အဆစ်ရောင် အဆစ်နာ အဆစ်များ ကိုက်ခြင်း ရောင်ခြင်း တင်းခြင်းတို့ကို လက်တွေ့ ပျောက်ကင်းသော ဆေးနည်း

အဆစ်ရောင် အဆစ်နာ အဆစ်များ ကိုက်ခြင်း ရောင်ခြင်း တင်းခြင်းတို့ကို လက်တွေ့ ပျောက်ကင်းသော ဆေးနည်း

လက်ဆစ် ခြေဆစ် စသော ခန္ဓာကိုယ်ရှိ အဆစ်များ ကိုက်ခြင်း တင်းခြင်း ရောင်ခြင်းကြောင့် မထိုင်နှိင် မသွားနှိင်သောရောဂါ။

ဤရောဂါ ဖြစ်ပေါ်သူတို့အနက် အချို့မှာ လက်ချောင်းအဆစ်များ ရောင်တင်း၍ ကောင်းစွာ မဆုပ်ကိုင်နိုင်ခြင်း လက်မောင်းရင်းဆစ်နှင့် တံတောင်ဆစ်တို့ ရောင်တင်း၍ လက်ကောင်းစွာမမြှောက်နိုင်ခြင်း မကွေးမဆန့်နိုင်ခြင်း ဒူးဆစ် ခြေချင်းဝတ်တို့ ရောင်တင်း၍ ကောင်းစွာမသွားနိုင်ခြင်း မကွေးနိုင် မဆန့် နိုင်သောကြောင့် မထိုင်နိုင်ခြင်း ခြေချောင်းဆစ်များရောင်တင်၍ ဖိနပ်စီး၍မကောင်းခြင်း အနည်းငယ်လှုပ်ရှားလျှင် မောဟိုက်လွယ်ခြင်း အချို့ မှာ ဝမ်းနှင့်ဆီးတို့နည်းခြင်း အိပ်မပျော်ခြင်း စသည်တို့ ဖြစ်ပေါ်ခံစားရတတ်သည်။

ခြေလက် ခေါင်းတုန်ရောဂါ

အချို့မှာ လေအားယုတ်လျော့၍ ခေါင်းတုန်ခြင်း ခြေတုန်ခြင်း လက်တုန်ခြင်း ဖြစ်တတ်ရာ ဤသို့ ခြေ လက် စသည်တို့အတွက် ဤဆေးသည်သက်သာစေပါသည်။

မျက်ခမ်း လှုပ်ရောဂါ

အညစ်အကြေများစုဝေးကာ သွေးစီးဆင်းမှု မမှန်မကန်ဖြစ်ငြ်းကြောင့် ဖြစ်လာသော မျက်ခမ်းလှုပ်သူတို့အတွက် ဤဆေးကို လှုပ်နေသောနေရာကို ပါးပါး သုတ်လိမ်းပြီး ကွမ်းရွက် ကပ်ပေးပါတစ်နေ့ သုံးကြိမ် ပြုလုပ်ပေးခြင်းဖြင့် တစ်ရက် နှစ်ရက်အတွင်းပျောက်ကင်းကြောင်း တွေမြင်ရပါလိမ့်မည်။

ဆေးနည်း

  • ၁။ တောရဲယို့စေ့ – ၅ ကျပ်သား
  • ၂။ ဂျင်းတက် – ၁ ကျပ်သား
  • ၃။မုံညှင်းဆီ – ၅ ကျပ်သား

ဤဆေး သုံးမျိုးကို ဒယ်အိုတွင်ထည့်ပြီး မီးဖိုပေါ်တင်၍ တောရဲယိုစေ့ ဂျင်တက် တူးအောင်ချက် အအေးခံ ဆီကိုစစ်ယူပြီး ပုလင်းထဲ သို့ ထည့်၍ ဆေးအဖြစ်အသုံးပြုနိင်ပါသည်။

အသုံးပြုပုံ-အထက်ပါရောဂါများ ဖြစ်ပါက ဖြစ်နေသောနေရာပေါ်သို့ တောရဲယို ဆီးကို ပါးပါးသုတ်လိမ်းပြီး ကွမ်းရွက်ကို ကပ်ပေးပါက ညလိမ်း မနက် သက်သာလာသည်ကိုလက်တွေ့ကုသပျောက်ကင်းကြောင်းတင်ပြလိုက်ရပါသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.