တက်တူးအပြည့်နဲ့ဘဲတွေကိုသဘောကျတယ်ဆိုတဲ့ ဂျေနော်

တက်တူးအပြည့်နဲ့ဘဲတွေကိုသဘောကျတယ်ဆိုတဲ့ ဂျေနော်

ဖက်ရှင်ခပ်လန်းလန်းတွေနဲ့ ယောက်ျားလေးတွေရဲ့စိတ်ဝင်စားမှုတွေကို သိမ်းကြုံးယူထားပြီး အများချစ်စဖွယ်မျက်နှာပိုင်ရှင် Supermodel ဂျေနော် ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်။ သူကတော့Sunday Journal နဲ့အင်တာဗျူးတစ်ခုမှာ သူကြိုက်တဲ့ပုံစံယောက်ျားလေးတွေရဲ့ပုံစံကိုပြောပြသွားပါတယ်။ သူကြိုက်တဲ့ ယောက်ျားလေးတွေရဲ့ပုံစံဘယ်လိုဆိုတာကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိရအောင်ပြေပြပေးလိုက်ပါတယ်။

တက်တူးပါတဲ့သူတွေကိုသဘောကျလားဆိုတဲ့မေးခွန်းကို “အရမ်းကြိုက်တယ် ။ နော်က တက်တူးတွေအပြည့်ထိုးထားတဲ့ယောက်ျားတွေဆိုရင်အရမ်းကြိုက်တယ်။ အရမ်းကြွေတာMaroon5 တို့လိုမျိုး တက်တူးကိုမှ အမိုက်စား Handsome ဖြစ်ပြီးတော့မှ အရမ်းယောက်ျားပီသတဲ့ပုံစံမျိုးကိုမှတက်တူးနဲ့ဆိုရင် အရမ်းသဘောကျ။ကိုယ်ကိုယ်တိုင်လည်း တက်တူးကြိုက်တယ်။ ဒါပေမယ့် အိမ်ကမိဘတွေကထိုးခွင့်မပေးဘူး ဆိုတော့ တစ်ခုနော်စဉ်းစားထားတာပေါ့နော် အိမ် က ပါးပါး မားမားရယ်။ပြီးတော့အစ်ကိုရယ် ပြီးတော့နော်လေးရဲ့ မွေးနေ့တို့၊ မွေးသက္ကရာဇ်တို့ပြီးတော့ အဲ့လိုနော်ဘဝအတွက်အရေးကြီးတဲ့ စာသားလေးတွေတော့ခန္ဓာကိုယ်ပေါ်မှာထိုးဖို့စီစဉ်နေတယ်။ နောကိုယ်တိုင်ကိုက တက်တူးအရမ်းကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူများခန္ဓာကိုယ်ပေါ်မှာတက်တူးမြင်ရရင် မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ် သဘောကျတယ်။ ကိုယ်ကိုယ်တိုင်လည်းထိုးချင်တယ်။ ဒါပေမယ့်အိမ်ကခွင့်မပြုလို့သာအောင့်အီးသည်းခံပြီးနေနေတာ။

နော်လေးတစ်ခုပြောချင်တာက တက်တူးထိုးထားတိုင်းလည်း မိန်းမကောင်းမဟုတ်ဘူးလို့ဘယ်သူမှပြောလို့မရဘူး။ မိန်းမကောင်းတွေလည်း တက်တူးထိုးတယ်။ တချို့ရှေးဆန်တဲ့နော်တို့နယ်ဘက်ကမိဘတွေကကျတော့ ဒီတက်တူးထိုးတဲ့ဟာက မိန်းမကောင်းတွေထိုးတာမဟုတ်ဘူး ဟိုးအရင်တုန်းကရဲ့နည်းနည်းလေး Traditional wayအရပေါ့အဲ့ဒီလိုမျိုးသူတို့သတ်မှတ်ကြတယ်။ ဒါပေမယ့်တက်တူးထိုးတယ်ဆိုတာ Fashion Trend တစ်ခုဖြစ်တယ်။ ပြီးတော့နောက်ထပ်တစ်ခုဖြစ်တာက ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု တချို့ဆိုသင်္ကေတတွေထိုးတယ်။ တချို့ဆိုစာတန်းလေးတွေထိုးထားတယ်။ ကိုယ့်ချစ်သူနဲ့ Anniversaryပဲဖြစ်ဖြစ်လင်မယားချင်းပဲဖြစ်ဖြစ်။ မိသားစု Family ပါပဲဖြစ်ဖြစ်ချစ်တဲ့သူရဲ့ပုံလေးတွေထိုးကြတယ်။ ဒါက အမှန်တိုင်းပြောရရင် Fashion Trend ဖြစ်တဲ့အတွက်ကြောင့်မို့အတွေးအမြင်လေးတွေပြောင်းလဲသွားပြီးတော့တွေးစေချင်တယ်။

ဒါကြီးကိုပေါ့နော် တက်တူးထိုးထားတဲ့မိန်းကလေးတစ်ယောက်က မိန်းမကောင်းမဟုတ်တော့ဘူးလို့ဘယ်သူပြောလဲ။တက်တူးကနောက်ပိုင်းကျရင်တော့ ပိုပြီးတော့တွင်ကျယ်လာမယ်လို့ထင်တယ်ကိုယ်ကိုယ်တိုင်လည်းကြိုတယ် ထိုးတော့မှာသိပ်မကြာခင်(ရယ်လျက်)”ပြောပြသွားခဲ့ပါတယ်။ ပြောချင်လွန်းလို့ကမိတ်ဆွေတွေထဲမှာသာ နော်လေးကိုကြိုက်နေတဲ့သူရှိရင် တက်တူးသာအပြည့်ထိုးပြီး နော်လေးတွေ့အောင်သာလုပ်ကြတော့မှာလားပြောပြသွားပါ့ဦးဗျ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.