နန်းဆုက အသားဖြူအောင်လုပ်ပေးမယ်ဆိုတာကို တုံ့ပြန်လိုက်တဲ့ G Fatt

နန်းဆုက အသားဖြူအောင်လုပ်ပေးမယ်ဆိုတာကို တုံ့ပြန်လိုက်တဲ့ G Fatt

G Fatt နဲ့ နန်းဆုဟာဆိုရင် သူတို့နှစ်ယောက်စတွဲကတည်းက ပရိသတ်တွေရဲ့အားပေးမှုအပြည့်အဝရခဲ့တဲ့ စုံတွဲလေးဖြစ်ပြီး ရန်ဖြစ်လိုက်စိတ်ကောက်လိုက်ပြန်ချစ်လိုက်နဲ့ တွဲလက်တွေခိုင်မြဲနေကြတဲ့ အတွဲလေးလည်းဖြစ်ပါတယ်။ “ကျွန်တော်ကအသားညိုပါတယ် လိုချင်တာ ခင်ဗျားကိုပါပဲ”ဆိုတဲ့ ညိုချောချစ်သူကိုပိုင်ဆိုင်ထားတဲ့ နန်းဆုက G Fatt ကိုအသားဖြူအောင်လုပ်ပေးမယ်လို့စနောက်လေ့ရှိပြီး အဲဒါနဲ့ ပတ်သက်လို့ G Fatt က မကြာသေးမီက အင်တာဗျူးမှာ တုံ့ပြန်ဖြေကြားသွားခဲ့ပါတယ်။

G Fatt က သင်္ကြန် plan ကိုသိချင်နေကြတဲ့ပရိသတ်တွေအတွက် “သင်္ကြန်ကျွန်တော် MRTV 4 မဏ္ဍပ်မှာရှိပါမယ်ခင်ဗျာ၊လေးရက်လုံးလုံးရှိပါမယ် အခြားမဏ္ဍပ်တွေမှာရော ဘယ် မဏ္ဍပ်တွေမှာရှိမယ်ဆိုတာ အနားနီးရင်ကျွန်တော်ပြန်ပြီးပြောပေးပါ့မယ်ခင်ဗျာ”လို့ ပြောထားခဲ့ပြီး နန်းဆုက ဘယ်မှာရှိမယ်ဆိုတာကိုတော့ “မနန်းဆုကတော့ သင်္ကြန်ကိုရန်ကုန်မှာပဲရှိမလား အခြားတစ်မြို့မြို့ကိုသွားပြီးတော့ ဖျော်ဖြေဖြစ်မလား သူရွေးချယ်နေတုန်းပဲလို့ပြောပါတယ်ခင်ဗျ”လို့ ချစ်သူအတွက်ပါတစ်ပါတည်းဖြေပေးထားပါတယ်။

G Fatt က လတ်တလောအနုပညာလှုပ်ရှားမှုကို “လတ်တလောကတော့ ကျွန်တော် တတိယအခွေလေးအတွက် သီချင်းတွေစုနေတယ်ပေါ့နော်။ ကျွန်တော့်ရဲ့ One Man Show ကို Live Show အခွေထွက်ဖို့ရှိပါတယ်။ Music Video ရိုက်ပြီးတော့ Online ပေါ်မှာတင်ဖို့လည်းရှိပါတယ်၊သီချင်းတွေကတော့ ရေး၊သွားတီး အဲ့လိုမျိုးပေါ့နော်။ ဒီကြားထဲမှာ ရုပ်ရှင်သီချင်းတစ်ပုဒ်လည်းလုပ်နေတယ်ပေါ့နော်။ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေဘာတွေလည်းလက်ခံထားတာရှိတယ်”လို့ပြောပြထားပါတယ်။

နန်းဆုက အသားဖြူအောင်လုပ်ပေးမယ်လို့စနောက်တာနဲ့ပတ်သက်ပြီး G Fatt က “ကျွန်တော်က အသားအရည်ကို အရမ်းကြီး serious မဖြစ်ဘူး။ ကျွန်တော်ကကျေတော့ အပြင်ပန်းအသားဖြူတာတွေ၊မည်းတာတွေ၊ညိုတာတွေထက် ကျွန်တော်က နှလုံးသားကိုပဲပိုပြီးတော့ လှအောင်ကြိုးစားပါတယ်။ ရောင့်ရဲတတ်တယ်လို့ပြောရမှာပေါ့ နန်းစုက မည်းနေတာပဲလို့စတယ် ကျွန်တော်ကပြန်ပြောတာပေါ့။ ဖြူနေတာပဲလို့”ဆိုပြီး ရယ်မောဖြေကြားသွားသလို မည်းပေမယ့်လည်းကိုယ့်ကိုယ်ကိုယ်အရမ်းကြိုက်တယ်လို့လည်း “ကျွန်တော်က ကျွန်တော့်ကိုကျွန်တော်အကုန်လုံးကြိုက်တယ်။ ကျွန်တော့်ရဲ့ဖြစ်တည်မှု ဆံဖျားကနေခြေဖျားအထိ ရင်ထဲကနှလုံးသားရော သီချင်းတွေရော ကျွန်တော့်ကိုယ်ကျွန်တော်အရမ်းကြိုက်တယ်”လို့ လည်းပြောပြသွားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော G Fatt နဲ့ နန်းဆုကိုချစ်ကြလား။ သူတို့နှစ်ယောက်ကိုမြန်မြန်လက်ထပ်စေချင်နေပြီလား။ သူတို့နစ်ယောက်ရဲ့အချစ်သီချင်းတွေထွက်လာရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.