မြန်မာလူမျိုးတွေ အခုချိန်ထိ မပြင်နိုင်သေးတဲ့ အကျင့်တခု

မြန်မာလူမျိုးတွေ အခုချိန်ထိ မပြင်နိုင်သေးတဲ့ အကျင့်တခု

1 ယခု ည အိမ် ပြန်လာချိန်၊ဝရံတာထွက် ပြီး ဆေးလိပ် သောက်တယ်၊အဲ့ချိန်မှာ အိမ်ဘေးနားအိမ်ရှေ့ ဝေဇယန္တာလမ်းမှာ ကားတိုက်မှုဖြစ်တယ်၊၊ 12 pm ဝန်းကျင်လောက်ပါ၊ကားက မိးတိုင်လောက် တိုက်တာပဲထင်တာ၊ကိုယ်လဲ ဆေးလိပ် ဆက်သောက်နေတာပေါ့၊သိပ်မသင်္ကာတာနဲ့ အောက်ဆင်းကြည့်မိပါတယ်။ဘယ်ဟုတ်မလဲ.. လူကိုတိုက်ပြီးကားသမားကထွက်ပြေးသွားပြီ သေပြီဆိုပြီးဘေးနားမှာ ဝိုင်းကြည့်တဲ့လူက၂၀ လောက် ရှိတယ်၊

ကျွန်တော် လဲ အဲ့လူ ကြားတဲ့ တိုးဝှေ့ ပြီး အတိုက်ခံ ရတဲ့ သူကို အသက်ရှင်သေးလားလို့ စမ်းကြည့်တယ်.. လူက အသက်ရှိသေးတယ်၊သတိလစ်နေတာ..ကျွန်တော်လည်း သိသလောက် ပြုစုတယ်၊ မျက်လုံးသူငယ်အိမ်တွေ ဖွင့်ကြည့်တော့ သူ သိတယ် သတိရတယ်..

2 ဘေးနားကသူတွေကို သူ့ကိုနေရာ ရွှေ့ဖို့ အကူအညီ တောင်းတယ်၊ဝတ်ကောင်းစားလှဝတ်ထားတဲ့ ငနဲတစ်ပွေနဲ့ အခြားသောသူတွေက ဘာပြောတုန်းမှတ်လဲ..ညီလေး နေရာမရွှေ့နဲ့  ရဲတွေလာပြီ၊သေလောက်ပါပြီ ကွာတဲ့ … ကျွန်တော်က ဟေ့လူ ဒီလူ မသေသေးဘူး၊ ကျွန်တော် ကိုသာ နေရာကူရွှေ့ပေးပါဆိုတော့ သွေးသံရဲရဲ နဲ့ လူနာကို မသတီသလိုနဲ့၊ဝင်ကူညီရင် အမှုပတ်တော့မလိုနဲ့..တကယ်ဗျာ .. ဘေးက ဝိုင်းကြည့်တဲ့သူတွေကိုလဲ အကူအညီ တောင်းတာမရဘူး… ကျွန်တော့်မှာ လမ်းလယ်ကမသေတဲ့သူကို ပြုစုလိုက် နေရာရွှေ့ပေးဖို့  အကူအညီတောင်းလိုက်နဲ့… နဘေးမှာက ကားတွေက ဖြတ်သွားနေတာ လမ်းမမှာ.. ဒိလိုပဲ အားလုံးက အမှုပတ်မှာစိုးလို့လား၊အရင်ရှိရင်းစွဲ ရဲကြောက်စိတ်တွေ ကြောင့်လာမသိ…ဘယ်သူမှ မလာဘူး.. ထားတော့..

