၅ လသားအရွယ်ကတည်းက ထူးခြားစွမ်းအားလေးပိုင်ဆိုင်ထားတဲ့ လွန်လွန်းရဲ့ကလေး (ဗီဒီယို)

၅ လသားအရွယ်ကတည်းက ထူးခြားစွမ်းအားလေးပိုင်ဆိုင်ထားတဲ့ လွန်လွန်းရဲ့ကလေး (ဗီဒီယို)

အဆိုတော် တိုင်းရင်းသားလေးလွန်လွန်းနဲ့ နိုင်ငံခြားသူလေးတို့ အချစ် ဇာတ်လမ်းလေးကိုတော့ တော်တော်များများလည်း သိပြီးတဲ့သူတွေ ရှိမှာပါ။ မြန်မာနာမည် ဖြူစင်လို့ပေးထားတဲ့ သြစတေးလျသူလေးနဲ့ တိုင်းရင်းသားလေး လွန်လွန်းတို့ကတော့ ချစ်စရာကောင်းတဲ့ စုံတွဲလေးအဖြစ် လူအများလက်ခံထားပြီး အားပေးတဲ့သူတွေလည်း ရှိကြပါတယ်။

သူတို့အတွဲကတော့ လက်ရှိမှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ကတော့ တအိုးတအိမ်တည်ထောင်ထားတာကတော့ နှစ်အနည်းငယ်ရှိနေုပြီး ကလေးလေးတယောက်ရှိပါတယ်။

သူ့ကလေးလေးကတော့ ၅ လသားအရွယ်ကတည်းက ထူးခြားတဲ့အရည်သွေးလေး ရှိတယ်ဆိုပြီးတော့ အရင်တုန်းက ဗီဒီယိုလေးကို ပြန်တင်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ၂ နှစ်ကျော်အရွယ်ရှိပြီး ကျောင်းတောင်တက်နေပါပြီ။

အဆိုတော် လွန်လွန်းကတော့ သူ့ရဲ့ ဖေ့ဘုတ်ပေါ်မှာတော့ “ငါးလသား အရွယ်ကတည်းက ဘယ်လောက်သန်မာလဲ ဆိုတော့ Obimin ကတောင် ဆုတော်ငွေ ၁ သိန်းချီးမြှင့်သွားခဲ့ပါသေးတယ် အခုအသက် 2 နှစ် ကျော်ရှိနေပါပြီ ကျနော်က ကလေးနဲ့အရင်းနှီးဆုံး အဖေတစ်ယောက်ပါ ကျနော့် ကလေးအကြောင်းကို ကျနော် အသိဆုံးလဲ ဖြစ်တယ်။ ကလေးတွေမှာ အဓိက ဘာသာစကားရှိတယ် အဲ့တာကတော့ ” ငို “တတ်ခြင်းပဲ။ သူတို့နာရင် သူတို့မကြိုက်ရင် ပူရင်အေးရင် လေထိုးရင် ငိုကြတယ်။ ကျနော့်ကလေးကို ဒီလို လုပ်နိုင်အောင်လည်း ကျနော်သင်ပေးတာမဟုတ်ပါဘူး။ သူ့အားသာရာကို ကူညီပေးလိုက်တာပါ” ဆိုပြီးတော့ ဗီဒီယိုလေးနဲ့ တင်ထားတာ ဖြစ်ပါတယ်။

လွန်လွန်းကတော့ သူ့ရဲ့ကလေးလေးဟာ လသားလေးပဲ ရှိသေးသော်လည်း လူကြီးတွေလုပ်သလိုမျိုး အိပ်ထမတင်တွေ လုပ်နိုင်နေတာ ဖြစ်ပါတယ်။ ကလေးလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ကို လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ပရိသတ်တွေတော်တော်များများလည်း သဘောကျကြပြီး ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ပေ့ခ်ျက ဖော်ပြပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.