ေလျဖတ္ေတာ့မယ္ဆိုရင္

ေလျဖတ္ေတာ့မယ္ဆိုရင္

ေလျဖတ္ေတာ့မယ္ဆိုရင္

ဦးေႏွာက္နဲ႔အာ႐ုံေၾကာပါရဂူတေယာက္က လူတေယာက္ ေလျဖတ္ေတာ့မယ္ဆိုတာကို ၃နာရီေလာက္ ႀကိဳသိခဲ့လို႔ ဒီ ၃နာရီအတြင္း ၾကပ္ၾကပ္မတ္မတ္ ကုသေပးလိုက္ရရင္ ေလလုံးဝ မျဖတ္ေအာင္တားႏိုင္တယ္လို႔ ေျပာပါတယ္။

ေလျဖတ္ေတာ့မယ္ဆိုတာကို ႀကိဳသိႏိုင္ပါ့မလား ?

ေလျဖတ္တဲ့လကၡဏာေတြက ခြဲျခားဖို႔ ခက္ခဲပါတယ္။ တခါ, ကံဆိုးတာက အမႈမဲ့ အမွတ္မဲ့ ေနတတ္ၾကတာေၾကာင့္လည္း ေလျဖတ္ျခင္းဟာ ကပ္ဆိုက္မႈႀကီး တရပ္ ျဖစ္ေနခဲ့ရပါတယ္။ ခုေတာ့ သိလာၾကၿပီတဲ့, ဆရာဝန္ေတြက ေျပာၾကျပန္ပါတယ္ .. အနီးကပ္ ေနသူတဦးက မိမိနားကလူတေယာက္ ေလျဖတ္ေတာ့မယ္ဆိုတာကို အခ်က္ ၃ခ်က္ကို သိရွိနားလည္ထားရင္ ႀကိဳၿပီး သိႏိုင္ပါၿပီတဲ့။

  • ဘာအခ်က္ေတြလဲ ဆိုေတာ့ ‘ ပ ‘ သုံးလုံးျဖစ္ပါတယ္။ 
  • ၁။ ၿပဳံးခိုင္းပါ
  • ၂။ ေျပာခိုင္းပါ
  • ၃။ ျပခိုင္းပါတို႔ ျဖစ္ပါတယ္။

မိမိ မိခင္၊ ဖခင္၊ မိသားစု၊ ေဆြမ်ိဳး မိတ္ေဆြေတြမွာ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံးလည္းရွိမယ္။ ကိုယ္အေလးခ်ိန္လည္း မ်ားေနမယ္ ( ဝေနမယ္ ) ဆိုရင္ ေလျဖတ္ဖို႔ အလားအလာရွိသူအျဖစ္ သိထားဖို႔ လိုပါတယ္။

ဒီ ပုဂၢိဳလ္ေတြကို ၾကည့္ရင္း ၾကည့္ရင္း အကဲမရဘူးလို႔ ထင္လာတဲ့အခါက်ရင္

  • ပထမ – ၿပဳံးခိုင္းၾကည့္ပါ။ 
  • ေလျဖတ္ေတာ့မယ္ဆိုရင္ မၿပဳံးႏိုင္ေတာ့ဘူတဲ့။
  • ဒုတိယ – စကားေျပာခိုင္းပါ။
  • လြယ္တဲ့ ဝါက်ေလး တခုခုေပါ့။ ေလျဖတ္ေတာ့မယ္ဆိုရင္ ရွင္းရွင္းလင္းလင္း မေျပာႏိုင္ဘူးတဲ့။ လွ်ာ ထုတ္ခိုင္းၾကည့္ရင္ လွ်ာ တြန႔္လိမ္ေနမယ္တဲ့။
  • တတိယ – ျပခိုင္းတာ
  • လက္ႏွစ္ဖက္ကို ေျမႇာက္ျပပါလို႔ ခိုင္းပါတဲ့။ လက္ ေျမႇာက္ျပခိုင္းလို႔ မရဘူးတဲ့။
  • ဒီအခ်က္ ၃ခ်က္ထဲက ၁ခ်က္ခ်က္ ခြၽတ္ယြင္းရင္ ေဆး႐ုံအျမန္ ပို႔ပါေတာ့တဲ့။
  • က်န္းမာခ်မ္းသာၾကပါေစ
  • ေဒါက္တာျမင့္သိန္း

