အသည်းကွဲနေတဲ့ မထက်ကို နှစ်သိမ့်ပေးခဲ့တဲ့ အောင်ရဲလင်း

အသည်းကွဲနေတဲ့ မထက်ကို နှစ်သိမ့်ပေးခဲ့တဲ့ အောင်ရဲလင်း

မိတ်ကပ်ပညာရှင်မထက်ဟာဆိုရင် အချစ်ရေးမှာတစ်ယောက်ဆိုတစ်ယောက်ပိတောက်ဆိုပိတောက် ချစ်သူမျက်နှာတစ်ကမ္ဘာမှတ်ထင်ပြီး ချစ်သူနဲ့အချိန်တွေနှစ်တွေအကြာကြီးလက်တွဲလာခဲ့တာကြာပါပြီ။ ဒါပေမယ့်သိပ်မကြာခင်ရက်ပိုင်းကပဲ ငါးနှစ်ကျော်တွဲလာခဲ့တဲ့ ချစ်သူနဲ့ မထက်က အပြီးတိုင်လမ်းခွဲလိုက်ကြောင်းသိရပါတယ်။ ချစ်သူနဲ့ပြတ်လို့ အရမ်းခံစားနေရတဲ့ မထက်ကို မထက်နဲ့ အလုပ်သဘောအရလက်တွဲလုပ်ကိုင်လာတာကြာပြီဖြစ်တဲ့ အောင်ရဲလင်းက နှစ်သိမ့်ပေးခဲ့ကြောင်းသိရပါတယ်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ အောင်ရဲလင်းကသူ့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ အသည်းကွဲနေတဲ့ မထက်ကိုနှစ်သိမ့်ပေးခဲ့ကြောင်းပြောပြထားပါတယ်။

မထက်က အင်တာဗျူးတစ်ခုမှာ ချစ်သူအိမ်ထောင်ပြုကလေးယူနိုင်ဖို့ ချစ်သူနဲ့လမ်းခွဲပေးလိုက်ရတဲ့အကြောင်းကို “အိမ်ထောင်ပြုဖို့ရှိသေးတယ် သူ့အသက်ကို အစ်မတွက်ထားတာပေါ့နော် သူ့အသက်နဲ့ သူရည်းစားထားရမယ့်အသက်နဲ့ မိန်းကလေးတစ်ယောက်ကို လေ့လာရမယ့်အချိန် အိမ်ထောင်ပြုမယ့်အချိန်ကလေးရမယ့်အချိန် ပြန်တွက်တဲ့ အခါကျရင် အစ်မတို့ ဒီအချိန်တွေလောက်မှာ ရပ်တန့်လိုက်မှ နောက်နှစ်နှစ်သုံးနှစ်အတွင်းမှာ သူအိမ်ထောင်ပြု ကလေးယူမယ်ဆိုရင် သူအသက် ၃၆ ၃၇ ၃၈အတွင်းမှာမှ သူကလေးတစ်ယောက် ရမှာဆိုတော့လေ အစ်မ သူဒီအသက်အရွယ်မှာ အိမ်ထောင်ပြုသင့်ပြီလို့ အစ်မတွေးထားတာ။ အစ်မက အမြဲတမ်း သူများအတွက်ပဲ စဉ်းစားတယ် ဘာလို့လဲဆိုတော့ အစ်မတို့က မဖြစ်နိုင်တဲ့လမ်းကို လျှောက်ခဲ့ပြီးပြီ ဒါပေမဲ့ ဖြစ်နိုင်ချေရှိတာကိုလည်း အစ်မပြန်ဖန်တီးပေးရမယ်လေ အစ်မသဘောအရမ်းကောင်းနေတာတော့ မဟုတ်ဘူးကွာ။ ဒါပေမဲ့ အစ်မ ဒီဟာကို တစ်ချိန်မှာ ဆွဲထားခဲ့ရင်လည်း တစ်ချိန်မှာ လွတ်ထွက်သွားမှာပဲ အဲ့တော့ လွတ်မထွက်သွားခင်မှာ ကိုယ်က အကောင်းဆုံး တွေးပေးနိုင်ရမယ် ဖြည့်ဆည်းပေးနိုင်ရမယ်။သူက ကလေးအရမ်းချစ်တယ်”လို့ မျက်ရည်ဝဲပြီးပြောပြသွားခဲ့ပါတယ်။

အောင်ရဲလင်းကတော့ မထက်ကိုနှစ်သိမ့်ပေးခဲ့တဲ့အကြောင်းကို “ကျွန်တော်ကျတော့ မထက်နဲ့ကျတော့ ပြောရမှာကျတော့ ဒါကကျတော့ မထက်ရဲ့အရမ်း personal ကိစ္စဖြစ်တဲ့အတွက်ကြောင့် နည်းနည်းပါးပါးပဲအကြံပေးဖြစ်တာပါ။ အရမ်းကြီးဝင်မပြောဖြစ်ဘူး။ ဒါကကျတော့ မထက်ရဲ့အရမ်းကြီး personal ကိစ္စဖြစ်နေတော့လေ”လို့ စကားကိုထိန်းပြီးရွေးချယ်ပြောနေတဲ့ပုံနဲ့ ခပ်ဖြည်းဖြည်းပဲပြောပြသွားခဲ့ပါတယ်။ အောင်ရဲလင်းနဲ့ မထက်နဲ့ဟာ အလုပ်သဘောအရ အတူလက်တွဲလုပ်ဆောင်လာခဲ့ကြတာ ကြာပြီဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုအတိုင်းအတာကြောင့် ပရိသတ်တွေက နှစ်ယောက်ချစ်နေကြပြီလား၊ ချစ်သူတွေဖြစ်နေကြပြီလားလို့ ကောလဟလတွေတောင်ထွက်လာခဲ့ပါသေးတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးကတော့ မဟုတ်ကြောင်း ငြင်းဆိုထားခဲ့ကြပါတယ်။

အောင်ရဲလင်းက သူ့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်း “အခုရိုက်နေတဲ့ကားနာမည်ကတော့ သွေးကြွေးပါ။ သွေးကြွေးဆိုတဲ့ကားက မင်းသားကတော့ ကျွန်တော်ရယ် မင်းသမီးကတော့ အေးမြတ်သူရယ်၊ မေမြင့်မိုရ်ရယ်၊အိချောပိုရယ်ပါခင်ဗျ။ ဒါရိုက်တာကတော့ အိန္ဒိယဒါရိုက်တာပါ”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အောင်ရဲလင်းနဲ့ အောင်ရဲလင်းကို အမြဲပင်တိုင် Hair Dressing တွေလုပ်ပေး မိတ်ကပ်တွေလိမ်းပေးနေတဲ့ မထက်ကို ချစ်ကြလား။ သူတို့နှစ်ယောက်လက်တွဲပြီးနောက်ထပ် အောင်ရဲလင်းရဲ့ ရုပ်ရှင်တွေထွက်လာရင်ရောအားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.