ထွက်သွားတဲ့ အနုပညာရှင်တွေ ပြန်ဝင်ချင်လည်းရတယ်ဆိုတဲ့ ဦးဝင်းငြိမ်း

ထွက်သွားတဲ့ အနုပညာရှင်တွေ ပြန်ဝင်ချင်လည်းရတယ်ဆိုတဲ့ ဦးဝင်းငြိမ်း

ဦးဝင်းငြိမ်းကတော့ Star Award ဆုပေးပွဲကြီးရဲ့ ဥက္ကဌတစ်ဦးဖြစ်သလို Star Award ရဲ့ တာဝန်အရှိဆုံးသူလို့ပရိသတ်က သတ်မှတ်ထားခြင်းခံရသူလည်းဖြစ်ပါတယ်။ Star Award နဲ့ပတ်သက်ပြီး SMS မှာ ပိုက်ဆံကိစ္စပေါ်လာလို့ အနုပညာရှင်တွေက နှုတ်ထွက်နေကြသလို လူမှုကွန်ယက်မှာလည်း လူပြောများနေတဲ့ကိစ္စကို ဦးဝင်းငြိမ်းက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေရှင်းသွားခဲ့ပါတယ်။

ဦးဝင်းငြိမ်းက Star Award မှာ SMS ကိစ္စထည့်သွင်းထားရတဲ့ရည်ရွယ်ချက်ကို “Star Award လုပ်မယ်ဆိုတဲ့အကြောင်း စာနယ်ဇင်းပွဲလုပ်တုန်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို သိန်းတစ်ရာလှူခဲ့တယ်။ ကိုလူချောအဖွဲ့ကိုဆယ်သိန်းလှူခဲ့တယ်။ ဆေးရုံတက်နေရတဲ့ ကစ်ကစ်အတွက်လှူခဲ့တယ်။ဆုံးသွားတဲ့ ကိုမင်းစိန်အတွက်လည်းလှူခဲ့တယ်။ အဲဒီလိုလှူခဲ့ပေမယ့် အမေများအဖွဲ့ပါမသွားဘူး။ အဲဒါကြောင့် ဒီတစ်ခါရရင်တော့ အမေများအဖွဲ့ကို လှူမယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ ထုတ်မပြောတာက surprise ဖြစ်စေချင်လို့၊ ဆုအသီးသီးရတဲ့အခါမှာပျော်ကြသလို အမေများအဖွဲ့ကို လှူမယ်လို့ပြောတဲ့အခါ ပျော်စေချင်လို့ ထည့်မရေးထားမိဘူး”လို့ရှင်းပြထားပါတယ်။

အနုပညာရှင်တွေနှုတ်ထွက်တဲ့အပေါ်မှာလည်းနားလည်ကြောင်း “အနုပညာရှင်တွေက သူတို့ fans တွေက SMS နဲ့ voting ပေးတဲ့အခါ တစ်စောင်ကို ဆယ့်ငါးကျပ်ကုန်မှာမို့လို့ သူတို့ပရိသတ်တွေကို ပိုက်ဆံမကုန်စေချင်ကြဘူး။ ဦးတို့မှာ လှူချင်တဲ့ဆန္ဒပဲရှိတယ်။ အဲဒါကြောင့် SMS စနစ်ကိုဖျက်လိုက်တယ်။ ရိုးရိုး page မှာပဲ ဦးတို့ Star Award Page မှာပဲ လာပြီးတော့ vote လုပ်ဖို့ပြင်ထားပါတယ်”လို့ ပြောထားသလို ထွက်ထားတဲ့အနုပညာရှင်တွေ ပြန်ဝင်ချင်လည်းရကြောင်း “အနုပညာရှင်တွေထွက်ကြတာက SMS ကြောင့်ထွက်တာပါ။ Star Award ကြောင့်ထွက်တာတော့ မဟုတ်ပါဘူး။ သူတို့ပြန်ဝင်ချင်လည်းဝင်လို့ရတယ်။ မဝင်ချင်လည်း ဒီတိုင်းထွက်နေမယ်ဆိုလည်းရတာပဲ။ကြိုက်သလိုဆုံးဖြတ်လို့ရတယ်”လို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် လူတွေကအထင်အမြင်လွဲနေကြတဲ့အပေါ်ကိုလည်း ဦးဝင်းငြိမ်းက “ဘာမှတော့မဖြစ်ပါဘူး။ ကိုယ်ကစေတနာနဲ့လုပ်တာပဲ။သူတို့က မှားတယ်လို့ယူဆတယ်ဆိုရင်လည်းအဲဒီအမှားကို ဘာကြောင့်မှားတယ်ဆိုတာ ထုတ်ပြောပြီးပြီလေ”လို့ ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Star Award ဆုပေးပွဲကြီးကိုအားပေးကြမှာလား။ ဒီလိုဆုတွေပေးတဲ့အတွက်ရော ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေအတွက်ဝမ်းသာကြလား။ Voting ရော သွားပေးပြီးကြပြီလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Comments are closed.