မင်္ဂလာသက်တမ်း (၃၆)နှစ်ပြည့်သွားတဲ့နေ့လေးမှာ သားဖြစ်သူအီတိုးမရှိတဲ့အတွက် ဝမ်းနည်းကြောင်းပြော ပြလာတဲ့ ဇော်ဝင်းထွဋ်ရဲ့ဇနီး
မင်္ဂလာ နှစ်ပတ်လည် (၃၆)နှစ်ပြည့်နေ့လေးမှာ သားဖြစ်သူအီတိုးမရှိတာကြောင့် မပျော်ရွှင်ကြောင်းပြောလာတဲ့ ဇော်ဝင်းထွဋ်ရဲ့ဇနီး
နိုင်ငံကျော် အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ Rock သီချင်းတွေရဲ့ ဘုရင်လို့တင်စားရလောက်အောင်ကို လူကြီးရောလူငယ်ပါ မသိတဲ့သူ မရှိသလောက်ပါပဲ။ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုလိုက်တိုင်းမှာ ပရိသတ်တွေကို တစ်ခဲနက်အားပေးကြတာဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၇) ရက်နေ့ကတော့ ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာ နှစ်ပတ်လည် (၃၆)နှစ်ပြည့်နေ့လေးပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာ ဇော်ဝင်းထွဋ်သားဖြစ်သူ အီတိုးကိုအကြမ်းဖက်မှုများတွင်ပါဝင်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီက စက်တင်ဘာလ (၈)ရက်နေ့က မိသားစုများနေထိုင်သည့် မရမ်းကုန်းမြို့နယ်က (၈)မိုင်ရှိ ခြံဝင်းထဲမှာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ အခုချိန်ထိကို ဘာသတင်းမှ မကြားရသေးတာမို့ မိသားစုတွေက စိတ်ပူနေကြတာ ဖြစ်ပါတယ်။
ဇော်ဝင်းထွဋ်ရဲ့ ဇနီးဖြစ်သူကလည်း မင်္ဂလာ နှစ်ပတ်လည်နေ့မှာတောင် မပျော်ရွှင်နိုင်ဘဲ သားဖြစ်သူအတွက် စိိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ အရင်နှစ်တွေကလို သားဖြစ်သူနဲ့ အတူမရှိနိုင်တော့တဲ့ အကြောင်းကို “သားကလေယာဉ်ပျံကြီးကိုသံတိုင်ကြားကငေးမောရင်း
Advertisement
ငှက်ကလေးတွေရဲ့လွတ်လပ်စွာပျံသန်းခြင်းကို အားကျနေရတဲ့အချိန်မှာ ဒီအမေအတွက်ပျော်ရွှင်ခြင်းတွေဝေးတဲ့၃၆နှစ်မြောက်နှစ် ပါတ်လည်ပေါ့” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ သားကို လွမ်းဆွတ်နေကြောင်း ခံစားချက်လေးတွေကိုရေးသားထားပါတယ်။
[zawgyi]
Advertisement
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*