အနုပညာရှင်များ နှုတ်ထွက်ခဲ့တာကြောင့် Star Awards ဆုပေးပ္ပွဲမှာ SMS Voting စနစ်ပါဝင်မှု ရပ်ဆိုင်း

အနုပညာရှင်များ နှုတ်ထွက်ခဲ့တာကြောင့် Star Awards ဆုပေးပ္ပွဲမှာ SMS Voting စနစ်ပါဝင်မှု ရပ်ဆိုင်း

Star Awards ပွဲတွင်ပေးအပ်ချီးမြှင့်မည့် Popular Award နှင့် People’s Choice Award တို့အတွက် SMS Voting အစီအစဉ်ထည့်သွင်းခြင်း၏အဓိကရည်ရွယ်ချက်မှာ ကိုယ်ကြိုက်နှစ်သက်သောအနုပညာရှင်ကိုတစ်ခါမကသောvote အရေအတွက်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။ အဆိုပါဆုံးဖြတ်ချက်မှာငွေကြေးအကျိုးအမြတ်ရလိုမှုအတွက်အဓိကမဟုတ်ကြောင်းကိုလည်းထပ်မံအသိပေးလိုပါသည်။SMS မှ ရသည့် ငွေများကိုလည်း ရုပ်ရှင်လောကမှအမေများအဖွဲ့ လှူသွားရန်စီစဉ်ထားခဲ့ခြင်းဖြစ်ပါသည်။သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ဆက်သွယ်ရေး အော်ပရေတာအားလုံးပါဝင်နိုင်အောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။၎င်းစေတနာအပေါ်တွင် နားလည်မှုလွဲခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်ရပါသည်။

ယခုအခါ အနုပညာရှင်အချို့ နှင့်ပရိသတ်များ၏ ဆန္ဒအတိုင်းဖြစ်စေရန်ချက်ချင်းတိုင်ပင်ဆွေးနွေးအဖြေရှာ သော်လည်း အော်ပရေတာများ၏ ရုံးဖွင့်ချိန်နှင့် ဆုံးဖြတ်ချက်ကို စောင့်နေရသဖြင့် အချိန်နောက်ကျရသည်ကိုလည်း ခွင့်လွတ်နားလည်ပေး ပါရန် တောင်းဆိုပါသည်။စေတနာဖြင့် မှားယွင်းမှုဖြစ်ခဲ့ရသည့်အပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသော အနုပညာရှင်များနှင့်ပရိသတ်များကိုလည်း အနူးညွတ် တောင်းပန်အပ်ပါသည်။

ဒီမိုကရေစီ စံနှုန်းနှင့်အညီအများသဘောထားဆန္ဒအတိုင်းဖုန်းဖြင့်ပေးပို့သော SMS Votingစနစ်ကို Star Awards ဆုရွေးချယ်ရေး ကော်မတီအနေဖြင့် ရပ်ဆိုင်းပေးလိုက်ပါသည်။ထို့အတွက်ပရိသတ်၏ရာနှုန်းပြည့် ပေးမှုဖြင့်ရရှိမည့် People Choice Award တွင် Facebook ပေါ်၌ တင်ထားသော အနုပညာရှင်၏မူရင်းပိုစ့်တွင် Like (မည်သည့်Reaction မဆို)ရရှိမှု (၁၀၀) ရာခိုင်နှုန်းဖြင့် ပွင့်လင်းမြင်သာစွာဖြင့်အားပေးနိုင်ပါကြောင်းတင်ပြအပ်ပါသည်။

ချက်ချင်းပင် ပေးပို့ထားပြီးသောSMS မှ ရရှိမည့် ငွေများကိုလည်း ရုပ်ရှင်လောကမှ အမေများအဖွဲ့ကို ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါသည်။ Star Awards ရုပ်ရှင်ဆုတွင် ဆုအရေအတွက်စုစုပေါင်း ၂၃ ဆုပေးအပ်မည်ဖြစ်ပြီး Popular Award နှင့် People’s Choice Award ဆု ၂ ဆုအတွက်သာ ပရိသတ်အကြိုက်ရွေးချယ်ပေးနိုင်ရန်စီစဉ်ပေးထားခြင်းဖြစ်ပါသည်။

ပထမဦးဆုံးအကြိမ်ကျင်းပမည့်Star Awards ဆုပေးပွဲအတွက် အများဆန္ဒနှင့်အညီ အတတ်နိုင်ဆုံး ပြောင်းလဲထားသောအခြေအနေနှင့် အညီပူးပေါင်းပါဝင်နိုင်ပါရန်နှင့် ပြောင်းလဲရန်လိုအပ်သော အခြေအနေများကိုအကြံပြုကူညီနိုင်ပါကြောင်း၊အကြံပြုချက်များကိုဒီမိုကရေစီစံနှုန်းအတိုင်း အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.