ဉာဏ်ကောင်း၊ပညာတတ်၊မောက်မာပြီး အိမ်ထောင် ၂ ဆက်ရှိခဲ့တဲ့ မိန်းမ ၁ ယောက်ရဲ့ ကျေနပ်သွားတဲ့ သေနည်း

ဉာဏ်ကောင်း၊ပညာတတ်၊မောက်မာပြီး အိမ်ထောင် ၂ ဆက်ရှိခဲ့တဲ့ မိန်းမ ၁ ယောက်ရဲ့ ကျေနပ်သွားတဲ့ သေနည်း

တစ်ခါက အမျိုးသမီးတစ်ယောက်ဟာဉာဏ်လည်း ကောင်းတယ်ပညာလည်း တော်တော်တတ်တယ်အကျဉ်းပြောရရင်သူ့မှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့တယ်အိမ်ထောင်ကို ပိုက်ဆံကြည့်ပြီး ပြုခဲ့တော့ အဲဒီအိမ်ထောင် နှစ်ဆက်လုံးဟာ ကွဲသွားခဲ့တယ် သားသမီးတွေလည်း ရှိခဲ့ပေမယ့်တစ်ယောက်နဲ့မှ မတည့်ဘူးမောင်နှမတွေ ရှိတာလည်း ဘယ်သူနဲ့မှအဆင်မပြေခဲ့ဘူး..

သူ့လောက် မလည်တဲ့မောင်တွေ ညီမတွေ အကုန်လုံးကိုလိမ်ညာ လှည့်ဖျားပြီး မိဘအမွေတွေကိုသူ့လက်ထဲအကုန်နီးပါးရအောင် လုပ်ခဲ့တယ် သူဟာ ကုမ္ပဏီလုပ်ငန်းတွေလုပ်တယ် ပြီးတော့ ချမ်းသာတယ် နောက်တော့ သူ အစာအိမ်ရောဂါဖြစ်ပြီး ဆေးရုံတက်ရတဲ့အခါ အစာအိမ်ကင်ဆာတဲ့ ခွဲလိုက်တယ်မပျောက်ဘူးအသည်းရောဂါပါ ထပ်ဖြစ်တယ် ဘာမှလည်း လုပ်လို့မရတော့ဘူး ရောဂါရှိနေတဲ့ကြားက မြင်သမျှကိုအော်တယ် ငေါက်တယ် ငွေနဲ့ ဖြေရှင်းစေခိုင်းနေတုန်း

အဲဒီမှာ ဆွေမျိုးမကင်းတဲ့ ဆရာဝန်မလေးရယ် သူ့အတွက် ငှားပေးတဲ့ စပါယ်ရှယ်နပ်စ်မလေးရယ် ပြုစုကြတယ် တစ်ခုရှိတာက နှစ်ယောက်စလုံးက တရားဘာဝနာကိစ္စမှာ ဝါသနာပါကြတာ..နပ်စ်မလေးကို အမြဲအော်ငေါက်ပေမယ့်သူ့အပေါ် အရမ်းကို သည်းခံရှာပါတယ် သူ စိတ်နည်းနည်း ကြည်ပြီထင်ရင်တရားအကြောင်းလေးတွေ ပြောပြောပြတယ်တိပ်ခွေဖွင့်ပြမယ်လုပ်တော့ဘာအခွေလည်း တရားခွေပါအန်တီ ဆိုရင် သိပ်ပျင်းစရာကောင်းတာပဲ လို့ပြောလေ့ရှိတယ် ရံဖန်ရံခါကြတော့လည်း ဖွင့် ဖွင့် လို့ပြန်ပြောတယ် တစ်နေ့

ဆရာတော်ဦးဇောတိကရဲ့ ဘဝဆိုတာ ကျောင်း ဆိုတဲ့ အခွေနဲ့တရားကိုနာမိပြီး သူတော်တော်စဉ်းစားလာတယ် ဘာမှတော့မပြောဘူး နောက်နေ့ နားထောင်တယ် တဖြည်းဖြည်းစိတ်ပြောင်းလာတယ်..ဆရာမလေးဟာ အားတက်ပြီး အခွေတွေထပ်ယူလာပေးတယ် ခွင့်လွှတ်ပါတယ် ဆိုတဲ့တရားခွေ အဲဒီအခွေကို သူသိပ်နားမထောင်ချင်ဘူး သူဟာဘာကိုမှ ခွင့်မလွှတ်နိုင်ဘူး

တော်တော်ကြာနေမှ ဖွင့်ကြည့်လိုက်စမ်း ဆိုပြီးပြောလာတယ်တရားထဲမှာပါတာက ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လွတ်လပ်အောင်လုပ်တာ ခွင့်မလွှတ်နိုင်သေးသရွေ့ ကိုယ့်စိတ်က မလွတ်လပ်နိုင်ဘူးဆိုတာ ပါတယ်နားထောင်ရင်း သူနည်းနည်းတော့သဘောပေါက်လာတယ်ရောဂါကြောင့် သူကြာကြာမနေရတော့ဘူးဆိုတာကိုသူသိလာပုံရပါတယ် နောက်တော့ သဘောထားကြီးပါတယ်