3 ကျွန်တော်လဲ ကြည့်နေတဲ့သူတွေအထဲက သိတဲ့သူကို ခေါ်ပြီး လုပ်ပါ ကူညီပါ၊ ခင်ဗျားတို့ ရဲတွေမရောက်ခင် ဒိလူ သေသွား လိမ့်မယ်..ဖြစ်သမျှ ကျွန်တော်တာဝန်ယူတယ်၊လုံးဝတာဝန်ယူတယ်ကျွန်တော်အိမ်ကအဲ့ဒီမှာလို့ပြောတော့မှ လာ မ ကြတယ်.. ရဲခေါ်ထားတယ် လာရင်ဘယ်လိုလုပ်မလဲတဲ့ .. ကျွန်တော် အကုန် တာဝန်ယူတယ်.. ခင်ဗျားတို့ မကူညီရင်သာဒီလူ သေမှာ.. ကျွန်တော်လည်း လူနာကို ပွေ့ထားရတာ သွေးသံရဲရဲ … လာကူတဲ့ ဥိးလေး လဲ သွေးသံရဲရဲ..နောက်တော့ အိမ်နားက သူက ဦးဆောင်လာကူတယ်..လမ်းဘေးကိုချ၊အခြားအရေးကြီးဒဏ်ရာတွေကို ရှာ.. သွေးဒလဟောထွက်နေတဲ့ ဦးခေါင်းကို သွေးတိတ်အောင်လုပ်၊ ခေါက်ရိုးကျိုးသွားတဲ့ ခြေ ကို မူလအတိုင်း ပြန်ဆန့်၊ဘေးက ကပ်ပြီးလှုပ်မရအောင် ဝါးတိုင်တွေနဲ့  သိုင်းထားရတယ်..နာမှာစိုးလို့၊လူနာက အသိ ရှိ တယ်၊အဲဒီအချိန် ကျွန်တော်လုပ်နေသမျှကို ဘေးကဝိုင်းကြည့်သူ အများကြီးထဲကမှ ကူတာဆိုလို့ အိမ်ဘေးက ဦးလေးပဲ ရှိတယ်…

4 ကျွန်တော် ဦးလေး စိတ်ကိုလေးစားတယ်ဗျာ…နှစ်ယောက် လူနာကို သွေးအိုင်ထဲပြုစုနေချိန်မှာ ဘေးကသူတွေက အေးဆေး လက်ပိုက်ကြည့်နေလိုက်တာများ..လူတစ်ယောက်ရဲ့အသက်ထွက်တော့မှာကို တစိမ့်စိမ့်ကြည့် နေသလိုပဲ.. လူနာ အသက်ရူမမှန်တော့ mouth to mouth ကျွန်တော် လုပ်တယ်..လေ့လာခဲ့သမျှ အစွမ်းကုန်ကူတယ်..နှလုံးအားက ကြောက်စိတ်ကြောင့် သွေးထွက်လွန် လို့  မျော့ နေတာ… နှစ်ယောက်သားကူရင်း လူနာသတိပြန်လည်လာတယ်… ကျွန်တော် ပြောသမျှကိုကြားတဲ့ အမှတ်အသားပြလာတယ်၊သွေးထွက်လွန်တာလဲတိတ်အောင် လုပ်ပေးပြီးပြီ။ OK .. ကျွန်တော်ရယ်..အဲ့ ဦးလေးရယ်ဗျာ တိုင်ပင်ထားသလိုပဲ လက်ဝါးခြင်းရိုက်မိတယ်၊သက်ပြင်းချနိုင်တယ်၊လူတစ်ယောက်အသက်ကို ကယ်လိုက်ပြီ။အဲ့ ပြီးတော့ ရဲတွေရောက်လာတယ်၊ စစ်လားဆေးလားပေါ့၊ဒဲ့ပဲပြောလိုက်တယ်.. အကိုတို့အလာကိုသာ စောင့်နေရင် ဒီလူ သေပြီလို့..အဲ့တော့ကျွန်တော် နေရာရွှေ့ပြီး လူနာကို နားလည်သလောက်ပြုစုတယ်လို့ .. ဒီလူမသေတော့ဘူး၊ အကိုတို့  လုပ်ထုံးလုပ်နည်း နှောက်ယှက်မိ့ရင် ကျွန်တော့်ကို ဖမ်းလို့ရတယ်.လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူးလို့ ကျွန်တော်ပြောလိက်တယ်.. လာတယ်ဗျ၊ရဲတော်တော်များများ.. အကူညီ တောင်း ချိန် သူတို့ လဲ အဝေးက လာတာ စခန်း၃ လေးခု စု ပြုံ ရောက်လာတယ်.. ကျေးဇူးဗျာ၊ လာပေးတဲ့ အတွက်.. ပို လေးစားမိတာက ကျွန်တော်နဲအတူ အသက်ကယ် ပေးတဲ့ ဦးလေးကြီးကို ပိုလေးစားမိတယ်..

