ပွင့်လင်းမြင်သာမှုမရှိတဲ့ Voting စနစ်ကြောင့် Star Awards ရဲ့ People Choice Award မှာ မပါဝင်တော့တဲ့ နေတိုး..ဘာလို့လဲ….လူသိအောင်ရှဲပေးသွားကြပါ Chat Conversation End Type a message…

ပွင့်လင်းမြင်သာမှုမရှိတဲ့ Voting စနစ်ကြောင့် Star Awards ရဲ့ People Choice Award မှာ မပါဝင်တော့တဲ့ နေတိုး..ဘာလို့လဲ….လူသိအောင်ရှဲပေးသွားကြပါ Chat Conversation End Type a message…

ပျိုပျို အိုအိုမရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေတိုးဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူတစ်ဦးပါ။ လက်ရှိမှာလဲ နေတိုးက အအောင်မြင်ဆုံးမင်းသားတစ်ဦးအနေနဲ့ အနုပညာလောကမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေတိုးက Star Awards ဆုပေးပွဲကြီးကနေ မပါဝင်တော့ဘူးပြီး အခုလိုပြောထားပါတယ်။

“Star awards ​​ရဲ့  People choice တဲ့..ကြား​ကြားခြင်း ပရိတ်သတ်နဲ့ ​အနုပညာရှင်​တွေကြား ရင်းနှီးချစ်ခင်မှူ့​အတိုင်း​အတာကိုမြင်ရမဲ့ပွဲတပွဲဖြစ်လို့ ​ပျော်စရာ​ကောင်းတဲ့ ပွဲ​လေးတစ်ပွဲလို့ ​မြင်မိခဲ့ပါတယ်။ ဒါ​ပေမဲ့ ကျွန်တော်တို့ ​အနုပညာရှင်​တွေအားလုံးက ပရိတ်သတ်​အချစ်ကိုမြင်ရ ​ခံရရင်​ကျေနပ်ကြသူ​တွေပါ။”

“ပွင့်လင်းမြင်သာမှူ့မရှိတဲ့ voting စနစ်နဲ့ သူက​တော့ ​နောက်တဆင့်ကိုတက်​ သူက​တော့ bottom ထိုင်ဆိုတာမျိုး အချင်းချင်းကိုယ့်​အနုပညာကိုပြိုင်ဆိုင်ဖို့ ​လျှောက်လွှာတင်ပြီး ပြိုင်ပွဲဝင်ခဲ့သူ​များမဟုတ်ပါဘူး ခင်ဗျာ။”

“People choice award ​အတွက်​ကျွန်တော့်ကို ​အ​​ကြောင်းကြားခြင်းမရှိခဲ့သလို ကျွန်တော်ပါဝင်ပြီး ကျွန်တော့်ကိုချစ်တဲ့ ပရိတ်သတ်​တွေ ​ငွေကုန်​ကြေးကျ​ခံ vote လုပ်​​ပေးရတဲ့ စနစ်နဲ့သွား​နေတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ Facebook စာမျက်​နှာ​ပေါ်​ရောက်မှသိခဲ့ရတဲ့​အတွက်​ ​အစထဲက ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်​နေခဲ့ခြင်းမဟုတ်လို့ နှုတ်ထွက်​တယ်ဆိုတဲ့စ​ကားမသုံးချင်​ပေမဲ့ ကျွန်တော့် ဒီ people choice award ​မှာ​ ပါဝင်ခြင်းမရှိ​တော့​​ကြောင်း ပရိတ်သတ်​တွေကို ​အသိ​ပေးပါရ​စေ။”

“ပရိတ်သတ်တွေရယူပေးတဲ့ဆုတိုင်းကို တမြတ်တနိုးတန်ဖိုးထားပြီး​သားဖြစ်တဲ့​အတွက်​ လက်ရှိအချိန်ထိ vote ​တွေ​အများကြီးရ​နေတဲ့​အတွက်​လဲ ပရိတ်သတ်ကို ​ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်ပါဝင်ခြင်းမရှိဘူး​တော့ဆိုတာ ​အ​​ကြောင်း​ကြားရင်း Vote ပေးပြီးသား ထာဝရပရိတ်သတ်များကိုလဲ ​တောင်း​ပန်ပါတယ် ခင်ဗျာ..။” ဆိုပြီး ပြောလာပါတယ်။

Star Awards ရဲ့ Voting စနစ်ကြောင့် အနုပညာရှင်မျာက မပါဝင်ကြတော့ပေမယ့် ပရိသတ်တွေကတော့ သူတို့ချစ်တဲ့ အနုပညာရှင်အတွက် မဲတွေပေးနေကြဆဲဖြစ်ပါတယ်။ပရိသတ်ကြီးရော နေတိုးပြောတာတွေကို ဘယ်လိုမြင်ကြလဲဆိုတာ ပြောပြခဲ့ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.