နာမည်ကြီးနေတဲ့ Star Awards မှနှုတ်ထွက်ခဲ့ကြတဲ့ အနုပညာရှင်များ….ဘာလို့လဲ….လူသိအောင်ရှဲပေးသွားကြပါ

နာမည်ကြီးနေတဲ့ Star Awards မှနှုတ်ထွက်ခဲ့ကြတဲ့ အနုပညာရှင်များ….ဘာလို့လဲ….လူသိအောင်ရှဲပေးသွားကြပါ

မြန်မာ့ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားကြီးကတော့ လာမည့်ရက်ပိုင်းအတွင်းမှာ ကျင်းပတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်အားလုံးကလည်း ရင်ခုန်စောင့်စားနေကြတာ ဖြစ်ပါတယ်။ ယခုနှစ်အကယ်ဒမီကတော့ အရင်နှစ်တွေထက် ထူးခြားပြီးတော့ Star Awards ဆိုတဲ့ဆုကိုလည်း ထပ်မံထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယင်း Star Awards ပြိုင်ပွဲကတော့ အငြင်းပွားဖွယ်ရာအချို့နဲ့ အနုပညာအသိုင်းအဝိုင်းထဲမှာ ဂယက်တခုလိုဖြစ်ခဲ့ပါတယ်။ ယခုမှာလည်း People Choice Awards အတွက်လည်း နှုတ်ထွက်လိုက်တဲ့ သရုပ်ဆောင်တွေ တော်တော်များများရှိခဲ့ပြီး ထိပ်တန်းမင်းသားမင်းသမီးတွေ များပြားခဲ့ပါတယ်။

People Choice Awards ကတော့ ပရိသတ်တွေအနေနဲ့ Sms နဲ့ Vote ပေးရမှာ ဖြစ်တာကြောင့် အနုပညာရှင်တွေက ပရိသတ်တွေကို ငွေကြေးအကုန်ကျမခံစေချင်တာကြောင့်လည်း နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်းမင်းသားတွေ ဖြစ်ကြတဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊  လွမ်းပိုင်၊ အလင်းရောင်၊ ဇဏ်ခီ တို့ပါဝင်ပြီး မင်းသမီးတွေထဲမှာတော့ သက်မွန်မြင့်၊ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကတော့ လောလောဆယ်မှာ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

မင်းသားနေတိုးကတော့ ““Star awards ​​ရဲ့  People choice တဲ့ ကြား​ကြားခြင်း ပရိတ်သတ်နဲ့ ​အနုပညာရှင်​တွေကြား ရင်းနှီးချစ်ခင်မှူ့​အတိုင်း​အတာကိုမြင်ရမဲ့ပွဲတပွဲဖြစ်လို့ ​ပျော်စရာ​ကောင်းတဲ့ ပွဲ​လေးတပွဲလို့ ​မြင်မိခဲ့ပါတယ် ဒါ​ပေမဲ့ ကျွန်တော်တို့ ​အနုပညာရှင်​တွေအားလုံးက ပရိတ်သတ်​အချစ်ကိုမြင်ရ ​ခံရရင်​ကျေနပ်ကြသူ​တွေပါ ပွင့်လင်းမြင်သာမှူ့မရှိတဲ့ voting စနစ်နဲ့ သူက​တော့ ​နောက်တဆင့်ကိုတက်​ သူက​တော့ bottom ထိုင်ဆိုတာမျိုး အချင်းချင်းကိုယ့်​အနုပညာကိုပြိုင်ဆိုင်ဖို့ ​လျှောက်လွှာတင်ပြီး ပြိုင်ပွဲဝင်ခဲ့သူ​များမဟုတ်ပါဘူး ခင်ဗျာ People choice awards ​အတွက်​ကျွန်တော့်ကို ​အ​​ကြောင်းကြားခြင်းမရှိခဲ့သလို ကျွန်တော်ပါဝင်ပြီး ကျွန်တော့်ကိုချစ်တဲ့ ပရိတ်သတ်​တွေ ​ငွေကုန်​ကြေးကျ​ခံ vote လုပ်​​ပေးရတဲ့ စနစ်နဲ့သွား​နေတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ Facebook စာမျက်​နှာ​ပေါ်​ရောက်မှသိခဲ့ရတဲ့​အတွက်​ ​အစထဲက ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်​နေခဲ့ခြင်းမဟုတ်လို့ နှုတ်ထွက်​တယ်ဆိုတဲ့စ​ကားမသုံးချင်​ပေမဲ့ ကျွန်တော့် ဒီ people choice awards ​မှာ​ ပါဝင်ခြင်းမရှိ​တော့​​ကြောင်း ပရိတ်သတ်​တွေကို ​အသိ​ပေးပါရ​စေ။ ပရိတ်သတ်တွေရယူပေးတဲ့ဆုတိုင်းကို တမြတ်တနိုးတန်ဖိုးထားပြီး​သားဖြစ်တဲ့​အတွက်​ လက်ရှိအချိန်ထိ vote ​တွေ​အများကြီးရ​နေတဲ့​အတွက်​လဲ ပရိတ်သတ်ကို ​ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်ပါဝင်ခြင်းမရှိဘူး​တော့ဆိုတာ ​အ​​ကြောင်း​ကြားရင်း Vote ပေးပြီးသား ထာဝရပရိတ်သတ်များကိုလဲ ​တောင်း​ပန်ပါတယ် ခင်ဗျာ” ဆိုပြီးရေးသားပြီး ဖော်ပြခဲ့ပါတယ်။

