မန္တလေးက နေချင်စဖွယ်ဖြစ်ပေမယ့် ရန်ကုန်ကတော့ စုတ်ပြတ်သက်နေတယ်ဆိုတဲ့ သားစိုး

မန္တလေးက နေချင်စဖွယ်ဖြစ်ပေမယ့် ရန်ကုန်ကတော့ စုတ်ပြတ်သက်နေတယ်ဆိုတဲ့ သားစိုး

တစ်ချိန်တုန်းက သူ့ရဲ့ Remix သီချင်းတွေနဲ့ သင်္ကြန်တွေကို လွှမ်းမိုးနိုင်ခဲ့သူ သားစိုးကတော့ လက်ရှိမှာ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာတွေ့မြင်ရပါတယ်။ ရောသမနှပ်ဆိုတဲ့ လက်ဖက်ကိုလည်းဦးဆောင်ထုတ်လုပ်နေတာတွေ့ရပါတယ်။ အဆိုတော်သားစိုးကတော့ အနုပညာအလုပ်တွေအပြင် စီးပွာေးရးမှာလည်း ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပါတယ်။

အဆိုတော်သားစိုးက ရန်ကုန်မြို့မှာ မွေးဖွားလာသူတစ်ဦးဖြစ်ပြီး ငယ်စဉ်တည်းက ရန်ကုန်မှာပဲနေထိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်နေတဲ့ ရန်ကုန်ဟာ တနေ့ထက်တနေ့ မော်တော်ယာဉ်တွေများပြားလာပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သူတွေလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။ အခုမှာတော့ သူက ရန်ကုန်နဲ့ မန္တလေးထက်စာ ရန်ကုန်က စုတ်ပြတ်သက်နေတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

သားစိုး “မဲပေးတာက အရေးကြီးတယ်ပေါ့နော်။ ဒီတင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်က တလွဲတွေ လုပ်တယ်ဆိုရင် ကိုယ်က မဲမပေးခဲ့ဘဲနဲ့ အခုအမေရိကားမှာဆိုရက် ဒေါ်နယ်ထရမ့်ဆိုရင် သူနိုင်သွားတယ်။ သူက သူ့ကိုပေးတဲ့ မဲတွေကြောင့်မဟုတ်ဘူး သူများကို အတိုက်အခံကို ပေးရမယ့်မဲတွေက မပေးတဲ့ မဲတွေကြောင့်သူက နိုင်သွားတာပေါ့နော်။ အဲ့လိုမျိုးပဲ စည်ပင်မှာလည်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ သွားတွေ့ရပါတယ် တတ်နိုင်သလောက်တော့ ကျွန်တော်တို့ အနေနဲ့ မိတ်ဆွေတွေကို ပြောချင်တာက စည်ပင်က မဖြစ်မနေ ပေးရမယ့် သဘောပါ။ ကျွန်တော်တို့ မန္တလေးမြို့ကြီးလို တိုးတက်တာ မြင်ချင်တယ်။ လှပတာ မြင်ချင်တယ်ဆိုရင်တော့ ရန်ကုန်စည်ပင်ကို မဲပေးမှကို ဖြစ်မှာပါ။ ကျွန်တော်ရေးတဲ့ စာလေးလိုပေါ့နော် လှပသပ်ရပ်ပြီး နေချင်စဖွယ်ကောင်းလာနေသော မြို့တော်ဆိုရင် မန္တလေးလို့ မြင်ရမှာ ဖြစ်ပြီးတော့ အမှိုက်တွေ ရှုပ်ပွ ကွမ်းတံတွေးတွေနဲ့ စုတ်ပြတ်သက်နေတဲ့ စည်းမဲ့ကမ်းမဲ့ ကားတွေရော လမ်းပေါ်မှာ။ လမ်းပေါ်တက်လိုက်တာနဲ့ ယာဉ်စည်းကမ်းချိုးဖောက်မှုတွေ ဆိုင်ကယ် မစီးရဆိုတဲ့နေရာမှာ ဖြစ်နေတာတွေ ဖြစ်ချင်သလို ဖြစ်နေတဲ့ မြို့ကို ရန်ကုန်လို့ မြင်ရမှာလို့ ပြောနိုင်ပါတယ်ဗျ။”လို့ ပြောသွားခဲ့ပါတယ်။

အမှိုက်ကောက်တဲ့ Challenge တွေပေါ်လာတာနဲ့ ပတ်သက်ပြီး “အမှိုက်ကောက်တဲ့ Challenge က အမှန်တိုင်းပြောရင်တော့ အစိုးရ ညံ့ဖျင်းလို့ပေါ့နော် မြို့တော်စည်ပင် ညံ့ဖျင်းလို့ ဖြစ်လာရတဲ့ ပြဿနာလို့ပဲ မြင်ပါတယ်။ တိုးတက်တဲ့ တိုင်းပြည်တွေမှာတော့ ဒါတွေက နိုင်နိုင်နင်းနင်း လုပ်သွားနိုင်တာပေါ့။ ဒါပေမဲ့ ဒီမှာ ကျတော့ ဒီစည်ပင်တွေနဲ့ မလုပ်နိုင်ပါဘူး။ ဘာလို့ဆိုတော့ သူတို့မှာ ရှိတဲ့ လူအင်အားနဲ့ မမျှတဘူးပေါ့နော်။ စည်ပင်တွေ အနေနဲ့လည်း ညံ့ဖျင်းတယ်လို့ ပြောရတာထက်စာရင် လူမနိုင်ဘူးပေါ့နော် ပိုက်ဆံလည်း မရှိ လူလည်း မနိုင်တော့ လူတွေက ပေါင်းပြီးတော့ လုပ်ပေးတဲ့ အတွက်ကြောင့်မို့လို့လဲကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ရှေ့ကသိမ်းလာပြီး နောက်က ပြန်ဖွရင် နောက်လူတွေက အလကားဖြစ်မှာပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စည်ပင်ရဲ့ အခန်းခဏ္ဍက ဘယ်လောက်အထိ အရေးပါလဲလို့ မေးမြန်းရာ “အဓိကအားထြင့်ကတော့ အရေးကြီးလားမကြီးလား ရန်ကုန်မြို့ကိုပဲ ကြည့်ပေါ့နော် ကျွန်တော်တို့ ဖြစ်ပျက်နေတာတွေ ရေမရတာတွေ မျိုးစုံအောင် ပြဿနာတွေ တက်နေတာပေါ့နော်။ မီးပြဿနာတွေရော ဒါတွေက ရှေ့အစိုးရ လက်ထပ် အဆက်ဆက်က မလုပ်ခဲ့တဲ့ အခါကျတော့ ဒီအစိုးရလက်ထပ်ကျတော့ ပြောခွင့်ရတော့ ဝိုင်းပြောကြတာလည်း ပါတယ်ပေါ့နော် ဒါပေမဲ့ ဒီအစိုးရမှာတော့ စပြီးတော့ ပြောခွင့်ရပြီး ပြောလာတဲ့ အတွက်ကြောင့် ပြင်ဆင်သွားမယ်ဆိုရင် ကျွန်တော်တို့ ရန်ကုန်မြို့ကြီးက အရမ်းနေချင်စဖွယ်ကောင်းတဲ့ မြို့ကြီးဖြစ်လာပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ နေလို့ကောင်းတဲ့ မြို့တစ်မြို့ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

Comments are closed.