3 Idiots ဇာတ်​ကားထဲက ပရိသတ်​ရင်​ထဲအ​ရောက်ခဲ့ဆုံး ​ပြောစကား များ

3 Idiots ဇာတ်​ကားထဲက ပရိသတ်​ရင်​ထဲအ​ရောက်ခဲ့ဆုံး ​ပြောစကား များ

3 Idiots ရုပ်​ရှင်​​ဆိုရင်​တော့ ရုပ်​ရှင်​ခ​ရေဇီဝါသနာအိုး​တွေတိုင်း ကြည့်​ရှုခဲ့ပြီးသားဖြစ်​မှာမို့ အထူးတလည်​ညွှန်းဆိုစရာမလို​လောက်​​အောင်​ ပညာ​ရေး အား​ပေးတဲ့ ဇာတ်​ကားဖြစ်​ခဲ့တာပါ။ ပညာ​ရေးရဲ့တကယ်​ရည်​ရွယ်​ချက်​အစစ်​အမှန်​ကို ထင်းထင်းလင်းလင်း မြင်​​အောင်​ ပြသခဲ့ပြီး ဇာတ်​ကားထဲက​နေ ကြည့်​ရှုသူ​တွေရင်​ထဲတိုးဝင်​လာခဲ့တဲ့ မှတ်​သားစရာ ​ပြောစကား​တွေ များစွာရှိခဲ့ပါတယ်​။ ဒီထဲက ပရိသတ်​ရင်​ထဲအ​ရောက်​ခဲ့​ဆုံး ​ပြောစကား​​တွေကို ပြောချင်လွန်းလို့ ပရိသတ်တွေ အတွက် ​​​ရွေးချယ်​တင်​ဆက်​​ပေးပါရ​စေ။

ငါတို့ငယ်​ငယ်​ကတည်းက ရိုက်​သွင်းခံခဲ့ရတာက ဘဝဟာ ယှဉ်​ပြိုင်​အနိုင်​လုပွဲဖြစ်​တယ်​ ဆိုတာပဲ။ အ​ပြေးပြိုင်​ပွဲမှာတစ်​ခုမှာ မင်းသာမြန်​မြန်​မ​ပြေးနိုင်​ရင်​ မင်းကို​ကျော်​နင်းပြီး ​ခြေမွသွားကြလိမ့်​မယ်​… ကိုယ့်​လူ။ ငာတို့​ကောင်​​တွေ​တောင်​ ဒီ​နေရာမှာလူဖြစ်​လာရဖို့ သုက်​ပိုးအ​ကောင်​​ရေ ၃သန်းနဲ့ အ​ပြေးအလွှား ယှဉ်​​ပြေးခဲ့ကြရတာမဟုတ်​ဘူးလား။
(ဖာရန်​)

ငါတို့အခု​ရောက်​​နေတာ ​ကောလိပ်​​ကျောင်း​လေကွာ။ ​လေလုံထမင်း​ပေါင်းအိုးမှ မဟုတ်​တာ။ ဆပ်​ကပ်​ပွဲ မှာ သခင်​လက်​ထဲက ကြာပွတ်​ကို မြင်​တာနဲ့ ခုံ​ပေါ်ထိုင်​ချပြနိုင်​တဲ့ ခြ​င်္သေ့ဆိုတာ ကျင့်​သားရ​နေ​တဲ့ ခြ​င်္သေ့ပဲဖြစ်​တယ်​။ တကယ်​တမ်း ဦး​နှောက်​ရှိတဲ့ခြ​င်္သေ့မဟုတ်​ဘူးကွ။
– ရန်​ချို

လောကရဲ့​နေရာတိုင်းဟာ သင်​ယူ​လေ့လာစရာ​တွေနဲ့ပြည့်​နှက်​​နေတယ်​။ ဘယ်​​နေရာက​နေမဆို အသိအလိမ္မာကိုရနိုင်​တယ်​။ ကြိုက်​တဲ့​နေရာကို ထွက်​သွားလိုက်​​တော့…. အခု ပညာသွားသင်​ယူလိုက်​​တော့။
– ရန်​ချို

အဲ့ဒီ​နေ့က လူတစ်​​ယောက်​ရဲ့စိတ်​အခံနဲ့ပတ်​သက်​ပြီး တစ်​စုံတစ်​ခုကို ​သိရှိခဲ့ရတယ်​။ တကယ်​လို့ မင်းသူငယ်​ချင်းသာ စာ​မေးပွဲကျခဲ့မယ်​ဆိုရင်​ မင်းအ​နေနဲ့စိတ်​မ​ကောင်းဖြစ်​မိလိမ့်​မယ်​။ ဒါ​ပေမယ့်​ သူသာ ပထမ ရခဲ့ရင်​​တော့ မင်းက​ ပို​တောင်​မှ စိတ်​ပျက်​လက်​ပျက်​ဖြစ်​ရလိမ့်​မယ်​ ဆိုတာပါပဲ။
– ဖာရန်

ဆရာ… အဆင့်​ ၁ ဆိုတာ ဘယ်​​လောက်​အ​ရေးကြီးလို့လဲ ဆရာ။ အခု ​ကျောင်းမှာ ကျွန်​​တော်​တို့ အ​တွေးအ​ခေါ်အသစ်​​တွေကို ​ဆွေး​နွေးတာမျိုးမလုပ်​ရဘူး။ ဘယ်​လိုအသစ်​​တွေ တီထွင်​ဖန်တီး​ရမလဲ မစဉ်းစားကြရဘူး။ တစ်​ခါလာလည်း အဆင့်​​ကောင်း​ကောင်းရဖို့၊ နိုင်​ငံခြားမှာ လခ​ကောင်းတဲ့အလုပ်​ရဖို့… ဒါ​တွေပဲ အချိန်​ပြည့်​ကြား​နေရတယ်​။ ကျွန်​​တော်​တို့ဘာမှ တကယ်​မတတ်​လာဘူး ဆရာ။ အဆင့်​​ကောင်း​ကောင်းရဖို့ပဲ ​နေ့တိုင်း​ပြော​နေကြတယ်​။
– ရန်​ချိ

” လကမ္ဘာ​ပေါ် ဘယ်​သူအရင်​ဆုံး​ရောက်​တာလဲ လူတိုင်း​​သိကြတယ်​​​နော်​… ​နေးလ်​အန်းစထ​ရောင်း​ပေါ့။ ဟုတ်​ပြီ… ဒါဆို ဒုတိယ​မြောက်​​ရောက်​ခဲ့တာ ဘယ်​သူလဲဆိုရင်​ ဘယ်​သူ​ဖြေနိုင်​လဲ။ ဟုတ်​ပြီလား အချိန်​ကိုဖြုန်းမ​နေနဲ့​တော့။ ဒုတိယဖြစ်​သွားတာနဲ့ မင်းကိုဘယ်​သူမှစိတ်​မဝင်​စား​တော့ဘူး။ ”
– ဗိုင်းရပ်​စ်

ကျွန်​​တော်​​အောင်​မြင်​သွားရင်​​တော့ ကိုယ့်​အစွမ်းအစ​ကြောင့်​လို့ ရဲရဲ​ပြောချင်​ပါတယ်​။ အစွမ်းအစမရှိပဲနဲ့​တော့ ကျွန်​​တော်​ မ​အောင်​မြင်​ရလည်း အ​ဆင်​​ပြောပါတယ်​။
– ရာဂျူး

ZAW (H2H)

Comments are closed.