ဆိုတဲ့တရားခွေ သူအများကြီးပြောင်းလဲသွားပြီ အရင်လောက် မအော်မငေါက်တော့ပြုံးရွှင်လာတယ် ကောင်းမွန်လာတယ်မေတ္တာလည်းထားနိုင်လာတယ်..မောင်တွေညီမတွေကိုပြန်တွေ့ချင်လာတယ် အခေါ်ခိုင်းတယ် ဒါပေမယ့် ဟိုဘက်ကခံထားရသူတွေက သေခန်းဖြတ်ထားကြပြီ အတွေ့မခံကြတော့ဘူး အမျိုးမကင်းတဲ့

ဆရာဝန်မလေးကစေ့စပ်ပေးရှာတယ်တောင်းတောင်းပန်ပန်အကြိမ်ကြိမ်ပြောမှ မလာချင်လာချင်လာကြတော့တယ် လာကြတော့ သူပြေပြေလည်လည်ပြောပါတယ်သူမှားခဲ့တာတွေရှိရင် သူ့ကိုခွင့်လွှတ်ပါတဲ့ သူနာထားတဲ့ တရားခွေထဲမှာ ဆရာတော်က သေခါနီးမှာ ကိုယ်ကိုယ်တိုင်က မကျေမနပ်ဖြစ်နေရတဲ့သူမရှိချင်ဘူး ခွင့်လွှတ်ပါတယ်

ကိုယ်မှားခဲ့ရင်လည် ခွင့်လွှတ်လိုက်ပါ သူတို့မှားခဲ့လို့မကျေနပ်တာရှိရင်လည်း အားလုံးကို ခွင့်လွှတ်တဲ့စိတ်နဲ့ပဲသေချင်ပါတယ် ”း လို့ပါတယ်..အဲဒါလေးကို သူ့စိတ်ထဲမှာသိပ်ခံစားရတယ် သူလည်းခွင့်လွှတ်တယ် သူ့ကိုလည်း ခွင့်လွှတ်ပါဆိုတာကိုသူသိပ်လိုချင်နေတယ် တဖြည်းဖြည်း တစ်ယောက်ချင်းလာ တလှည့်စီလာ၊ စုလာ၊ လာရင်းကနေမောင်နှမတွေ ပြန်တည့်ကြတယ် ဒီမှာတင် ဘယ်သူမှမသိအောင် တိတ်တိတ် ရှေ့နေတွေခေါ်ပြီး သေတမ်းစာရေးတော့တယ်။ အဝေးနိုင်ငံက သားသမီးတွေကိုခေါ်တယ်

ပေးသင့်ပေးထိုက်တဲ့ အမွေတွေပေးလိုက်တယ်။ အရင်ကမတရားယူထားတဲ့မိဘအမွေတွေကို မောင်နှမတွေကို အကုန်ပြန်ပေးတယ် ပေးမယ်ပြောပြီးမှပြေလည်တာမဟုတ်ဘူးပြန်ပြေလည်ပြီးမှ ပေးတာ သူ့နောက်ဆုံးအချိန်တွေဟာ တော်တော်အေးချမ်းလာတယ် တစ်နှစ်ကျော်ကျော်လေးအတွင်းမှာ တရားလေးနာ တရားလေးအားထုတ်ရင်းစိတ်ထားတွေတဖြည်းဖြည်းပြောင်းလဲသွားပြီးကြည်ကြည်လင်လင်အေးအေးချမ်းချမ်းနဲ့ပဲ သူသေသွားခဲ့တယ် မောင်နှမတွေဆိုသူ့သေတမ်းစာနဲ့ အမွေတွေပေးထားတာတွေတွေ့ရတော့ အကြီးအကျယ်ဝမ်းနည်းတော့တာ အရင်တုန်းကစိတ်ဆိုးခဲ့တာကိုတောင်

ပြန်ပြီးစိတ်မကောင်းဖြစ်ကြတယ် အဲဒါဘာကြောင့်လည်း တရားကြောင့် ဘုရားဟောတဲ့တရားတော်တွေကိုဆရာတော်က နားလည်လွယ်အောင် စကားရိုးရိုးနဲ့တဆင့်ပြန်ဟောပေးသွားတာသူမသေခင်လေးမှာ ခဏ ခဏပြောသွားတယ်..ငါ ခုလိုစိတ်မျိုးနဲ့သေရတာကျေနပ်ပါတယ် တသက်လုံးရခဲ့တဲ့ပစ္စည်းဥစ္စာတွေဟာ အခုအချိန်မှာငါ့ကို ဘာကျေနပ်မှုမှ မပေးနိုင်ဘူး ဒီလိုစိတ်ထားမျိုးနဲ့ဒီလိုအသိဉာဏ်မျိုးစောစောစီးစီးကတည်းကနေနိုင်ခဲ့ရင်ဘဝဟာ ပိုပြီးကျေနပ်စရာကောင်းမှာပါ တဲ့ဘဝကို အကောင်းဆုံး ဘယ်လိုနေကြမလဲ…..

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

(ဆရာတော်ဦးဇောတိက၏ အသက်ရှင်နေလျက်ဘဝသေနေသူ တရားတော်အား မှီငြမ်းပါသည်။)

Comments are closed.