နိုဝင်ဘာလမှာလက်ထပ်တော့မယ့် ဖိုးသား(Guardian)နဲ့ချစ်စနိုးဦး

နိုဝင်ဘာလမှာလက်ထပ်တော့မယ့် ဖိုးသား(Guardian)နဲ့ချစ်စနိုးဦး

အနုပညာလှုပ်ရှားမှုတွေနည်းနည်းကျဲသွားပြီးပရိသတ်တွေနဲ့ သိပ်မထိတွေ့ရတော့ပေမယ့် ရင်ထဲမှာနေရာတစ်နေရာစာပေးထားခံရတဲ့ အပြုံးချိုချိုလေးတွေရဲ့ ပိုင်ရှင် ချစ်စနိုးဦးနဲ့ အဆိုတော် ဖိုးသား(Guardian) တို့ကတော့ အခုချစ်သူသက်တမ်း ၅နှစ်နဲ့၉လရှိလာချိန်မှာတော့ သူတို့ရဲ့လက်ထပ်မင်္ဂလာပွဲပြုလုပ်မယ့်အချိန်ကို8Daysမီဒီယာနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားခဲ့ပါတယ်။သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ်။

မင်္ဂလာပွဲကိုဘယ်တော့လောက်လုပ်ဖြစ်မလဲဆိုတဲ့မေးခွန်းကိုတော့ ဖိုးသားက “ ကျွန်တော်တို့ကတော့ အခု မင်္ဂလာပွဲကို ကျွန်တော်က နိုဝင်ဘာလမှာကျင်းပဖို့သတ်မှတ်ထားပါတယ်။ နိုဝင်ဘာလထဲမှာပဲမင်္ဂလာပွဲလေးတွေလုပ်မယ်ပေါ့နော် ။ပွဲတွေကတော့သူများနည်းတူပါပဲ။ ထူးထူးဆန်းဆန်းမဟုတ်ပါဘူး ။ သူများတွေလုပ်နေတဲ့ပုံစံမျိုးပါပဲ။လို့ပြောသွားပြီး သူတို့တွေစတွေ့ဖြစ်တဲ့အကြောင်းတွေကိုလည်း “ ကျွန်တော်တို့က တကယ်ကလေ ဒဂုံ(၁)မှာကတည်းကကျောင်းနေဘက်ပါ။အဲ့ဒီကတည်းက ကျွန်တော်တို့ကတစ်ယောက်ကိုတစ်ယောက်သိကြပါတယ်။ ခင်လာတာကတော့ကြာပြီပေါ့နော်။ တော်တော်ကြာပါပြီ ။အရမ်းရမ်းကိုကြာပါပြီ ။နောင် ကျွန်တော်တို့နှစ်ယောက်ဆရာကန်တော့ပွဲမှာ သူနဲ့တွေ့ရင်းနဲ့ပြန်ပြီးတော့စကားတွေပြောဖြစ် ၊ ပြောဖြစ်ရင်းနဲ့မှ သူ့ခွေထွက် ၊ထွက်တော့ ကျွန်တော်ကလည်းလိုက်ကူလုပ် ။ ကူလုပ်ပေးရင်းနဲ့မှာ တစ်ယောက်နဲ့တစ်ယောက် သူ့ကိုလည်းကျွန်တော်က အဲ့ဒီမှသူ့ကိုသံယောစဉ်တွေတော်တော်လေးကိုပိုရှိနေတာပဲလို့ထင်တာထက်ကိုဆိုပြီးတော့မှ ကျွန်တော်ကသူ့ကို ဖွင့်ပြောတာ ။ဖွင့်ပြောတော့သူက ပထမတော့သူကလည်းအင်းအဲနဲ့လုပ်တာပေါ့နော်ကျွန်တော့်ကို ဘာတွေကြောက်နေလဲတော့မသိဘူး။ (နှစ်ယောက်သား သဘောကျလျက်)နောက်ကျတော့မှအေးချစ်တယ်ပေါ့။ အဲ့လိုမျိုးဖြစ်တာပါ။

နှစ်ယောက်သားကြိုက်ဖြစ်သွားတာကရောဆိုတဲ့မေးခွန်းကိုတော့ ချစ်စနိုးဦးက “ အမှန်တိုင်းပြောရရင် သူရဲ့အမေကကိုယ့်ဆရာမ ။ဆရာမရဲ့သားဆိုတော့ကြောက်တာပေါ့။ဘာဖြစ်လို့လဲဆိုတော့တီချယ့်ကိုလည်းမျက်နှာလည်းပူတယ်။ အဲ့လိုဆိုတော့လေ။(အမေကလည်းသူ့ကိုချစ်တယ်) ချစ်လည်းချစ်တယ် ဆိုတော့ အဲ့ဒါနဲ့လေသူ့ကို မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုပြီးသူ့ကိုခဏခဏပြောတယ်။ ပြောပြီးနောက်ပိုင်းမှာ သူကလည်းဇွဲတော်တော်ကောင်းတယ်။ ကောင်းတာနဲ့နောက်ပိုင်းနှစ်ယောက်သားကြိုက်ဖြစ်သွားတာပါ။ “ဆိုပြီးပြောပြသွားပါတယ်။

အဲ့ဒီအပြင် ချစ်စနိုးဦးရဲ့မွေးနေ့မှာ ချစ်သူသက်တမ်းအတွင်းပထမဆုံးရုပ်ရှင်သွားကြည့်မယ်ဆိုပြီး Surprise အနေနဲ့ လက်ထပ်ခွင့်တောင်းဖြစ်ပုံတွေကိုလည်းပြောပြသွားပါတယ်။နောက်ပြီး ဖိုးသားရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ ရနံ့ဆိုင်ဆိုတဲ့သီချင်းကိုလည်း Duetအနေနဲ့ပြန်လည်သီဆိုပြီး Music Video တစ်ခုတင်ပေးဖို့ရှိကြောင်းကိုလည်းပြောပြသွားခဲ့ပါတယ်။ အခုဆိုရင်ပြောချင်လွန်းလို့မိတ်ဆွေတွေထဲက သူတို့နှစ်ယောက်ကို ချစ်ကြအားပေးကြတဲ့လူတွေလည်း သူတို့နှစ်ယောက်အပေါ်မှာ ပိုပြီးအချစ်တွေတိုးပွားလာမယ်လို့ယုံကြည်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.