ နောက်ခံလူ ရာမို့စ် တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

Twitter

ဆန်းချက်ဇ် ။    ။ ဒဏ်ရာပြဿနာကြောင့် ချီလီနိုင်ငံကို ပြန်ပြီး ကုသမှုခံယူနေတဲ့ မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ စနေနေ့ နေ့လည်ပိုင်းက မန်ယူအသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး အပေါ့စား လေ့ကျင့်ခန်းတွေကို ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ အသက် (၃၀) အရွယ် တိုက်စစ်မှူးဟာ တံကောက်ကြော ဒဏ်ရာရရှိနေတာဖြစ်ပြီး သူ့အနေနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြန်လည်လုပ်ဆောင်နိုင်နေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်တာပါ။ မန်ယူအသင်း မန်နေဂျာသစ် ဆိုးလ်ရှားကလည်း ဆန်းချက်ဇ်ရဲ့ ဒဏ်ရာ အမြန်ဆုံး ပျောက်ကင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါသေးတယ်။READဝက်ဝံကိုနှုတ်သီးစွပ်ပြီးလက်ခုပ်တီး, ဘောလုံးပေးခိုင်းတဲ့ ရုရှားဘောလုံးအသင်းဝေဖန်ခံနေရ

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက မနေ့ညက ဘန်လေနဲ့ပွဲမှာ ကစားသွားတဲ့ အိုဇေးလ်ရဲ့ ခြေစွမ်းဟာ သူ့ရဲ့အကြိုက်ဆုံး ပုံစံပဲဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အမ်မရီက အိုဇေးလ်အနေနဲ့ ဒီခြေစွမ်းအတိုင်းပဲ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ ကွင်းလယ် တစ်နေရာဟာ သူ့အတွက် အမြဲရှိနေမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။

ဆန်ချို ။                   ။ ဒီရာသီမှာ ဒေါ့တ်မွန်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဆန်ချိုကို ထိပ်တန်းကလပ်တွေဖြစ်ကြတဲ့ ရီးယဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်နဲ့ မန်စီးတီးတို့က ခေါ်ယူဖို့ အပြိုင်အဆိုင်ဖြစ်နေကြတယ်လို့ TheSun က ဖော်ပြပါတယ်။ အသက် (၁၈)နှစ်သာ ရှိသေးပေမယ့် အကောင်းဆုံးခြေစွမ်းကို ပြသနေတဲ့ ကွင်းလယ်ကစားသမားလေးဟာ ဒီရာသီမှာ ဒေါ့တ်မွန်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေခဲ့ပြီး ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာပါ။ ဒေါ့တ်မွန်အသင်းကတော့ ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ထားခဲ့ပါတယ်။

Twitter

Linn

Source : TheSun , Dailymail , Mirror

Comments are closed.