အစ္စရေးတို့ရဲ့ နာမည်ကျော် Irom Dome (သံကွန်ချာအမိုး) ဒုံးခွင်းစနစ်

အစ္စရေးတို့ရဲ့ နာမည်ကျော် Irom Dome (သံကွန်ချာအမိုး) ဒုံးခွင်းစနစ်

ဒုတိယကမ္ဘာစစ်အတွင်း ခြောက်သန်းကျော်အသတ်ခံရတဲ့ ဂျူးလူမျိုးတွေဟာ ဥရောပမှာမနေကြတော့ပဲ အရှေ့အလယ်ပိုင်းပါလက်စတိုင်းနယ်မြေမှာသွားရောက်နေရာယူအခြေချပြီ လွတ်လပ်သောဂျူးလူမျိုးတို့ရဲ့ အစ္စရေးနိင်ငံအဖြစ်တည်ထောင်ခဲ့ကြပါတယ်။ နိင်ငံရဲ့ဘေးပတ်လည်မှာ အာရပ်နိင်ငံများဝိုင်းနေပြီ ၎င်းတို့က အစ္စရေးနိင်ငံတည်ထောင်တာကိုလက်မခံကြဘဲ ဆန့်ကျင့်ပြီတိုက်ခိုက်ခဲ့ကြသောကြောင့် ဂျူးလူမျိုးတို့သည် အာရပ်အစ္စရေး(၆)ရက်စစ်ပွဲ ယွန်းကစ်ပူးစစ်ပွဲစသဖြင့်စစ်ပွဲကြီးများမှာ အာရပ်တွေကိုအနိုင်ယူခဲ့ကြပါတယ်။

အစ္စရေးနိင်ငံကို အနိုင်မရတော့တဲ့အာရပ်နိင်ငံတွေဟာ ငြိမ်းချမ်းရေးလက်မှတ်များရေးထိုးပြီ စစ်ပွဲတွေကိုရပ်တန့်ခဲ့ကြပေမဲ့ ဟားမတ်စ် ဟစ်ဘိုလာစတဲ့လက်နက်ကိုင်အကြမ်းဖတ်အဖွဲ့တွေဟာ မကြာခဏဆိုသလို အစ္စရေးနိင်ငံကို ဒုံးကျည်များ အမြောက်များ မော်တာများဖြင့် အလစ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသောကြောင့် ၎င်းလက်နက်တွေကို ချေဖျက်ဖို့အတွက်အစ္စရေးတို့သည် အမေရိကန်ရဲ့ငွေကြေးထောက်ပံ့မှု့ဖြင့် Irom Domeဒုံးခွင်းစနစ်ကိုတီထွင်ခဲ့ကြလေသည်။

ထုတ်လုပ်ပြီ2011ခုနှစ်Marchလမှာစတင်တပ်ဖြန့်ပြီ April လသို့ရောက်သောအခါ ဂါဇာကမ်းမြောင်ဒေသရှိဟားမာစ်အကြမ်းဖက်အဖွဲ့မှပစ်လွတ်တိုက်ခိုက်သောBM-21 MLRSများကို ( 90% )ရာနူန်းဖျက်စီးပစ်နိုင်ခဲ့ပြီ နာမည်ကြီးလာခဲ့ကာ ယနေ့အချိန်ထိ ရန်သူကဘက်ပေါင်းစုံမှပစ်လွတ်တိုက်ခိုက်ခဲ့သောဒုံးကျည်ပေါင်း(၁၀၀၀)ကျော်ကိုဖျက်စီးလျက်ရှိနေပါသည်။

An Iron Dome Missile Battery seen near Tel Aviv on July 15, 2018. Photo by Ben Dori/Flash90

အဆိုပါ Iron Domeစနစ်ကိုကိုအစ္စရေးနိုင်ငံမှRafael Companyနှင့်ပူပေါင်းပြီ 2005ခုနှစ်တွင်ဒီဇိုင်းရေးဆွဲခဲ့ပြီး2011ခုနှစ်တွင်စတင်တပ်ဖြန့်နိင်ခဲ့ပါသည်။ နေ့ညရာသီဥတုမရွေးအသုံးပြုနိင်သော C-RAMစနစ်ခေါ် 155mmအမြောက်များရဲ့ပစ်ခတ်မှုများ မော်တာများရဲပစ်ခတ်မှုများ တာတို တာလတ်ဒုံးများရဲ့ပစ်ခတ်မှုများကို ကာကွယ်ဖျက်စီးနိင်ပါသည်။ Irom Dome၏လက်နက်စနစ်ဖွဲ့စည်းပုံမှာ – ပစ်မှတ်ဒုံရှာဖွေထောက်လှမ်းခြင်းနှင့်ခြေရာခံသောရေဒါစနစ် ၊ ပစ်ခတ်မှုထိန်းချုပ်ကွပ်ကဲသောစနစ် ၊ Launcherတစ်ခုလျှင်ပစ်ခတ်ရန်ဒုံးအစင်း(၂၀)ပါဝင်ပြီLauncherလေးခုပါသောဒုံးပစ်ခတ်မှုဌာနတို့ဖြင့်ဖွဲ့စည်းထားပြီ ဒုံးတပ်ခွဲတစ်ခုလျှင် 150kmကိုကာကွယ်ပေးနိုင်ပါသည်။ အကွာအဝေး250kmကိုထောက်လှမ်းနိင်ပြီ ပစ်မှတ်ပေါင်း(1000)ကိုခြေရာခံနိင်သောRafaelကုမ္မဏီထုတ်AESA Radar အမျိုးအစားEL/M-2084ကိုအသုံးပြုပါသည်။ ဒုံးကျည်တစ်ခုသည် အလေးချိန်90kg ၊ အလျာ3းm ၊ အချင်း160mm ၊ အကွာအဝေး4kmမှ70ထိပစ်ခတ်နိင်ပြီ ယခုအခါမှာတော့250kmထိပစ်ခတ်နိင်အောင်အဆင့်မြင့်တင်နေလျက်ရှိပါသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.