5 ရင်ကော့ပြီး ဘာပြောတယ်ထင်လဲ..ကျွန်တော်လဲ ပါတယ်တဲ့ ကျွန်တော်ဘေးမှာ လာယှဉ်ပြိးပြောတာ… လုံးဝ ကိုယ်ကျိုး မဖက်တဲ့စိတ်ဗျာ.. ရဲတွေ မေးနေစစ်နေချိန် ကျန်သောသူတွေအကုန်နောက် ကိုဆုတ်နေကြတယ်.. ရဲ တွေ နားလည်ပြီး ကျေးဇူးဗျာ၊ညီအကိုတို့ဘာညာသရကာ.. ကိစ္စမရှိ၊လူနာကိုသာအမြန်ဆုံးဆေးရုံပို့ပေးပါ၊ နံရိုး ကျိုး၊ဘယ်ခြေတခုလုံး ကျိုး ကြေ၊ခေါင်းထိ၊ သွေးထွက်လွန်၊ညာလက် ကြေ၊သိသလောက် main pointတွေ သူ တို့ကိုမှာ..ကိုယ်တိုင်taxiငှားပြီ သူတို့နဲ့ ထည့်လိုက်ရတယ်.. ကားပေါ်တင်ပေးတော့ လူနာက ကျွန်တော့လက်ကို ဆုပ်ကိုင်ထားတယ်.. .သွေးအလိမ်းလိမ်း ကြားထဲက..ခင်ဗျားကို ခု ဆေးရုံပို့မှာ ..ခင်ဗျားမသေဘူး၊စိတ်ချ ဆိုမှ့ သူ့ လက်ကိုလွှတ်ပေးတယ်..ယခုညအတွက် ရဲဘော်စိတ်အပြည့်နဲ့  ကျွန်တော့ဘေးမှာ မားမားမတ်မတ်ကူညီပေးတဲ့ဦးလေးကြီးကို သိပ်လေးစား တယ်ဗျာ၊ခင်ဗျားကမှ တကယ့်သူရဲကောင်း ဗျ.. ဘေးက ဝိုင်းကြည့်နေတဲ့ သူတွေကတော့ တခုခုဆို ဓာတ်ပုံတွေပဲ ဝိုင်းရိုက် နေကြတယ်၊တကယ်ဗျာ၊လူစိတ်ပျောက်နေကြတယ်။ အရေးတကြီးပြောချင်တာက ခင်ဗျားတို့ မြန်မာလူမျိုး တွေ မဟုတ်ကြဘူးလား၊အရသာခံပြီးဓာတ်ပုံတွေရိုက်၊ ဝိုင်းကြည့်နေတဲ့သူတွေတစ်ယောက်တလက်နဲ့ ဝိုင်းကူရင် မရဘူးလား၊ မေတ္တာတရား ခေါင်းပါးနေကြပြီလား..

6 ဆုတ်ကပ်ရောက်နေပြီလား၊လုပ်သင့်တာမလုပ်ပဲ ဘာမဟုတ်တဲ့ အရိုးစွဲအရာတွေကို ကြောက်နေတုန်းလား… ဒီနေရာမှာ ခင်ဗျားတို့မိသားစုဝင်တစ်ယောက်သာ ဖြစ်ရင်လို့မတွေးကြဘူးလား၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး စိတ်တွေကတော့ ခွေးစိတ်ပေါက်နေကြပြီလား.. လားပေါင်းများစွာနဲ့  အသည်းပေါက် လာပြီ ဗျာ… လက်ညောင်းခံ ဂုဏ်တင်ပြီးတက်ရေးနေတာမဟုတ်ဘူး.. ဒီအဖြစ်အပျက်လေးကို ကြည့်ပြီး မေတ္တာတရားရှိစေချင် လို့၊ကိုယ်ချင်းစာစိတ် ရှိစေချင်လို့ ၊ အမုန်းခံပြီး ရေးတာ..မည်သူ့ကိုမှ ထိခိုက်စေလိုစိတ်မရှိပါ.. ကိုယ်သာ သိသော ကိုယ့်စိတ်အမှန်ကို ဆင်ခြင်စေချင်လို့  ရေးရတာ.. ယဉ်ချင်ယဉ် ရိုင်းချင်ရိုင်းမယ်… နားလည်ပေးပါဗျာ.. လူစိတ်ပျောက်နေတဲ့လူတွေကိုစက်ဆုပ်လွန်းအားကြီးလို့ ပါ.. ဘဝမှာတော့ ခုထိ သေအံ့ဆဲဆဲ လူအနည်းငယ်တော့ ကျွန်တော် ကယ်မိသွားပြီ..လုပ်သင့်လုပ်ထိုက်လို့လုပ်တာ.. နာမည်ကြီးဖို့မဟုတ်ပါဘူး .. ကျွန်တော် လူတော်လူကောင်းမဟုတ်ပါဘူး၊ ဒါပေမယ့် လူစိတ်ရှိတဲ့ လူတစ်ယောက်ပါ.. ရိုင်းပျမှုအတွက် အားလုံးကို တောင်းပန်အပ်ပါသည်..ဘုရားဟော တရား တွေထဲက လူ ဟူသော နာမနဲ့ လူ စစ်စစ်တို့ကိုသာ တွေ့ရပါလို၏ အရှင်ဘုရား

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.