မင်းသားအလင်းရောင်ကလည်း “Star Awards ဆုရွေးချယ်ခြင်း ဇကာတင်စာရင်းတွင်ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ် ဒါပေမဲ့ ကျွန်တော့်ရဲ့ အနုပညာဝါအရသော်လည်းကောင်း၊ သဘာအရသော်လည်းကောင်း အလွန်နုသေးတာကြောင့် ဝါရင့်သရုပ်ဆောင်များနှင့် ရင်ဘောင်တန်း၍ ပါဝင်ရွေးချယ်ခံရန် အချိန်ကာလအားဖြင့် မသင့်တော်သေးတဲ့ဘူးလို့ ခံယူမိတာအပြင် ကျွန်တော့်အနုပညာအပေါ်ပရိသတ်တွေရဲ့အားပေးခြင်းကို sms voting များဖြင့် ပရိသတ်တွေရဲ ငွေကြေးနဲ့ ပါဝင်ဆုံးဖြတ်စေခြင်းကို မဖြစ်စေချင်တဲ့အတွက်ကြောင့် ဒီနေ့ညနေပိုင်းကပဲ Star Awards ရွေးချယ်ပွဲမှ နှုတ်ထွက်ခဲ့ပါကြောင်းအသိပေးအပ်ပါသည်” ဟု သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် သရုပ်ဆောင် လွမ်းပိုင်ကလည်း “Star awards people choice မှ ကျွန်တော် နှုတ်ထွက်ပါတယ်ခင်ဗျာ ကျွန်တော်ကို အခုလို people choice မှာ ဆန်ကာတင်စာရင်းထဲထိ ထည့်သွင်းစဉ်းစားပေးတဲ့ စာနယိဇင်းဆရာ ဆရာမများနဲ့ စီစဉ်သူများကိုလညိး ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ” ဟု ရေးသားထားပါတယ်။

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကလည်း “SMS Voting ဖြင့်ဆုရွေးချယ်မယ့်ပွဲမှာ ကျနော် မပါဝင်ပါဘူးခင်ဗျာ ပရိသတ်များ ကျနော့်ကို Vote ဖို့မလိုပါဘူး Birthday Show အတွက်လုံးပန်းနေရလို့ဒီရက်ပိုင်း Facebook လည်းသေချာမသုံးဖြစ်လို့ အခုမှတွေ့တာပါ ကျနော် ကြိုလည်းမသိထားပါဘူး Vote ပြီးသားလူတွေကိုလည်း အားနာပါတယ် ကျေးဇူးတင်ပါတယ် အားလုံးကို လေးစားစွာဖြင့် စိုင်းစိုင်း” ဆိုပြီး ပရိသတ်ကို အသိပေးထားပါတယ်။

အကယ်ဒမီသက်မွန်မြင့်ကလည်း သူမရဲ့ ပေ့ခ်ျမှာ “ဒီ Star Awards ရဲ့ People Choice ဆု ကို မွန် ရင်ခုန်ခဲ့ပါတယ် ကိုယ့်ကို ချစ်တဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အင်အားကိုပါ မြင်ရမှာ ထုတ်ပြခွင့်ရမှာဆိုပြီးတော့ပေါ့ ခုတော့ နှုတ်ထွက်လိုက်ပါပြီနော် Voting စနစ်မှာ sms တစ်စောင် ၁၅ ကျပ် ဆိုတဲ့ ငွေပေးစနစ် ပါလာတာဖြစ်တဲ့တွက် မွန့်ကို ချစ်တဲ့သူတွေရဲ့ ပိုက်ဆံမဖြုန်းချင်ပါဘူး မွန် ချစ်တဲ့ ပရိသတ်တွေတိုင်းရဲ့ ၁၅ကျပ်ကို တန်ဖိုးထားလို့ အဲ့ဒီဆုမလိုချင်တော့ပါဘူးနော် ၁ စောင် ၁၅ ကျပ်နဲ့ မရပ်ပဲ အကန့်သတ်မဲ့ဆိုတော့ ပိုပြီး မလိုလားပါဘူး မွန့် ကို ချစ်တဲ့သူတွေဘက်က ခံစားမှုသက်သက်ပါ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ စိတ်မရှိပါဘူးရှင် အမုန်းလည်း မပွားကြပါနဲ့ဦး ချစ်ခြင်းတွေနဲ့ Vote ပြီးသားဖြစ်တဲ့ ချစ်ရတဲ့သူတွေကိုလည်း တောင်းပန်ပါတယ်ရှင် ခုချိန်ထိ အနိုင်ရနေတာလေးတွက်လည်း ကျေးဇူးအထူးတင်ပါတယ်လို့ ဒါလေးကို Share ပေးကြပါနော်” ဆိုပြီးရေးသားထားပါတယ်။

ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး အကယ်ဒမီဆုအတွက်လည်း ရေပန်းအစားဆုံးဖြစ်တဲ့ ခီမောင်နှံကလည်း ဒီဆုကို ကြေငြာပြီး ချင်းချင်း ခဏလေးမှာပဲ ပြိုင်ပွဲမျာ ချက်ချင်းနှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီအနုပညာရှင်တွေက People Choice Awards မှ နှုတ်ထွက်ခဲ့ကြတဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး ပြောချင်လွန်းလို့က ဖော်ပြပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.