မိန်းမဖြစ်သူက ဝါးရင်းတုတ်ဖြင့် ဆုံးမလိုက်တာ ယောက်ျားသေဆုံး

မိန်းမဖြစ်သူက ဝါးရင်းတုတ်ဖြင့် ဆုံးမလိုက်တာ ယောက်ျားသေဆုံး

လင်ယောက်ျားက အရက်မူးပြီး ရိုက်မည်ကို မိန်းမဖြစ်သူက ခုခံရင်း ၀ါးရင်းတုတ်ဖြင့် ရိုက်သတ်မိမှု ဖြစ်ပွား – ညောင်လေးပင် မတ် ၁၆ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် လင်ယောက်ျားက အရက်မူးပြီး ရိုက်မည်ကို မိန်းမဖြစ်သူက ခုခံရင်း ၀ါးရင်းတုတ်ဖြင့် ပြန်လည် ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၆ ရက် နေ့လယ် ၂နာရီအချိန်ခန့်တွင် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့မ ၂ ရပ်ကွက်ကောလိယ တောင်ပိုင်း တွင် နေထိုင်သော အရက်သေစာ သောက်စားပြီး ပြန်လာသည့် ကိုခင်မောင်သက် ၃၈ နှစ်နှင့် မအေးအေးသင်း ၃၅ နှစ်တို့လင်မယားသည် ရန်ဖြစ်နေကြကြောင်း သိရသည်။

ထိုသို့ရန်ဖြစ်နေစဉ် မအေးအေးသင်းကို ပါးရိုက်ပြီးဝါးရင်းတုတ်ဖြင့် ရိုက်မည်ဟုပြုလုပ်နေစဉ် မအေးအေးသင်းက ၀ါးရင်းတုတ်ကိုလုယူပြီး ခင်မောင်သက်၏ ဦးခေါင်းညာဘက်ဂျိုစောင်းကို တစ်ချက်ရိုက်လိုက်ပြီး နေအိမ်မှ ပြေးဆင်းသွားကြောင်း သိရသည်။

ခင်မောင်သက်က ဘာအလုပ်မှမလုပ်ဘူး။သူ့မိန်းမလုပ်စာထိုင်စားပြီး အရက်သမားဖြစ်နေတာ။ မအေးအေးသင်းကို အမြဲဒီလိုပဲပြဿနာ ရှာလေ့ရှိတယ်။အခင်းဖြစ်တဲ့နေ့တုန်းကလည်း မအေးအေးသင်းကို ပါးရိုက်နားရိုက်ပြီး ၀ါးရင်းတုတ်နဲ့ပါရိုက်မလို့လုပ်နေရင်းကနေ မအေးအေးသင်းက ၀ါးရင်းတုတ်ကိုလုယူပြီး သူ့ကိုရိုက်လိုက်တာ တိုက်နယ်ဆေးရုံရောက်တော့ ဆုံးသွားတာပါ။ မရည်ရွယ်ဘဲနဲ့ အခုလိုဖြစ်သွားရတာပါပဲ။

ကလေး ၅ ယောက်ကျန်ရစ်ခဲ့ပါတယ်။အကြီးဆုံးသမီးလေးက အခုမှ ၁၂ နှစ်ဆိုတော့ ကျန်တာတွေက ငယ်သေးတာပေါ့” ဟု ပြွန်တန်ဆာ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မအေးအေးသင်း ၃၅ နှစ်ကို ပြွန်တန်ဆာနယ်မြေရဲစခန်းက ပ-၈၇/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေ ၃၀၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.