17 March 2019Credit – ေဒါက္တာျမင့္သိန္း

(Unicode)

  • လေဖြတ်တော့မယ်ဆိုရင်
  • ဦးနှောက်နဲ့အာရုံကြောပါရဂူတယောက်က လူတယောက် လေဖြတ်တော့မယ်ဆိုတာကို ၃နာရီလောက် ကြိုသိခဲ့လို့
  • ဒီ ၃နာရီအတွင်း ကြပ်ကြပ်မတ်မတ် ကုသပေးလိုက်ရရင် လေလုံးဝ မဖြတ်အောင်တားနိုင်တယ်လို့ ပြောပါတယ်။
  • လေဖြတ်တော့မယ်ဆိုတာကို ကြိုသိနိုင်ပါ့မလား ?
  • လေဖြတ်တဲ့လက္ခဏာတွေက ခွဲခြားဖို့ ခက်ခဲပါတယ်။ တခါ, ကံဆိုးတာက အမှုမဲ့ အမှတ်မဲ့ နေတတ်ကြတာကြောင့်လည်း
  • လေဖြတ်ခြင်းဟာ ကပ်ဆိုက်မှုကြီး တရပ် ဖြစ်နေခဲ့ရပါတယ်။ ခုတော့ သိလာကြပြီတဲ့, ဆရာဝန်တွေက ပြောကြပြန်ပါတယ် .. အနီးကပ် နေသူတဦးက မိမိနားကလူတယောက် လေဖြတ်တော့မယ်ဆိုတာကို အချက် ၃ချက်ကို သိရှိနားလည်ထားရင် ကြိုပြီး သိနိုင်ပါပြီတဲ့။
  • ဘာအချက်တွေလဲ ဆိုတော့ ‘ ပ ‘ သုံးလုံးဖြစ်ပါတယ်။ 
  • ၁။ ပြုံးခိုင်းပါ
  • ၂။ ပြောခိုင်းပါ
  • ၃။ ပြခိုင်းပါတို့ ဖြစ်ပါတယ်။
  • မိမိ မိခင်၊ ဖခင်၊ မိသားစု၊ ဆွေမျိုး မိတ်ဆွေတွေမှာ ဆီးချို၊ သွေးတိုး၊ နှလုံးလည်းရှိမယ်။ ကိုယ်အလေးချိန်လည်း များနေမယ် ( ဝနေမယ် ) ဆိုရင် လေဖြတ်ဖို့ အလားအလာရှိသူအဖြစ် သိထားဖို့ လိုပါတယ်။
  • ဒီ ပုဂ္ဂိုလ်တွေကို ကြည့်ရင်း ကြည့်ရင်း အကဲမရဘူးလို့ ထင်လာတဲ့အခါကျရင်
  • ပထမ – ပြုံးခိုင်းကြည့်ပါ။ 
  • လေဖြတ်တော့မယ်ဆိုရင် မပြုံးနိုင်တော့ဘူတဲ့။
  • ဒုတိယ – စကားပြောခိုင်းပါ။
  • လွယ်တဲ့ ဝါကျလေး တခုခုပေါ့။ လေဖြတ်တော့မယ်ဆိုရင် ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူးတဲ့။ လျှာ ထုတ်ခိုင်းကြည့်ရင် လျှာ တွန့်လိမ်နေမယ်တဲ့။
  • တတိယ – ပြခိုင်းတာ
  • လက်နှစ်ဖက်ကို မြှောက်ပြပါလို့ ခိုင်းပါတဲ့။ လက် မြှောက်ပြခိုင်းလို့ မရဘူးတဲ့။
  • ဒီအချက် ၃ချက်ထဲက ၁ချက်ချက် ချွတ်ယွင်းရင် ဆေးရုံအမြန် ပို့ပါတော့တဲ့။
  • ကျန်းမာချမ်းသာကြပါစေ
  • ဒေါက်တာမြင့်သိန်း
  • 17 March 2019

Credit – ဒေါက်တာမြင့်သိန်း

Comments are closed.