ကမ္ဘာ့ ပေါ်က နာမည်ကြီး လျှို့ဝှက်နေရာ ( ၁၀ ) ခု အ ကြောင်း

ကမ္ဘာ့ ပေါ်က နာမည်ကြီး လျှို့ဝှက်နေရာ ( ၁၀ ) ခု အ ကြောင်း

ကမ္ဘာ့နာမည်ကြီးအထိမ်းအမှတ်နေရာတွေကိုသတိထားမိကြပေမယ့် အဲ့နေရာတစ်ခုချင်းစီမှာပုန်းကွယ်ထားတဲ့လျှို့ဝှက်နေရာတွေအကြောင်းကြားသွားရင်တော့အံ့သြသွားမှာဖြစ်ပါတယ်။နာမည်ကြီးအထိမ်းအမှတ်နေရာမှာဖွက်ထားတဲ့ လျှို့ ဝှက်နေရာ၁၀နေရာကိုတွေ့ရှိရာကနေ လျှို့ဝှက်အခန်းတွေကအစ ဖုံးကွယ်ခံရတဲ့ရေချိုးခန်းတွေအထိရှာဖွေတွေ့ရှိခဲ့ပါတယ်။

၁၀-Parisက Eiffel တာဝါ

အီဖယ်လ်တာဝါကိုဆောက်ခဲ့တဲ့ Gustav Eiffelကဥာဏ်မရှိတဲ့လူတော့မဟုတ်ပါဘူး။သူကသူ့လျှို့ဝှက်တိုက်ခန်းကိုအပေါ်ထိပ်ဆုံးမှာဆောက်ခဲ့ပါတယ်။ အဲ့နေရာမှာပဲ Monsieur Eiffelဟာ Thomas Edisonကအစ အထင်ကရဧည့်သည်တွေကို ကြိုဆိုခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ အဲ့ဒီလျှို့ ဝှက်အခန်းကို လူထုကြားချပြခဲ့ပါတယ်။

၉-New Yorkက One Times Square

ဗီဒီယိုတွေမှာပါလေ့ရှိတဲ့ နာမည်ကြီး အဆောက်အဦးကို အားလုံးသတိထားမိကြမှာပါ။ဒါပေမယ့် အဲ့အထဲမှာ ဘာတွေရှိနေတာလဲ။ အံ့သြစရာကောင်းလောက်အောင်ပဲ ဘာမှမရှိပါဘူး။ ဘာဆိုဘာမှမရှိပဲ ၁၉၉၂ ခုနှစ်တုန်းက အဲ့အဆောက်အဦးကို ပိုင်ခဲ့တဲ့ ကုမ္ပဏီက ဒေဝါလီခံလိုက်တော့ စွန့်ပစ်ခဲ့တဲ့ရုံးခန်းတွေပဲရှိနေတာဖြစ်ပြီးတော့ ကြော်ငြာဌာနကိုရောင်းချခဲ့လိုက်တာဖြစ်ပါတယ်။

၈-South Dakota က Ruhmore တောင်

ဒီသမိုင်းဝင်အထိမ်းအမှတ်နေရာမှာတော့ ကျောက်ဆောင်တွေကြားမှာ ထွင်းထုထားတဲ့ လျှို့ဝှက်အခန်းရှိပါတယ်။အဲ့ဒီထွင်းထုထားတဲ့ ပေါင်ချိန် ၁၂သိန်းလောက်လေးတဲ့ နှမ်းဖတ်ကျောက်နဲ့ထုထားတဲ့ကျောက်ရုပ်တွေနောက်မှာကတော့ ငြိမ်းချမ်းရေးကြေညာစာတမ်းလိုမျိုး အမေရိကန်အတွက် အရမ်းအရေးပါတဲ့ စာရွက်စာတမ်းတွေကိုသိမ်းဆည်းထားပါတယ်။

၇-New York ရဲ့ City Hall ဘူတာရုံ

၁၉၄၅ခုနှစ်မှာရောက်လာတဲ့ ရထားအသစ်တွေက လိုဏ်ခေါင်းတွေမှာချိုးကွေ့ဖို့အတွက်အရမ်းရှည်လွန်းနေတဲ့အချိန်ကစပြီးတော့ ဒီCity Hall မြေအောက်ဘူတာရုံကိုစွန့်ပစ်ခဲ့ပါတယ်။ဒါပေမယ့်လည်း တကယ်လို့ သင်သာ ရထားနံပါတ်၆ကိုနောက်ဆုံးအထိစီးသွားမယ်ဆိုရင်တော့ အဲ့ရထားကဒီဘူတာကိုပဲပြန်လာတဲ့အတွက်ကြောင့်သင် City Hallမြေအောက်ဘူတာကိုမြင်နိုင်ပါတယ်။

