
သိုင်းလောကသားတွေမျှော်လင့်နေတဲ့ IP Man 4 Teaser
ဝန်ချွန်းသိုင်းရဲ့ဥသျှောင် တစ်ပါးဖြစ်တဲ့ Yip Ka-manရဲ့ဘဝဇတ်ကြောင်းကိုDonnie Yen နဲ့ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထုတ်လုပ်ထားတာ သုံးကားရှိသွားပါပြီ။ သူရဲ့ကမ္ဘာစစ်အတွင်းနိုင်ငံရေးအခင်းအကျင်းတွေကြားကနေ တိုက်ခိုက်ပုံတိုက်ခိုက်နည်း ကိုယ်ခံပညာအသားပေးရိုက်ထားတဲ့ ပထမသုံးကားလုံးကိုကြည့်ထားပြီးဖြစ်တဲ့ သူတွေကတော့ နောက်ထက်ဆက်ထွက်လာမယ့် IP Man 4 ကိုမျှော်လင့်နေကြမှာပါ။ အခုပြောချင်လွန်းလို့ မိတ်ဆွေတွေကို သတင်းကောင်းတစ်ခုပါးချင်ပါတယ်။ အဲ့ဒါကတော့ အခု၂၀၁၉ ဂျူလိုင် မှာ Ip Man ဇာတ်လမ်းရဲ့နောက်ဆက်တွဲဇာတ်လမ်းတစ်ခုဖြစ်တဲ့ Ip Man 4 ကဆိုရင် မိတ်ဆွေတို့ရှေ့ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။


Bruce Lee ဆိုတဲ့ ကိုယ်ခံပညာဂရုကြီးရဲ့ဆရာအရင်းလည်းဖြစ် ၊ သိုင်းကျောင်းကြီးတခမ်းတနားဖွင့်ပြီးသင်ကြားပြသပေးခဲ့IP Man အကြောင်းတော်တော်များများကို မိတ်ဆွေတို့လည်းတော်တော်များများ သိထားမယ်လို့ထင်တဲ့အတွက် သူ့အကြောင်းတွေကိုထည့်ပြောမနေတဲ့ပါဘူး။ အခုလာမယ့် လေးကားမြောက်ဇာတ်ကားမှာတော့ ရုရှားအကျဉ်းထောင်ထဲမှာ အင်မတန်မှ ကြမ်းထော်နေအောင် ကိုယ်ခံပညာတတ်ကျွမ်းတဲ့ Yuri Boyka အဖြစ်သရုပ်ဆောင်ထားတဲ့ အင်္ဂလိပ်မင်းသားကြီး Scott Adkins ပါဝင်မယ့်လို့သိရပါတယ်ဒါပေမယ့်ဘယ်နေရာကနေပါဝင်သရုပ်ဆောင်မယ်ဆိုတာကတော့ အတိအကျမပြောပြနိုင်သေးတဲ့အတွက်စိတ်မကောင်းပါဘူး။အဲ့ဒီအပြင် Bruce Lee ရဲ့ဘဝဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ The Legend of Bruce Lee ဇာတ်လမ်းတွဲကြီးမှာ Bruce Lee နေရာကပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Danny Chan ကဒီဇာတ်လမ်းထဲမှာလည်း Bruce Lee နေရာကပဲပါဝင်သရုပ်မယ်လို့သိရပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ Wikipedia ရဲ့အဆိုအရဆိုရင်တော့ ကျွန်တော်တို့၊မိတ်ဆွေတွေရဲ့အချစ်တော်မင်းသားကြီး Jackie Chan တောင်ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်မယ်လို့ပြောထားပါတယ်။


အဓိကသရုပ်ဆောင်အနေနဲ့ကတော့ ရှေ့ကဇာတ်ကားသုံးကားလုံးမှာ IP Man နေရာကနေသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Donnie Yen ကပဲဆက်လက်သရုပ်ဆောင်သွားမှာပါ ။ IP Man 4 ရဲ့ Teaser Trailer ကတော့ လွန်ခဲ့တဲ့ရက်ကလည်းထွက်ရှိထားပါတယ်။ ဒီTrailer ထဲမှာတော့ ဇာတ်လမ်းရဲ့အကြောင်းကို ဦးစားပေးပြသသွားတာမျိုးနည်းပြီး ပြီးခဲ့တဲ့ဇာတ်ကားသုံးကားထဲကဇာတ်ရှိန်မြင့်ခဲ့တဲ့ပုံရိပ်တွေကိုပဲတော်တော်များများပြန်ပြသွားပါတယ်။ ဒါပေမယ့်ကျနော်တို့သိလိုက်ရတဲ့တစ်ခုကတော့ IP Man ဟာ အမေရိကန်ကာကွယ်ရေးစခန်းတစ်ခုမှာသွားပြီး ကိုယ်ခံပညာဖလှယ်မှာလား ဒါမှမဟုတ်တစ်ခုခုအတွက်ပဲသွားတာလားဆိုတာကိုတော့ကျွန်တော်တို့ကြိုပြီးရင်ခုန်ထားလို့ရပါပြီ။ စာလည်းနည်းနည်းရှည်သွားပြီဆိုတော့ ပြောချင်လွန်းလို့ မိတ်ဆွေတွေမကြည့်လိုက်ရမရှိလေအောင် အောက်မှာ IP Man4ရဲ့ Teaser Trailer လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ခံစားကြည့်ရှုပေးပြီး မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းပြောပြပေးသွားပါ့ဦးခင်ဗျ။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။