သူဟင္းခ်က္တာမေကာင္းဘူးေျပာလို႔ တစ္ေဆြမ်ိဳးလံုးကို အဆိပ္ခပ္သတ္လိုက္တ့ဲ ေကာင္မေလး

သူဟင္းခ်က္တာမေကာင္းဘူးေျပာလို႔ တစ္ေဆြမ်ိဳးလံုးကို အဆိပ္ခပ္သတ္လိုက္တ့ဲ ေကာင္မေလး

Zawgyi ျဖင့္ဖတ္ရန္

အိႏၵိယႏုိင္ငံ၊ Raigad ခ႐ုိင္၊ Mahad ၿမိဳ႕၊ Khalapur ရြာေလးမွာ ၿပီးခဲ့တဲ့ ဇြန္ (၁၈)ရက္က လူအစုလိုက္အၿပံဳလိုက္ သတ္ျဖတ္မႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ ဒီအတြက္ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသမီးဟာ ေသဒဏ္စီရင္ခံရဖုိ႔ရွိေနတယ္လုိ႔ သိရပါတယ္။ ျပစ္မႈက်ဴးလြန္သူရဲ႕ အမည္မွာ Pradnya Survase ျဖစ္ၿပီး အသက္ကေတာ့ (၂၃)ႏွစ္ပါ။

သူမဟာ ေဆြမ်ိဳးတစ္ဦးရဲ႕ အိမ္သစ္တက္ပြဲမွာ သူမ မေက်နပ္ခ်က္ရွိေနတဲ့ ေဆြမ်ိဳးသားခ်င္းေတြ အကုန္လုံးကို တစ္ၿပိဳင္နက္တည္း လုပ္ႀကံဖုိ႔ အကြက္ရၿပီလုိ႔ ေတြးမိခဲ့ပုံရပါတယ္။ အဆုိပါေဆြမ်ိဳးသားခ်င္းေတြဟာ သူမကို အသားမည္းသူ၊ ဟင္းခ်က္လက္ရာမွာလည္း တာေတလံေအာင္ ညံ့သူလုိ႔ မၾကာခဏ ေျပာခဲ့သူေတြ ျဖစ္ပါတယ္။

အထူးသျဖင့္ ေယာက္်ားဘက္က အမ်ိဳးေတြဟာ Pradnya ကို ေန႔စဥ္နဲ႔အမွ် ခ်ိဳးႏွိမ္ဆက္ဆံေလ့ရွိလုိ႔ သူမစိတ္ထဲမွာ အေတာ္ေလးကို ဒီရန္ညႇိဳးရန္စက စြဲလမ္းေနပုံရပါတယ္။ ဒါေၾကာင့္ Pradnya ဟာ ဧည့္သည္(၁၂၀)ကို တည္ခင္းဧည့္ခံဖုိ႔အတြက္ ခ်က္ျပဳတ္တဲ့ ဟင္းလ်ာေတြထဲမွာ ေျမြအဆိပ္ကုိ ထည့္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

Pradnya ကို အၿမဲခ်ိဳးႏွိမ္ေနသူမ်ားကေတာ့ သူမရဲ႕ ေယာက္်ားအပါဝင္၊ ေယာကၡမ၊ ေယာင္းမ(၂)ဦး၊ သူမ ေယာကၡမရဲ႕ ညီမျဖစ္သူ၊ ၎ညီမျဖစ္သူရဲ႕ ခင္ပြန္းတုုိ႔ျဖစ္ၿပီး သူတုိ႔ဟာ ေနစဥ္နဲ႔အမွ် သူမကုိ ဇာတ္အနိမ့္အျမင့္ခြဲ ဆဲေရးတုိင္းထြာၾကသလုိ၊ အသားမည္းသူ ဟင္းခ်က္လက္ရာမွာ အလြန္ညံ့့သူျဖစ္ေၾကာင္း လူေရွ႕မေရွာင္ သူေရွ႕မေရွာင္ ကဲ့ရဲ႕ၾကသူေတြပါ။