၆-Las Vegas က Las Vegas Strip

Las Vegas ရဲ့အပန်းဖြေစရာလမ်းမကြီးရဲ့အောက်မှာတော့ ဖုံးကွယ်ထားတဲ့ ကြီးမားလှတဲ့ ဥမင်လှိုဏ်ခေါင်းစနစ်ရှိပါတယ်။အခုချိန်မှာတော့ အဲ့နေရာလေး ရာပေါင်းများစွာသော အိမ်ခြေရာမဲ့တွေအတွက် ခိုနားရာဖြစ်နေပါတယ်။ ဒီလှိုဏ်ခေါင်းဟာ Caesar’s Palace လိုမျိုး အထင်ကရနေရာတွေအောက်မှာဖြတ်သန်းဖောက်လုပ်ထားပါတယ်။အဲ့နေရာမှာနေထိုင်သူတွေရှိနေပေမယ့်လည်း သိပ်မစိုးရိမ်ရတဲ့ ရေချိန်အမှတ်နဲ့ ရေကြီးတာမျိုးရှိပါတယ်။

၅-New Yorkက Empire State အဆောက်အအုံ

အဲ့အဆောက်အအုံရဲ့ အထပ်၁၀၂မှာ ကင်းစောင့်လင့်စင်လေးတွေရှိနေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့်လည်း တကယ်လို့သင်သာ အဲ့မှာ အလုပ်လုပ်တဲ့လူဖြစ်ဖြစ် VIPတစ်ယောက်သာဖြစ်နေမယ်ဆိုရင်တော့ ၁၀၃လွှာမှာရှိတဲ့ ဝရန်တာလေးပါတဲ့ လျှို့ဝှက်အခန်းကနေ မြင်ကွင်းတွေကိုလည်းကြည့်ရှုခံစားနိုင်ပါတယ်။

၎-VaticanကPapalတိုက်ခန်း

Vaticanအတွင်းမှာ ပုပ်ရဟန်းမင်းက ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ Cardinal Bibbienaရဲ့ အိပ်ခန်းအဟောင်းမှာ အစည်းအဝေးတွေလုပ်ပါတယ်။ အဲ့ဒီ အစည်းအဝေးနေရာရဲ့ အတွင်းမှာဖုံးကွယ်ထားတာကတော့ ၁၅၁၆မှာ Raphael Santiကမွမ်းမံပေးထားတဲ့ လျှို့ဝှက်ရေချိုးခန်းဝင်ပေါက်ပဲဖြစ်ပါတယ်။ အဲ့ဒီရေချိုးခန်းထဲမှာတော့ အထွတ်အမြတ်ပန်းချီပုံတွေနဲ့ မွမ်းမံထားတာဖြစ်ပါတယ်။

၃-Disney Worldက Cinderella ရဲတိုက်

မှော်ဆန်တဲ့ Disney ရဲတိုက်ထဲမှာတော့ ဇိမ်ခံတည်းခိုရာနေရာလေးရှိပါတယ်။ဒါပေမယ့်လည်း ကမ္ဘာ့အချမ်းသာဆုံးသူဌေးတွေတောင် တည်းခိုခွင့်မရကြပါဘူး။ အဲ့မှာတည်းခိုနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ဇန်နဝါရီလတိုင်းမှာ ကံစမ်းလို့ရတဲ့Disney Worldရဲ့ တည်းခိုခွင့်ကံစမ်းမဲကိုပေါက်မှသာ တည်းခိုခွင့်ရှိမှာဖြစ်ပါတယ်။

၂-New York က လေဘာတီရုပ်တုကြီးရဲ့ မီးရှုး

လေဘာတီအမျိုးသမီးကိုင်ထားတဲ့ မီးရှုးထဲက လေသာဆောင်ကိုသွားဖို့ အရင်တုန်းက လှေကားလေးရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ၁၉၁၆ခုနှစ် ပေါက်ကွဲမှုကြောင့် မီးရှုးကြီးပျက်ဆီးသွားတဲ့အချိန်ကစပြီးတော့ ခရီးသွားဧည့်သည်တွေကို တက်ခွင့်လုံးဝမပေးတော့ပါဘူး။၁၉၈၆မှာ မီးရှုးကိုပြန်လည်ပြင်ဆင်ခဲ့ပေမယ့်လည်း အခုထိပိတ်ထားတုန်းပါပဲ။

၁-Canadaက Niagara ရေတံခွန်

Niagara Gorgeရဲ့ အတွင်းမှာရှိနေတာကတော့ သေးငယ်တဲ့”နတ်ဆိုးဂူ”ပဲဖြစ်ပါတယ်။ အင်ဒီးယန်းတွေရဲ့ ဒဏ္ဍာရီအရဆိုရင်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အဲ့ဂူထဲမှာပဲ နတ်ဆိုးတစ်ကောင်ကိုပိတ်ထားတာဖြစ်ပါတယ်။ အဲ့အချိန်ကစပြီးတော့ အဲ့ဂူကိုသွားလည်တဲ့ဘယ်သူမဆို ကံမကောင်းမှုတွေရပါစေဆိုပြီးတော့လည်း ကျိန်ထားတာတွေရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Writer -Min Thu (Daily Hot News )

Comments are closed.