Star Awards ဆုပေးပွဲမှ ကိုယ့်သဘောဆန္ဒအလျောက် နှုတ်ထွက်လိုက်တဲ့ ခီမောင်နှံ.. ဘာလို့လဲ….လူသိအောင်ရှဲပေးသွားကြပါ

Star Awards ဆုပေးပွဲမှ ကိုယ့်သဘောဆန္ဒအလျောက် နှုတ်ထွက်လိုက်တဲ့ ခီမောင်နှံ.. ဘာလို့လဲ….လူသိအောင်ရှဲပေးသွားကြပါ

မကြာခင်ကျင်းပ ပြုလုပ်တော့မယ့် Star Awards ဆုပေးပွဲကြီးအတွက် အနုပညာရှင်တွေနဲ့အတူတူ ပရိသတ်တွေကပါ ရင်ခုန်နေကြတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ Star Awards ရဲ့ Facebook Offical Page မှ People Choice Award နဲ့ Popular Award အစရှိတဲ့ ဆုတွေအတွက် စံကာတင်အနုပညာရှင်တွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့် စတင်ကြေငြာတဲ့ရက်မှာပဲ အနုပညာရှင်အချို့က နှုတ်ထွက်သွားကြတာကို တွေ့ရပါတယ်။

ပရိသတ်အချစ်တော် ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ကလဲ Star Awards ဆုပေးပွဲကြီးရဲ့ စံကာတင်စာရင်းမှာ ပါဝင်ပြီးမှ သူတို့ရဲ့ သဘောဆန္ဒအလျောက် နှုတ်ထွက်ခဲ့ပါတယ်။

ခီမောင်နှံကိုချစ်တဲ့ ပရိသတ်တွေက Star Awards ဆုပေးပွဲရဲ့ စံကာတင်အယောက်(၂၀)မှာ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ကို မတွေ့ရတော့လို့ ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

ထိုအကြောင်းအရာကြောင့် ဇာဏ်ခီက ပရိသတ်တွေ အထင်အမြင်မလွဲရအောင် သူတို့ကိုယ်တိုင် ဖြုတ်ခိုင်းခဲ့ကြောင်း Voting ပေးပြီးသူများကို တောင်းပန်ကြောင်း ပြန်လည်ပြောဆိုထားပါတယ်။

ခီမောင်နှံကတော့ ဘာအကြောင်းကြောင့် Star Awards ဆုပေးပွဲမှ နှုတ်ထွက်ရကြောင်း မပြောထားပါဘူး။ ခီမောင်နှံအပြင် ရုပ်ရှင်သရုပ်ဆောင် သက်မွန်မြင့်လဲ Star Awards ဆုပေးပွဲမှ ဒီနေ့ပဲ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.