ဒါေၾကာင့္လည္း အဆိပ္ခပ္ခဲ့တာျဖစ္ၿပီး ကေလး(၄)ဦး၊ လူႀကီးတစ္ဦး ေန႔ခ်င္းတြင္း ေသဆုံးကာ၊ က်န္ (၈၈)ဦးကေတာ့ ေဆး႐ုံမွာ အေရးေပၚကုသမႈ ခံယူခဲ့ရပါတယ္။ အိမ္တက္မဂၤလာပြဲကို ေဆြမ်ိဳးနီးစပ္သူ (၁၂၀)ေလာက္ တက္ေရာက္ခဲ့ၾကၿပီး ေနာက္ပုိင္းမွ စားေသာက္သူအကုန္လုံးဟာ အစာစားၿပီးခ်င္း ေအာ့အန္ျခင္း၊ မူးေဝျခင္း စတာေတြျဖစ္ခဲ့ၾကပါတယ္။

အသက္ေသဆုံးသူေတြထဲမွာ အသက္(၇)ႏွစ္မွ (၁၃)ႏွစ္အတြင္း ကေလး(၄)ဦး၊ Gopinath Nakure အမည္ရ အမ်ိဳးသမီးတစ္ဦးတုိ႔ ျဖစ္ၿပီး၊ အခင္းျဖစ္စဥ္ကို စုံစမ္းေမးျမန္းတဲ့အခါမွာ Pradnya ကို သံသယမကင္း ျဖစ္ခဲ့ၾကပါတယ္။ ဒီလုိနဲ႔ သူမရဲ႕ ေနအိမ္နဲ႔ အျခားေနရာေတြကုိ ဆက္လက္ရွာေဖြတဲ့အခါမွာေတာ့ ပုိးသတ္ေဆးနဲ႔ အဆိပ္ပုလင္းေတြကို ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

Pradnya ကလည္း အျပစ္ကုိ ဝန္ခံခဲ့ပါတယ္။ သူမကုိ အခငး္ျဖစ္တဲ့ေနရာမွာပင္ ဖမ္းဆီးခဲ့ၿပီး၊ စစ္ေဆးခ်က္ရယူရာမွာ သူမ အမွန္တကယ္ေသေစလုိတာက ဒီလူေတြမဟုတ္ေၾကာင္း ဆုိပါတယ္။ ေသဆုံးသူေတြထဲမွာ သူမရဲ႕ ေဆြးမိ်ဳးနီးစပ္သူႏွစ္ဦးလည္း ပါဝင္ခဲ့ၿပီး၊ ရဲကေတာ့ Pradnya ကို လူသတ္မႈ၊ လူသတ္ရန္ႀကံစည္မႈေတြနဲ႔ စြဲခ်က္တင္ခဲ့ပါတယ္။ ျပစ္မႈႀကီးကို ရည္ရြယ္ခ်က္ရွိရွိ က်ဴးလြန္ခဲ့တာျဖစ္လုိ႔ အျမင့္ဆုံး ေသဒဏ္၊ အနိမ့္ဆုံး ေထာင္ဒဏ္တစ္သက္အထိ ခ်မွတ္ခံရဖုိ႔ ရွိပါတယ္။

source : metro co uk

Unicode ဖြင့်ဖတ်ရန်

အိန္ဒိယနိုင်ငံ၊ Raigad ခရိုင်၊ Mahad မြို့၊ Khalapur ရွာလေးမှာ ပြီးခဲ့တဲ့ ဇွန် (၁၈)ရက်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီအတွက် ပြစ်မှုကျူးလွန်သူအမျိုးသမီးဟာ သေဒဏ်စီရင်ခံရဖို့ရှိနေတယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူရဲ့ အမည်မှာ Pradnya Survase ဖြစ်ပြီး အသက်ကတော့ (၂၃)နှစ်ပါ။

သူမဟာ ဆွေမျိုးတစ်ဦးရဲ့ အိမ်သစ်တက်ပွဲမှာ သူမ မကျေနပ်ချက်ရှိနေတဲ့ ဆွေမျိုးသားချင်းတွေ အကုန်လုံးကို တစ်ပြိုင်နက်တည်း လုပ်ကြံဖို့ အကွက်ရပြီလို့ တွေးမိခဲ့ပုံရပါတယ်။ အဆိုပါဆွေမျိုးသားချင်းတွေဟာ သူမကို အသားမည်းသူ၊ ဟင်းချက်လက်ရာမှာလည်း တာတေလံအောင် ညံ့သူလို့ မကြာခဏ ပြောခဲ့သူတွေ ဖြစ်ပါတယ်။

