တနေ့တရက်တည်းနဲ့ပြီးသွားမယ့်အရေးမဟုတ်ပေမယ့် ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ တောင်း ဆိုလိုက်တဲ့ ချစ်သုဝေ
တနေ့တရက်တည်းနဲ့ပြီးသွားမယ့်အရေးမဟုတ်ပေမယ့် ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ တောင်းဆိုလိုက်တဲ့ ချစ်သုဝေ…
ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ချစ်သုဝေ ဟာလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သတ်ပြီး ထိပ်ဆုံးကနေ ပါဝင်လှုပ်ရှားနေတဲ့ အ နုပ ညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှု့တွေကြောင့် သူမကို ၅၀၅ ကနဲ့တရားစွဲဆိုထားပြီးတော့ ဘေးကင်းရာမှာ တိမ်းရှောင်နေရပါ တယ်။ ချစ်သုဝေ ဟာ တိမ်းရှောင်နေရင်းနဲ့ ကျရာတာဝန်ကို အဝေးတစ်နေရာကနေ ထမ်းဆောင်နေသူလဲ ဖြစ်ပါတယ်။
တော်လှန်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမဲ့ စကားဝိုင်းဆွေးနွေးခန်းတွေမှာလဲ ပါဝင်ဆောင်ရှက်နေတဲ့ အနုပညာရှင်မင်းသမီး လေး တစ်ဦးလဲ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၁၀ရက်နေ့ကတော့ လူ့အခွင့်အရေးနေ့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေညပိုင်းမှာတော့ မင်းသမီး ချစ်သုဝေ ဟာအခြားနာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့အတူတူ လူ့အခွင့်အရေးအတွက် ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။
မင်းသမီး ချစ်သုဝေ ဟာ ဒီဇင်ဘာ ၁၀ရက်နေ့မှာ ပြုလုပ်မယ့် Silent Strike ကို ပြည်သူတွေအားလုံးပါဝင်ဆောင်ရွက်ကြဖို့ အခုလိုပဲ တောင်းဆိုလိုက်ပါတယ်။ ” လာမယ့် ဒီဇင်ဘာ ၁၀ရက်နေ့ဟာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ထိုနေ့မှာ ကျွန်မတို့ဟာ ပျောက်ဆုံးနေတဲ့ ကျွန်မတို့ရဲ့ အခွင့်အရေးတို့ပြန်လည်ရှာဖွေရန် “ငြိမ်သက်ခြင်း သပိတ် – Silent Strike” နဲ့ ငြိမ်းချမ်းစွာ ပါဝင်တိုက်ပွဲပေးကြပါဖို့ မိဘ ပြည်သူများကို တိုက်တွန်းတောင်းဆိုပါတယ်။ တစ်ရက်တည်းနဲ့ တောင်းဆိုလို့ ရသွားမယ့်အရေးမဟုတ်တာသေချာပေမယ့် ပြည်သူတစ် ရပ်လုံးက မိမိတို့ရဲ့ဆန္ဒကို မိမိတို့ရတဲ့အခြေအနေကနေ ရတဲ့နေရာတိုင်း၊ ရတဲ့အချိန်တိုင်း၊ ရတဲ့ပုံစံတိုင်းကနေ တော်လှန်နေတယ်ဆိုတာ ပြသဖို့လိုအပ်ပါတယ်။
Advertisement
ကျွန်မတို့တွေ ဘာတွေ၊ ဘယ်လောက်ထိ ပေးဆပ်ဆုံးရှုံးနေရလဲ၊ ဘယ်လောက်ထိ အခွင့်အရေးတွေ ချိုးဖောက်ခံနေရသလဲ၊ သိပြီးကြ ပေမယ့် အသက်ပေး၊ လူပေး ဘာလို့တော်လှန်ရေးကို ဆက်လုပ်သင့်တာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ အခြေအနေတွေကို တော်လှန်ရေး ခေါင်းဆောင်များမှ “လူ့အခွင့်အရေးနေ့နှင့် 10D စကားဝိုင်း ဆွေးနွေးပွဲ”မှာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ” လို့ ဒီနေ့ည ဒီဇင်ဘာလ ၈ရက်နေ့ ည ၇နာရီခွဲတွင် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ပရိသတ်ကြီးရေ မင်းသမီး ချစ်သုဝေ ကတော့ ပြည်သူအားလုံးပါဝင်ကြဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ် ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
[zawgyi]
Advertisement
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*