အဓိပ္ပါယ်ကောက် လွဲနေကြတဲ့ ရခိုင်နဲ့ မြွေပွေးကိုတွေ့ရင် ရခိုင်ကိုအရင်သတ်ဆိုတဲ့ စကားပုံ

အဓိပ္ပါယ်ကောက် လွဲနေကြတဲ့ ရခိုင်နဲ့ မြွေပွေးကိုတွေ့ရင် ရခိုင်ကိုအရင်သတ်ဆိုတဲ့ စကားပုံ

အဓိပ္ပါယ်ကောက်တာ လွဲနေကြတဲ့ ရခိုင်နဲ့ မြွေပွေးကိုတွေ့ရင် ရခိုင်ကိုအရင်သတ် ဆိုတဲ့ မြန်မာစကားပုံလေးပါ။ကျွန်တော် တို့ ပတ်ဝန်းကျင် မှာရော Online ပေါ်မှာပါ နားလည်မှုလွဲပြီး အဓိပ္ပါယ်ကောက် လွဲနေကြတာကို တွေ့ရတော့ မှတ်သားထားဖူးတာလေးကို ပြန် ဖောက်သည် ချချင်လာပါတယ် ။ ရခိုင်နဲ့မြွေပွေးကိုတွေ့ရင် ရခိုင်ကိုအရင်သတ် ဆိုတဲ့ စကားပုံပဲ ဖြစ်ပါတယ် ။

တကယ်တော့ ရခိုင် လူမျိုး တွေက မြွေပွေး ထက်ဆိုးလို့ အန္တရာယ်များလို့ ကြောက်ဖို့ကောင်းလို့ ရခိုင် လူမျိုးကို အရင် သတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ မြန်မာ တိုင်းရင်း ဆေးပညာရှင်တွေ သမားတော်ကြီး တွေရဲ့ အဆိုအရ ရခိုင်ငှက်ပျောပင်ရဲ့ ပင်စည် ကထွက်တဲ့ အစေး ဟာ မြွေပွေးရဲ့ အဆိပ်ကိုတောင် ပြေစေနိုင်တယ်လို့ ဆိုပါတယ် ။

ဒါကြောင့် ရခိုင်ငှက်ပျောပင် နဲ့မြွေပွေး ကို အတူ ယှဉ်လျက်တွေ့ရင် ဆေးမမီ အောင်ပြင်းထန်တဲ့ မြွေပွေး အဆိပ်ကို ကာကွယ်နိုင်ဖို့ ရခိုင် ငှက်ပျောပင် က ထွက်တဲ့အစေး ကိုရအောင် ကြိုတင် ယူဆောင်ထားခိုင်းတဲ့ သဘောပါ ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.