အထူးသဖြင့် ယောက်ျားဘက်က အမျိုးတွေဟာ Pradnya ကို နေ့စဉ်နဲ့အမျှ ချိုးနှိမ်ဆက်ဆံလေ့ရှိလို့ သူမစိတ်ထဲမှာ အတော်လေးကို ဒီရန်ညှိုးရန်စက စွဲလမ်းနေပုံရပါတယ်။ ဒါကြောင့် Pradnya ဟာ ဧည့်သည်(၁၂၀)ကို တည်ခင်းဧည့်ခံဖို့အတွက် ချက်ပြုတ်တဲ့ ဟင်းလျာတွေထဲမှာ မြွေအဆိပ်ကို ထည့်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Pradnya ကို အမြဲချိုးနှိမ်နေသူများကတော့ သူမရဲ့ ယောက်ျားအပါဝင်၊ ယောက္ခမ၊ ယောင်းမ(၂)ဦး၊ သူမ ယောက္ခမရဲ့ ညီမဖြစ်သူ၊ ၎င်းညီမဖြစ်သူရဲ့ ခင်ပွန်းတို့ဖြစ်ပြီး သူတို့ဟာ နေစဉ်နဲ့အမျှ သူမကို ဇာတ်အနိမ့်အမြင့်ခွဲ ဆဲရေးတိုင်းထွာကြသလို၊ အသားမည်းသူ ဟင်းချက်လက်ရာမှာ အလွန်ညံ့့သူဖြစ်ကြောင်း လူရှေ့မရှောင် သူရှေ့မရှောင် ကဲ့ရဲ့ကြသူတွေပါ။

ဒါကြောင့်လည်း အဆိပ်ခပ်ခဲ့တာဖြစ်ပြီး ကလေး(၄)ဦး၊ လူကြီးတစ်ဦး နေ့ချင်းတွင်း သေဆုံးကာ၊ ကျန် (၈၈)ဦးကတော့ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူခဲ့ရပါတယ်။ အိမ်တက်မင်္ဂလာပွဲကို ဆွေမျိုးနီးစပ်သူ (၁၂၀)လောက် တက်ရောက်ခဲ့ကြပြီး နောက်ပိုင်းမှ စားသောက်သူအကုန်လုံးဟာ အစာစားပြီးချင်း အော့အန်ခြင်း၊ မူးဝေခြင်း စတာတွေဖြစ်ခဲ့ကြပါတယ်။

အသက်သေဆုံးသူတွေထဲမှာ အသက်(၇)နှစ်မှ (၁၃)နှစ်အတွင်း ကလေး(၄)ဦး၊ Gopinath Nakure အမည်ရ အမျိုးသမီးတစ်ဦးတို့ ဖြစ်ပြီး၊ အခင်းဖြစ်စဉ်ကို စုံစမ်းမေးမြန်းတဲ့အခါမှာ Pradnya ကို သံသယမကင်း ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ သူမရဲ့ နေအိမ်နဲ့ အခြားနေရာတွေကို ဆက်လက်ရှာဖွေတဲ့အခါမှာတော့ ပိုးသတ်ဆေးနဲ့ အဆိပ်ပုလင်းတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Pradnya ကလည်း အပြစ်ကို ဝန်ခံခဲ့ပါတယ်။ သူမကို အခငး်ဖြစ်တဲ့နေရာမှာပင် ဖမ်းဆီးခဲ့ပြီး၊ စစ်ဆေးချက်ရယူရာမှာ သူမ အမှန်တကယ်သေစေလိုတာက ဒီလူတွေမဟုတ်ကြောင်း ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ သူမရဲ့ ဆွေးမိျုးနီးစပ်သူနှစ်ဦးလည်း ပါဝင်ခဲ့ပြီး၊ ရဲကတော့ Pradnya ကို လူသတ်မှု၊ လူသတ်ရန်ကြံစည်မှုတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ပြစ်မှုကြီးကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာဖြစ်လို့ အမြင့်ဆုံး သေဒဏ်၊ အနိမ့်ဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရဖို့ ရှိပါတယ်။

source : metro co uk

Comments are closed.