ပရိသတ်တွေကို Surprise လုပ်လိုက်တဲ့ နေတိုးရဲ့ ဗီဒီယို

ပရိသတ်တွေကို Surprise လုပ်လိုက်တဲ့ နေတိုးရဲ့ ဗီဒီယို

မင်းသားနေတိုးကတော့ ပရိသတ်တွေကြားထဲမှာ လွန်ခဲ့တဲ့နှစ်တွေထဲက လွှမ်းမိုးထားနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတယောက် ဖြစ်ပါတယ်။ အလွမ်းအဆွေး အချစ် အကြမ်းအရမ်း ဟာသ ဗီလိန် ဇာတ်စုံနေရာစုံမှာ ကျတဲ့ဇာတ်ရုပ်အပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသားနေတိုးကတော့ ပရိသတ်တွေ အချစ်ကို ရထားတာလည်း မဆန်းပါဘူး။ ပရိသတ်တွေကို အကောင်းဆုံး ဇာတ်ကားတွေကိုပဲ ချပြခဲ့ပြီး မင်းသားနေတိုးရဲ့ ဇာတ်ကားမှန်သမျှကိုလည်း ပရိသတ်တွေက လက်ခံအားပေးခဲ့တာ ကြာပါပြီ။

လက်ရှိမှာလည်း မင်းသားနေတိုးကတော့ သူအကောင်းဆုံးကြိုးစားထားတဲ့ တာတူး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့အချိန်မှာ သူ့ကို အားပေးတဲ့ ပရိသတ်တွေအတွက် Surprise လုပ်ခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေကလည်း တရင်းတနှီးနှုတ်ဆက်ခဲ့ပါတယ်။ မင်းသားနေတိုးရဲ့ အပြုအမူကြောင့် သူ့ရဲ့ ပရိသတ်တွေကတော့ အရမ်းကို ပျော်ရွှင်ခဲ့ရပြီး ဒီဗီဒီယိုလေးကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။

မင်းသားနေတိုးကတော့ သူ့ရဲ့ ပရိသတ်တွေကို အမြဲလေးစားတာကြောင့် လက်ရှိချိန်ထိကို နာမည်မကျပဲ အောင်မြင်မှုတွေ ပိုပိုပြီးတော့ တိုးလာတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာလည်း တာတူး ရုပ်ရှင်ကားပြတဲ့နေ့မှာပဲ သူ့ကိုလာအားပေးတဲ့ ပရိသတ်တွေကို တရင်းတနှီးနဲ့ ကျေးဇူးတင်စကားဆိုခဲ့ပြီး လူအုပ်ကြားမှာ သူ့ပရိသတ်တွေကို လိုက်လံနှုတ်ဆက်နေတာ ဖြစ်ပါတယ်။

နေတိုးနဲ့ သူ့ရဲ့ ပရိသတ်တွေ တထပ်ထဲကျနေတဲ့ ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း မင်းသားနေတိုးရဲ့ ပရိသတ်တွေပါခဲ့မယ်ဆိုရင်တော့ နေတိုးရဲ့ အပြုအမူလေးကို သဘောကျပြီး သူ့ကိုလည်း ပိုပြီးတော့ ချစ်သွားမယ်လို့ ထင်ပါတယ်။ နေတိုးကတော့ တကယ့်ကို မြန်မာနိုင်ငံရဲ့ စံပြမင်းသား တယောက်ပါပဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.