ရေပန်းစားနေတဲ့ မီမီမီမီ အကရဲ့ လျှို့ဝှက်ချက်ကို ပြောလိုက်တဲ့ နေတိုး

ရေပန်းစားနေတဲ့ မီမီမီမီ အကရဲ့ လျှို့ဝှက်ချက်ကို ပြောလိုက်တဲ့ နေတိုး

နေတိုးရဲ့ “မီ မီ မီ မီ မီ မီ” ဆိုတဲ့ ကြော်ငြာလေးနဲ့ ချစ်စရာကောင်းတဲ့ အကကိုတော့ ပရိသတ်တွေ ရင်းနှီးနေပြီလို့ ထင်ပါတယ်။ Mytel ရဲ့ ကြော်ငြာလေးတခုမှာတော့ နေတိုးက ပါဝင်သရုပ်ဆောင်ထားပေးပြီး သူ့ကိုယ်ပိုင် Studio မှာပဲ ဒီကြော်ငြာလေးကို ရိုက်ခဲ့တာ ဖြစ်ပါတယ်။ နေတိုးကနေတဲ့ ဗီဒီယိုကြော်ငြာလေးကတော့ ပရိသတ်တွေကြား ပြန့်နှံ့သွားခဲ့ပြီး ယခုမှာတော့ နေတိုးက သူဒီကြော်ငြာလေးကို ဘယ်လိုရိုက်ကူးခဲ့တာလည်း ဘယ်လိုအခက်ခဲတွေ ရှိလဲဆိုတာကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

The Radar နဲ့ အင်တာဗျူးမှာတော့ နေတိုးကတော့ MyTel ကြော်ငြာမှာ သရုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး “သရုပ်ဆောင်ဆိုတာကတော့ ကျွန်တော်တို့ အကုန်လုံးကိုတော့ လေ့လာထားရတာပေါ့။ ဘာလို့လဲဆိုတော့ ဒီလိုပဲ ကတာကို အရမ်းကြီး ဝါသနာမပါဘူး ဆိုပေမယ့်လည်း ကျွန်တော်တို့က အနုပညာနဲ့ ပတ်သက်တာကို တန်ဖိုးထားတယ် မြတ်နိုးတယ် လေ့လာကြပါတယ်။ ဒီလိုမျိုးတွေ ကဖို့လိုလာရင်လည်း ကျွန်တော်တို့ လေ့ကျင့်ပြီးတော့ ကကြရတာပေါ့”

အခက်ခဲတွေနဲ့ ပတ်သက်ပြီး နေတိုးကတော့ “အဓိကကတော့ ကျွန်တော်က အရပ်နည်းနည်းလေးမြင့်တဲ့ထဲမှာပါတော့ ခါးလေးနည်းနည်းပိုကွေးပြီးတော့ ကရတဲ့ဟာမျိုးဆိုလို့ရှိရင်တော့ ကျွန်တော့်အနေနဲ့ ခက်ခဲမှုတော့ ပိုပြီးရှိပါတယ်။ အဓိကကတော့ ဘော်ဒီရှတ်လောက်ပဲ ကရတဲ့အချိန်ကျတော့ ခန္ဓာကိုယ်ကို လှုပ်ပြီးလွတ်လွတ်လပ်လပ် ကရတာမျိုးဆိုရင် ကျွန်တော်ပိုပြီးတော့ နှစ်သက်ပါတယ်။ အရမ်းကြီး ခန္ဓာကိုယ်ကြီးတွေကို ကွေးပြီးကရတဲ့ဟာတွေဆိုရင်တော့ ကျွန်တော့်အတွက် ပိုပြီးတော့ အခက်ခဲရှိပါတယ်။ ပရော်ဖက်ရှင်နယ်တွေဆိုရင်တော့ ပိုပြီးတော့ ကြည့်ကောင်းမယ် ထင်ပါတယ်” ဟု ဖြေကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.